စျေး မီဒီယာ
အခြား

ချပါတီ နဲ့ မဆလာခရမ်းချဉ်သီးချက်

Posted by Zaw Lin Aung October 1, 2019
Wqsv1bzztx5hf7jm0oos

ပူရီ၊ တိုရှည်၊ ပလာတာတို့ကို စားတဲ့အခါ ပဲဟင်း၊ အာလူးဟင်းတို့အပြင် အရန်ဟင်း ဖြစ်တဲ့ ချပ်တနီး (Chutney) နဲ့ စားမှ အရသာဟာ ပြည့်စုံပါတယ်။ အဲဒါကြောင့် ကြက်သွန်များများ၊ ခရမ်းချဉ်သီးနဲ့ချက်ထားတဲ့ Onion Tomato Chutney လို့ခေါ်တဲ့ မဆလာ ခရမ်းချဉ်သီးချက် ချက်နည်းလေးကိုပါ ရေးထားပေးပါတယ်။ ချပါတီက မြန်မာအစားအစာ မဟုတ်ပေမယ့် ကျွန်တော်တို့မိသားစုအတွက်ကတော့ မစိမ်းပါဘူး။ ဘာလို့လည်းဆိုရင် ကျွန်တော်တို့ငယ်ငယ်ကတည်းက အိမ်မှာ ထမင်းနဲ့ဟင်း စားရတာ ရိုးအီနေပြီဆိုရင် ချပါတီ လုပ်စားလေ့ရှိပါတယ်။ အသား တလိမ့်တုံးအစား ဖန်ပုလင်းအခွံနဲ့လှိမ့်ပြီးတော့ ချပါတီကို လုပ်စားခဲ့ကြတာကို အမြဲသတိရနေမိပါတယ်။

Znvcfdgpvexlzinjbkbh

မဆလာ ခရမ်းချဉ်သီးချက်အတွက် ပါဝင်ပစ္စည်းများ
-----------------------------------------------------

ခရမ်းချဉ်သီး - ၃၀ ဂရမ် (အတုံးသေးသေးတုံးထားပါ)
ကြက်သွန်နီ - ၁၅၀ ဂရမ် (ပါးပါးလှီးထားပါ)
ပျဉ်းတော်သိမ် - ၂ ခက်
မုန်ညင်းစေ့ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဇီရာ - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
နံနံစေ့မှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
မဆလာ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆီ - စားပွဲဇွန်း ၄ ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ - စားပွဲဇွန်း ၁၂ ဇွန်း

Gerrlejsek6tqyhqkliq

မဆလာ ခရမ်းချဉ်သီးချက် ပြုလုပ်နည်း
-----------------------------------------

၁။ အရင်ဦးဆုံး ဇီရာ၊ ပျဉ်းတော်သိမ်နှင့် မုန်ညင်းစေ့ကို ဆီ စားပွဲဇွန်း ၄ ဇွန်း နဲ့ ဆီသတ်ပါ။
၂။ ပြီးလျှင် ကြက်သွန်နီထည့်ပြီး ကြက်သွန်နီပျော့လာသည် အထိ ဆီသတ်ပါ။
၃။ ခရမ်းချဉ်သီးနှင့် ငရုတ်သီးမှုန့်ထည့်ပြီး ခရမ်းချဉ်သီး နွမ်း သည်အထိ ချက်ပါ။
၄။ ပြီးလျှင် ရေ၊ ဆား၊ မဆလာနှင့် နံနံစေ့မှုန့်တို့ကို ထည့်ပြီးတော့ ချက်ပါ။

Xjlmgawpszvcbdczq01f

ချပါတီအတွက် ပါဝင်ပစ္စည်းများ
---------------------------------

ဂျုံမှုန့်အကြမ်း - ၃ ခွက် (၄၅၀ ဂရမ်) (Atla Flour or Whole Wheat Flour)
ဆား - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ဆီ - စားပွဲဇွန်း ၃ ဇွန်း
ရေ - ၁၇၅ မီလီလီတာ

D3qrtswmkn3lnffpql4x

ချပါတီ ပြုလုပ်နည်း
--------------------

၁။ အရင်ဦးဆုံး မုန့်နယ်မယ့် ဇလုံထဲ ဂျုံမှုန့်၊ ဆားနှင့် ဆီတို့ကိုထည့်ပြီးတော့ နယ်ပါ။
၂။ ပြီးလျှင် ရေနည်းနည်းချင်းထည့်ပြီး နယ်ပါ။ မုန့်နယ်တဲ့ဇလုံထဲမှာ လုံးဝ ဂျုံမှုန့် မကျန်တော့လျှင် မုန့်သားကို ဆီသုတ်၍ အဖုံးဖုံးပြီး မိနစ်၂၀ ခန့် နှပ်ထားပါ။
၃။ ပြီးလျှင် ဂျုံဖြူးထားတဲ့ စားပွဲပေါ်မှာ မုန့်သားကို အရှည်ရအောင် လက်ဖြင့် လှိမ့်ပါ။
၄။ မုန့်သားအရှည်ရလျှင် ၁၂ ပိုင်းဖြတ်ပါ။ ပြီးလျှင် တစ်ပိုင်းစီကို လက်ဖြင့် ပြန်လုံးပါ။
၅။ အားလုံး လုံးပြီးလျှင် မုန့်သားတစ်လုံးကိုယူပြီး လက်ဖြင့် အဝိုင်းပုံရအောင် ဖိပေးပါ။
၆။ ပြီးလျှင် တလိမ့်တုံးနဲ့ စက်ဝိုင်းပုံရအောင် လှိမ့်ပြီး ဆီနည်းနည်းသုတ်ထားတဲ့ မကပ်တဲ့ဒယ်အိုးထဲမှာ ထည့်ပြီးတော့ ကင်ပါ။
ရ။ ၂ မိနစ်ခန့် ကင်ပြီး၍ မုန့်သားနည်းနည်း ခြောက်လာလျှင် နောက်တစ်ဖက်လှန်ပြီးတော့ ကင်ပါ။ မုန့်သားရဲ့အောက်ဘက်ပိုင်းမှာ အညိုရောင်အစက်လေးများမြင်ရလျှင် ချပါတီ ကျက်ပါပြီ။
၈။ ချပါတီကို မဆလာအာလူးဟင်း ၊ ကုလားပဲဟင်း ၊ မဆလာခရမ်းချဉ်သီးချက်တို့နှင့် တွဲပြီး သုံးဆောင်နိုင်ပါတယ်။
#Ref(မြင့်ဦးသာ - ချပါတီနဲ့ မဆလာခရမ်းချဉ်သီးချက် ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.