
ကလေးငယ်လေးများကို အသက် ၆ လသားအထိ မိခင် နို့ရည်တစ်မျိုးတည်းကို တိုက်ကျေွးရုံနဲ့ ကလေးငယ်အတွက် လိုအပ်သော အာဟာရများကို ဖြည့်တင်းပေးနိုင်ရုံသာမက ကလေးငယ်များကို ရောဂါပိုးမွှားများရန်မှ ကာကွယ်ရန်အတွက်လိုအပ်သော အာဟာရဓာတ်များကိုပါ ဖြည့်တင်းပေးနိုင်ပါသေးတယ်။ ကလေးငယ်ဟာ ၆ လသားကျော်လာရင်တော့ မိခင်နို့ရည်တစ်မျိုးတည်း တိုက်ကျေွးခြင်းက မလုံလောက်တော့ဘဲ ဖြည့်စွတ်စာများ စတင်ကျေွးပေးဖို့လိုအပ်လာပါပြီ။ ကလေးငယ်လေးများသွားမပေါက်သေးချိန်မှာလည်း စားသုံးနိုင်တဲ့ အစားအစာ များကို ဖော်ပြပေးလိုက်ပါတယ်။

ကလေးငယ်လေးများကို ဆော်လမွန်ငါးကျေွးလို့ရပါတယ်။ ဆော်လမွန်ငါးရဲ့ အသားက နူးညံ့တဲ့ အပြင် အလွယ်တကူချေမွနိုင်တဲ့ အတွက် ကလေးများနဲ့ သင့်တော်ပါတယ်။ တူနာငါးကလည်း ငါးအရိုးများနွင်ပြီး ကလေးငယ်ကို အလွယ်တကူကျေွးနိုင်တဲ့ ငါးတစ်မျိုးပါပဲ။ ကြက်သားကို လည်း နွင်ပြီး တစ်မျိုး ကြိတ်ပြီး တစ်မျိုးကျေွးနိုင်ပါသေးတယ်။ အသားများက ချက်ပြုတ်ပြီးချိန်မှာ ကလေးငယ်အတွက် စားသုံးရလွယ်ကူစေပြီး ကလေးငယ်လည်း အရသာကို အကြိုက်တေွ့မှာပါ။

ကလေးငယ်လေးများဟာ ပင်လယ်စာနဲ့ ဓာတ်မတည့်ခြင်းမျိုးမရှိရင်လည်း တစ်ခါတစ်လေ ကျေွးပေးနိုင်ပါသေးတယ်။ ပေါင်မုန့်ချပ်လေးများကလည်း နူးညံ့တဲ့ အတွက် ကျေွးပေးနိုင်သလို အုတ်ဂျုံကလည်း အစာချေဖျက်ရန်လွယ်ကူတဲ့အတွက် နို့နေွးနေွးလေးများနဲ့ တွဲကျေွးပေးနိုင်ပါတယ်။ ဘီစကစ်လေးများကို လည်း ကလေးလေးတေွ ကြိုက်နှစ်သက်ကြမှာပါ။ ကလေးလေးများကို အဆာပြေ အလွယ်တကူကျေွးနိုင်သလို ပြင်ဆင်ရလည်း လွယ်ကူစေမှာပါ။

ပေါင်မုန့်မီးကင်ကိုလည်း ကျေွးပေးနိုင်ပါသေးတယ်။ ပေါင်မုန့် ကိုကြက်ဥသုတ်ပြီး ထောပတ်လေးနဲ့ မီးကင်ပြီး ကလေးလေးတေွကို ကျေွးရင်ကြိုက်နှစ်သက်ကြမှာပါ။ ထောပတ်သီးနဲ့ ငှက်ပျောသီးများကလည်း နူးညံ့သော အသီးအနှံများဖြစ်တဲ့ အတွက် ကလေးငယ်များ စားသုံးရာ၌လည်း အရသာနှင့် ပြည့်စုံရန် မစ်ရှိတ်လုပ်ပြီးကျေွးပေးနိုင်ပါသေးတယ်။ဒိုးနက်မုန့် အသားကလည်း နူးညံ့တဲ့ အတွက် ကလေးငယ်လေးကို ကျေွးနိုင်သလို ခရမ်းချဉ်သီးကလည်း အစာချေဖျက်ခြင်းကို ကောင်းမွန်စေတဲ့ အတွက် အမွှာလေးတေွ လုပ်ပြီးလည်း ကျေွးနိုင်ပါသေးတယ်။
MiGi