မေမေတို့ရေ သားသားမီးမီးလေးတွေ သွားပေါက်ခါနီးအချိန်နဲ့ သွားလေးတွေစတင်ပေါက်စပြုချိန်မှာ ကလေးတွေက သွားယားတတ်တာမျိုးကြုံရတတ်ပါတယ်နော်။ ဒီလိုသွားစပေါက်တတ်တဲ့အချိန်လေးတွေက အသက် ၅ လကနေ ၆ လကြားအတွင်းမှာဖြစ်တတ်ပါတယ်။ (ကလေးတစ်ဦးနဲ့တစ််ဦး ဖွံ့ဖြိုးမှုမတူညီတဲ့အတွက် အချို့တွေကတော့ ၁၀ လဝန်းကျင်လောက်မှသာ သွားပေါက်သူတွေလည်း ရှိတတ်ပါတယ်။)
သားသားမီးမီးသွားပေါက်ဖို့အစပျိုးချိန်နဲ့ သွားပေါက်စအချိန်တွေမှာတော့ သွားဖုံးယားယံမှုကြောင့် ကလေးတွေက နီးစပ်ရာအရာဝတ္တုတွေကို ဆွဲယူပြီးကိုက်နေတတ်ပါတယ်။ အဲ့ဒီအတွက် ဒီအရွယ်မှာ ကလေးတွေကို သွားကိုက်တဲ့ teether လေးတွေကို ဝယ်ယူပေးထားဖို့လိုအပ်ပါတယ်နော်။ နောက်ပြီးကလေးတွေရဲ့သွားလေးတွေ လှပနေစေဖို့အတွက် ငယ်စဉ်ကတတည်းက မေမေတို့က ဂရုစိုက်ပေးဖို့လည်းလိုပါတယ်။ သွားစပေါက်ပြီဆိုတဲ့အချိန်မှာကတည်းက သွားကျန်းမာရေးကို ဂရုစိုက်ပေးဖို့လိုပါတယ်။ သွားတိုက်တာကိုတော့ သွားတစ်ချောင်းစပေါက်ပြီဆိုကတည်းက အလေ့အကျင့်ပြုလုပ်ပေးထားနိုင်ပါတယ်။ ကလေးတွေကို အသက် ၆ လပြည့်လို့ ဖြည့်စွက်စာတွေကျွေးပြီဆိုတဲ့အချိန်မှာကတည်း ငယ်စဉ်ဘဝတစ်လျှောက်လုံး အချိုတွေကို အလွန်အကျွံမစားမိစေဖို့ မေမေတို့က ဂရုတစိုက်နဲ့ထိန်းသိမ်းပေးဖို့အတွက် ကျားလေးကမျှဝေအကြံပြုလုပ်ပါတယ်နော်။
မိခင်နှင့်ရင်သွေးငယ်တိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး