စျေး မီဒီယာ
အခြား

ခံတွင်းမြိန်စေမယ့် ချိစ်အာလူူးလုံးပြုလုပ်နည်း ..

Posted by Harry June 28, 2018
Zn9j269ida36aayo6u3x

မေမေတို့ရေ ဒီကနေ့မှာတော့ သားသားမီးမီးတို့လည်းသဘောကျ၊ ကျောင်းသွားတဲ့အခါမှာလည်း ထမင်းဗူးလှအောင်ပြင်ဆင်ပေးနိုင်မယ့် ချိစ်အာလူးလုံးပြုလုပ်နည်းလေးကို မေမေတို့အတွက် မှျဝေပေးလိုက်ပါတယ်နော်။ စားလို့လည်းကောင်းပြီး တစ်မိသားစုလုံးအကြိုက်တေွ့စေနိုင်မှာလည်းဖြစ်ပါတယ်။

ပါ၀င်ပစ္စည်းများ ...
- အာလူး ... အရွယ်တော် ၅ လုံး
- ချိစ်တုံး ... ခြစ်ပြီးသားပန်းကန်လုံးတစ်လုံး
- ပြောင်းဖူး ... ပြုတ်ခြေွှပီးသား စားပွဲဇွန်းနှစ်ဇွန်း
- မုန်လာဥနီ ... အခွံခွာခြစ်ပြီးသား စားပွဲဇွန်း ၂ ဇွန်း
- အိုင်အိုဒင်းဆား ... လက်ဖက်စားဇွန်းတစ်ဇွန်း
- သကြား ... အနည်းငယ်
- မဆလာ ... အနည်းငယ်
- အကြော်မှုန့် ... အထုပ်လတ်တစ်ထုတ်
- မုန့်ကပ်ပေါင်မုန့်ခြောက် ... တစ်ထုတ်
- စားသုံးသံလွင်ဆီ ... ငါးကျပ်သား

ပြင်ဆင်ပြုလုပ်နည်း ..
- ဦးစွာ အာလူးကိုပြုတ်ပါ။ ပြီးလှျင် အခွံခွာပြီး ချေပေးပါ။
- ချေထားသည့်အားလူးထဲသို့ ချိစ် ပန်းကန်လုံးသုံးပုံတစ်ပုံခန့်ထည့်ပါ။
- မုန်လာဥနီ၊ ပြောင်းဖူးထည့်ပါ။
- အိုင်အိုဒင်းဆား၊ သကြား၊ မဆလာထည့်ပါ။ အကြော်မှုန် စားပွဲဇွန်း ၂ ဇွန်းထည့်ပါ။
- ပြီးလှျင် အားလုံးရောပြီးသမအောင် ဖျစ်မေွှပေးပါ။
- ရောသမပြီးအာလူးများစေးသွားပါကအနည်းငယ်ဆီယူပြီး အထဲတွင် ချိစ်အနည်းငယ်စီထည့်ကာ အရွယ်တော်အလုံးလေးများလုံးပေးပါ။
- ပြီးလှျင် အကြော်မှုန့်ကို ရေအနည်းငယ်ရောပြီး မပျစ်မကျဲအနေအထားပြုလုပ်ပေးပါ။
- လုံးထားသည့်အာလူးအရောလုံးများကို အကြော်မှုန့်ရည်ထဲထည့်ပြီး မုန့်ကပ်ပေါင်မုန့်ခြောက်ကပ်ပေးပါ။
- ပြီးပါက အိုးသန့်သန့်ထဲသို့ ဆီထည့်ပြီး ဆီပူလာပါက မုန့်ခြောက်ကပ်ထားသည့်ချိစ်အာလူးလုံးများကို ထည့်ပြီးကြော်နိုင်ပါပြီ။
- အာလူးလုံးလေးများရဲလာပြီး စားသုံးရန်အသင့်ဖြစ်ပါက မီးဖိုပေါ်မှချဆီစစ်ပြီး သားသားမီးမီးတို့အတွက် ပြင်ဆင်ပေးနိုင်ပါပြီ။

မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.