အားလုံးဘဲ မင်္ဂလာပါရှင့် ညီမမှာတော့ အင်မတန်အဆော့သန်တဲ့ တူမလေးတစ်ယောက်ရှိပါတယ်
အခုတော့ KG တန်းတက်နေပါပြီ
ညီမစိုးရိမ်တာလေးတစ်ခုက သူကငယ်ငယ်ရေနေွးပူလောင်ထားလို့ ဘယ်လက်လက်ကလေးနှစ်ချောင်း မသိမသာပူးနေပါတယ် ဆရာဝန်ကတော့ ခွဲစိတ်ဖို့မလိုဘူးဆိုပင်မဲ့ ကြီးလာရင် ရှက်မလားဆိုပြီး လက်ကလေးကို ခွဲရင်ကောင်းမလား
ဒီအတိုင်းဘဲနေရမလား အကြံပေးကြပါဦးရှင့်
ပြီးတော့ အဆော့သန်တဲ့မီးမီးသားသားလေးတေွကိုလည်း ရေနေွးပူနဲ့ဝေးရာမှာထားပေးဖို့ သတိပေးပါရစေရှင့် မီးမီးရှစ်လသားအရွယ်မှာ ခလေးကရေကြိုက်တော့ ရေခွက်မြင်တာနဲ့ လက်ထည့်ပြီးအေးတာသဘောကျမိတယ်ပေါ့ အာ့နေ့က အိမ်ကအကူကောင်မလေးက ရေနေွးနဲ့ဆေးသောက်ဖို့ ရေနေွးခွက်ချထားပြီး ဆေးသွားယူတာ မီးမီးက လက်နှုိက်မိလိုက်လို့ ဖြစ်သွားတာပါရှင့် ဆေးခန်းသွားပင်မဲ့ ဆရာဝန်က အပူလောင်တဲ့လက်ကလေးပူးပြီးပတ်တီးစည်းဆေးထည့်ပေးလိုက်လို့ လက်ကလေးမသိမသာပူးသွားတာ ခလေးတို့မေမေတေွလည်း အိမ်အကူနဲ့မထားဘဲ သတိထားကြပါနော် ကျေးဇူးပါရှင့်