မေမေတို့ရေ အချို့ကိုယ်ဝန်ဆောင် မိခင်တေွဟာ လမစေ့ဘဲ ကလေးကို မေွးတတ်ကြပါတယ်။ ၃ရ ပတ်ပြည့်ပြီး၊ ၃၈ ပတ်ဆိုရင်တော့ လပြည့်တယ်လို့ ခေါ်ပါတယ်။ အကြမ်းအားဖြင့်တော့ လမစေ့ဘဲမေွးတယ်ဆိုတာ (၇)လ၊ ကိုယ်ဝန်စရှိကတည်းက ၂၈ ပတ်မှာမေွးတာကို ပြောတာပါ။ ၂၈ ပတ် မပြည့်ရင် တော့ လမစေ့ တဲ့ အထဲမှာတောင် တော်တော်နုတယ်လို့ ပြောရပါမယ်။
လမစေ့ဘဲ မေွးတယ်ဆိုတာကတော့ အဓိကကတော့ မိခင် အပေါ်မှာ မူတည်ပါတယ်။မိခင်ရဲ့ အာဟာရဓာတ် ဖွံ့ဖြိုးမှု အပေါ်မှာလည်း မူတည်ပါတယ်။
ကလေးအကြောင်းလည်းဘာမှ မသိ၊ နားမလည်ဘူး၊ အဲဒါအပြင် အာဟာရဓာတ်ကလေးက ချို့တဲ့ဦးမယ်ဆိုရင်လည်း ကလေးက လမစေ့ဘဲ မေွးနိုင်ပါတယ်။
နောက်တစ်ခုက မေမေတို့မှာ နှလုံးရောဂါတို့၊ ဆီးချိုရောဂါ၊ နာတာရှည်ရောဂါ ရှိနေရင်လည်း ကလေးဟာ လမစေ့ဘဲ မေွးနိုင်ပါတယ်မေမေတို့ရေ…။
အလုပ်ကြမ်းတေွ လုပ်နေရတဲ့ မိခင်တေွလည်း မေွးနိုင်ပါတယ်။ အလုပ်လုပ်ရတဲဲ့ မိခင်တိုင်းတော့ မဟုတ်ဘူးပေါ့နော် များသောအားဖြင့်တော့ တေွ့ရတတ်တာပါ။
အချို့ကြတော့လည်း ကလေးများများမေွးတဲ့ မိခင်တေွ အပေါ်မှာ ဖြစ်တတ်ပြန်ရော။ ကလေး ဘယ်နှယောက် မေွးဖူးလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။
ကလေးအများကြီးမေွးဖူးတဲ့မေမေတို့က တဖြည်းဖြည်းနဲ့ သားအိမ်က ပိုပိုပြီးတော့ အားနည်းလာတယ်။ သားအိမ်အနေအထားက လျော့ရဲလာပြီး နောက်ပိုင်းမှာ လမစေ့ ပေါင်မပြည့် ကလေးတေွ မေွးလာနိုင်ပါတယ်။
နောက်တစ်ခုက သားအိမ်ဝအားနည်းတာပေါ့၊ အချို့မိခင်တေွမှာဆိုရင် သားအိမ်ဝဟာ အင်မတန်ကို အားနည်းနေတဲ့ သဘောရှိပါတယ်။ သားအိမ်ဝအားနည်းတဲ့ အခါကြတော့ သားအိမ်က မလုံဘူးလေ၊ သားအိမ်မလုံတဲ့ အခါမှာ လမစေ့တဲ့ကလေးတေွ မေွးလာနိုင်ပါတယ်။
ဒါကြောင့် မေမေတို့လည်း လမစေ့ တဲ့ ကလေးတေွ မေွးမလာဖို့ ကျန်းမာရေး အသိနဲ့ ကြိုတင်ကာကွယ်ကြပါနော်။
Ref May Yin Thway magazine