
မေမေတို့ရေ ကိုယ်ဝန်ဆောင်မိခင်ဘဝ၊ သားသားမီးမီးလေးတေွ ၀မ်းဗိုက်ထဲမှာ ရှိနေစဉ်အချိန်မှာကတည်းက မေမေတို့က သားသားမီးမီးလေးတေွကို ဂီတနဲ့မေွ့လျော်စေဖို့ ပြုလုပ်ပေးနိုင်ပါတယ်။ ဉာဏ်ပိုကောင်းပြီး ထက်မြက်တဲ့ သားသားမီးမီးလေးတေွှဖစ်စေဖို့အတွက်ဆိုရင် မေမေ့ဗိုက်ထဲမှာရှိနေချိန် ကိုယ်ဝန်ဆောင်ဘဝမှာကတည်းက သားသားမီးမီးလေးတေွရှိမယ့် ၀မ်းဗိုက်မှာ သီချင်းလေးတေွဖွင့်ပြနားထောင်ပေးဖို့လိုပါတယ်တဲ့။
မေမေတို့သတိထားရမှာကတော့ သီချင်းလေးတေွကို ဖွင့်ပြတဲ့အခါမှာ ငြိမ့်ညောင်းတဲ့သံစဉ်မျိုးလေးတေွတော့ ဖြစ်ဖို့လိုပါတယ်နော်။ ဆူညံတဲ့ဂီတသံစဉ်တေွမဖြစ်ဘဲ သာယာနာပျော်ဖွယ်သံစဉ်တေွကိုတော့ မေမေတို့က ရေွးချယ်ပေးဖို့လိုပါတယ်။
နောက်ပြီး ကိုယ်ဝန်ဆောင်ဘဝမှာ ပျော်ရွှင်ဖွယ်ဇာတ်လမ်းတေွ၊ ပျော်ရွှင်စရာကောင်းတဲ့ ကြည်နူးဖွယ်ရာစာအုပ်တေွကို မေမေတို့က ကြည့်ရှု ဖတ်ရှုပေးရပါမယ်။ ထိတ်လန့်ကြောက်ရွံ့ဖွယ်၊ စက်ဆုပ်ဖွယ် ဇာတ်လမ်းတေွ၊ စာအုပ်တေွကိုတော့ လုံးဝမဖတ်မိအောင်ရေှာင်ကျဉ်ပေးဖို့လိုပါတယ်နော်။ ကိုယ်ဝန်ဆောင်ဘဝ ၀မ်းဗိုက်တွင်းက သားသားမီးမီးလေးတေွကို သီချင်းနားထောင်စေရာမှာတော့ ကိုယ်ဝန် ရ လလောက်မှာ စတင်ဆောင်ရွက်လို့ရပါပြီနော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)