ကလေးငယ်က မေွးကတည်းက စကားပြောတတ်နေရင်တော့ ကလေးငယ်လေးဘာတေွလိုအပ်နေတယ်ဆိုတာကို အမေများက တန်းပြီးဖြည့်ဆည်းပေးနိုင်မှာပါ။ ကလေးငယ်လေးများဟာ ဘယ်လိုခံစားနေရတယ်၊ ဘာတေွလိုအပ်တယ်ဆိုတာကို မပြောတတ်၊ မဖော်ပြတတ်ဘဲ ငိုဘဲငိုနေတတ်တဲ့အတွက် မေမေတို့ကလေးငယ် မည်သို့ပြုမူလှျင် ဘာကို ဖော်ပြချင်လည်း ဆိုတာကို မှျဝေပေးလိုက်ပါတယ်နော်။
ကလေးငယ်ဟာ လူများနဲ့မျက်လုံး အကြည့်ချင်းဆုံပြီး ပြုံးပြီး တခစ်ခစ် နဲ့ ရယ်မောနေပြီ ဆိုရင်တော့ သူတို့လေးတေွဟာ ပျော်ရွှင်နေတာပါတဲ့။ ကလေးငယ်လေးနဲ့ အကြည့်ချင်းဆုံတာမျိုးကို ကလေးငယ် အသက် ၁ လ ဝန်းကျင်မှာ ဖြစ်တတ်ပါတယ်နော်။ ပြုံးရယ်ခြင်းတေွကိုတော့ ကလေးငယ် အသက် ၂ လ ပတ်လည် လောက်မှှာ မြင်တေွ့နိုင်ပြီး ၄ လလောက်မှာတော့ ညည်းတွားခြင်း နှင့် ရယ်မောခြင်းတေွလုပ်နိုင်ပါတယ်။ ၅ လသား ရောက်လာချိန်မှာတော့ ကလေးကို ပြုံးပြရင် ပြန်ပြုံးပြတတ်နေပါပြီ။
ကလေးငယ်လေးဟာ ၅ လသားကျော်လချိန်မှာတော့ ဦးခေါင်းကို ကိုယ်တိုင် ချီနိုင်လာနိုင်ရမှာပါ။ ကလေးငယ်လေးကို ပထမလပိုင်းတေွမှာ ကူညီချီပေးစရာမလိုပါဘူး။ကြမ်းပြင်ပေါ်မှာ လှုပ်ရှားကြရင်း ကလေးအများစုဟာ သူတို့ရဲ့ ကြွက်သား ဖွံ့ဖြိုးခြင်းလေ့ကျင်းခန်းကိုယ်တိုင်လုပ်ကြမှာပါ။ ကလေးငယ် ၄ လသားမှာ မှန်ကန်သော အိပ်စက်ချိန်ပုံမှန်ရရှိပြီး ငိုယိုခြင်း ဂဂျီဂဂျောင်တေွ သိသိသာသာ လေှျာ့နည်းလာမှာပါ။
ကလေးငယ်လေးဟာ တိတ်ဆိတ်နေမယ်ဆိုရင် လည်း ကလေးငယ်လေးဟာ ပတ်ဝန်းကျင်ကို လေ့လာနေတာဖြစ်နိုင်ပြီး သတင်းအချက်အလက်များကို ရယူနေတာဖြစ်နိုင်ပါတယ်။ ကလေးငယ်လေးက လှုပ်ရှားနေသောအရာများ ပန်ကာတို့လို အရာမျိုးကို ကြည့်နိုင်နေပြီဆိုရင်တော့ ကလေးငယ်လေးဟာ အမြင် စူးရှနေပြီလို့ပြောလို့ရပါတယ်။ ကလေးငယ်လေးအတွက် အရမ်းငယ်သေးတဲ့အချိန်မှာ အဖြူအမည်းပဲ ပြင်ဆင်ပေးသင့်ပြီး နည်းနည်းအရွယ်ရလာချိန်မှာတော့ အရောင်နုလေးများနဲ့ ပြင်ဆင်ပေးနိုင်ပါတယ်။
ကလေးငယ်လေးများဟာ အသံကြားတဲ့ ဘက်ကို လှည့်ကြည့်တတ်နေပြီဆိုရင်တော့ ကလေးငယ်လေးရဲ့ အကြားအာရုံများ ပိုမို ဖွံ့ဖြိုးနေပြီလို့သိနိုင်ပါတယ်။ ကလေးငယ်လေးများဟာ မေွးကတည်းကတောင် မကဘဲ မိခင်ဝမ်းထဲမှာ ရှိနေချိန်ကတည်းက အသံများကိုကြားနိုင်တဲ့အတွက် အမေများအနေနဲ့ ကလေးငယ်လေးများ သိမှုစွမ်းရည်မြင့်မားရန်နှင့် ကလေးငယ်လေးစကားအပြောမြန်စေဖို့၊ ကလေးငယ်လေး စကားပြောချိန်မှာလည်း ဝေါဟာရကြွယ်ဝဖို့အတွက်် ကလေးငယ်လေးများကို စာများများဖတ်ပြပေးသင့်ပါတယ်။
#MiGi