
ကလေးငယ်လေးများ အနနဲ့မေွးကာစ ကတညး်က စကားပြောတတ်နေမယ်ဆိုရင်တော့ မေမေတို့ ဖေဖေတို့ က ကလေးငယ်လေးရဲ့လိုအပ်ချက်များကို အလွယ်တကူ ဖြည့်တင်းပေးနိုင်မှာပါ။ ကလေးငယ်လေးများ အနေနဲ့ အဆင်မပြေခြင်းများကို ငိုခြင်းနဲ့ပဲဖော်ပြနိုင်တဲ့ အတွက် ဖေဖေမေမေ တို့လည်း အခက်တေွ့ကြမှာပါ။ ထို့အတွက် ကလေးငယ်လေးတေွရဲ့ ငိုသံကိုလိုက်ပြီး သူတို့လေးတေွ ဘာတေွ လိုအပ်နေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

"နာ့" ကလေးငယ်လေးဟာ နငယ် အသံထွက်နေတယ်ဆိုရင် ကလေးငယ်လေးရဲ့ လှျာဟာ ပါးစပ်ရဲ့အမိုးကို ထိနေတာဖြစ်ပါတယ်။ ကလေးငယ်လေးဟာ အစာတောင်းနေတာဖြစ်ပြီး တစ်ခုခုစုပ်သော အသံကနေလာတာဖြစ်ပါတယ်။ ကလေးလေးက နို့ကိုလိုက်ရှာနေတာဖြစ်ပြီး ကလေးငယ်လေးဟာ လူးလွန့်နေပြီး လက်သီးကိုလည်း စုပ်နေနိုင်ပါတယ်။

"အို့" လို့အသံထွက်နေပြီဆိုရင် ကလေးငယ်လေးသန်းခြင်းကြောင့်ဖြစ်လာတဲ့ အသံဖြစ်ပါတယ်။ အသံတေွ ထဲမှာသော သိသာထင်ရှားတဲ့အသံဖြစ်ပါတယ်။ ကလေးငယ်လေးဟာ အရမ်းတက်ကြွလွန်ပြီး ပင်ပန်းနေပြီဖြစ်ပါတယ်။ ကလေးငယ်ဟာ သူ့ နားရွက်သူ ဆွဲနေတာ မျက်လုံးတေွပွတ်နေတာ၊ ကိုလည်းတွဲပြီးတေွ့နိုင်ပါတယ်။

"အေး" လို့အသံပေးနေပြီဆိုရင်တော့ ကလေးငယ်လေး မငိုခင်ဖော်ပြတဲ့ အသံလေးဖြစ်ပါတယ်။ ကလေးငယ်လေးရဲ့ ဗိုက်ထဲမှာ လေများနဲ့ တင်းကြပ်နေပြီး လေးထုတ်ပေးရန်လိုနေလို့ပါ။ ကလေးငယ်ကို နို့တိုက်ပြီးချိန်မှာ ကျောပြင်လေးကို ဖိပြီး လေထုတ်ပေးရပါတယ်။ "ဟက်" ကလေးငယ်လေးဟာ ဟ အသံထွက်နေတာဆိုရင်တော့ သူ့ရဲ့ အထိအတေွ့နဲ့ ပတ်သက်ပြီး အဆင်မပြေခြင်းကို ဖော်ပြချင်လို့ဖြစ်ပါတယ်။ ကလေးငယ်လေးဟာ သေးခံလဲဖို့လိုတာ၊ အေးလွန်းတာ၊ ပူလွန်းတာ ကို ခံစားနေရတာဖြစ်ပါတယ်။ အဲ့ အချိန််မျိုးမှာ နို့တိုက်ခြင်းကိုလည်း ငြင်းဆန်လာပါလိမ့်မယ်။

"အယ်" ကလေးငယ်လေးဟာ အ အသံထွက်နေပြီဆိုရင် လေလည်ချင်နေတာဖြစ်နိုင်ပါတယ်။ ကလေးငယ်လေးဟာ သူ့ခြေထောက်ကို ဗိုက်ဘက်ပိုင်းဆီကို ဆွဲနေတာကိုပါတွဲပြီးတေွ့နိုင်ပါတယ်။ မေမေများလည်း ဖော်ပြပါ အသံလေးများကို လေ့လာပြီး ကလေးများရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့မေှျာ်လင့်ပါတယ်နော်။
#MiGi