ဖေဖေ၊ မေမေတို့ရေ ဘယ်သူကတော့ ချစ်လို့ပေါင်းဖက်နေကြသူအချင်းချင်း စကားများပြီး ရန်ဖြစ်ချင်ပါ့မလဲနော်။ ဒါပေမယ့်လည်း စိတ်အခန့်မသင့်တာမျိုးနဲ့ အကြောင်းတစ်စုံတစ်ရာရှိလာတဲ့အခါ စိတ်မထိန်းနိုင်ချိန်တေွမှာ စကားများရန်ဖြစ်တတ်ကြပါတယ်။ နှစ်ဦးတည်းနေထိုင်စဉ်မှာ စကားများရန်ဖြစ်တာတေွက နှစ်ဦးသားညှိနှုိင်းပြီး ပြေလည်သွားရင်ပြီးပြီဆိုပေမယ့် သားသားမီးမီးလေးတေွရလာတဲ့အခါမျိုးမှာဆိုရင်တော့ မေမေတို့၊ ဖေဖေတို့တေွက အရမ်းကို ဂရုစိုက်ဖို့လိုလာပါပြီနော်။
မေမေ၊ ဖေဖေတေွစကားများ ရန်ဖြစ်တာတေွက သားသားမီးမီးလေးတေွရဲ့ စိတ်ကိုထိခိုက်ခံစားရမှု၊ ကလေးရဲ့စိတ်ရိုင်းတေွကို ဖြစ်ပေါ်မှု၊ ကလေးတေွရဲ့ ညှိုးငယ်စိတ်တေွ၊ ကလေးတေွရဲ့ အလိုမကျမှုတေွကို ပိုမိုပြီးဖြစ်စေတတ်ပါတယ်နော်။
မေမေတို့ရေ ဖေဖေ၊ မေမေတို့ ကိုယ်တိုင်တင်မဟုတ်ပါဘူး။ ကလေးတေွရဲ့ပတ်ဝန်းကျင်မှာလည်း ရန်ဖြစ်စကားများနေတာ၊ ဆဲဆိုနေတာမျိုးတေွရှိနေတယ်ဆိုရင်တော့ သားသားမီးမီးလေးတေွ အဲ့ဒီလိုအသံတေွမကြာမိစေရအောင် မေမေတို့က အတတ်နိုင်ဆုံး ဂရုစိုက်ပေးဖို့လိုပါတယ်နော်။ သားသားမီးမီးလေးတေွ လိမ္မာရေးခြားရှိပြီး ပျော်ရွှင်တဲ့ဘဝလေးကို ပိုင်ဆိုင်နိုင်စေဖို့အတွက် မေမေ၊ ဖေဖေတေွက အတတ်နိုင်ဆုံး လမ်းညွှန်မှုတေွပေးနိုင်ကြစေဖို့အတွက် ကျားလေးက မှျဝေပေးလိုက်ပါတယ်နော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)