စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

ကလေးနို့အန်လို့ သောကပွေနေရတဲ့ မေမေတွေအတွက်

Posted by May Thaw Htoo August 13, 2022
Nyadew8cqam4vdfb6ixa

ကျားလေးရဲ့ မေမေတို့ရေ ကလေးလေးတွေနို့စို့ပြီးတဲ့အခါ နို့ပြန်အန်လို့ စိတ်သောကပွေနေရတဲ့ မေမေတွေအတွက် ပြောပြပေးမယ်နော်။ မေမေတို့ရေ ကလေးလေတွေက နို့သောက်ပြီးရင် တစ်နေ့မှာ တစ်ခါနှစ်ခါလောက်တော့ အန်နိုင်ပါတယ်တဲ့။ နို့စို့လောဘကြီးတဲ့ကလေးတွေ၊ မေမေက နို့ထွက်တာများရင်၊ ဘေဘီလေးက နို့ငုံတာမမှန်ရင် နို့အန်တတ်ပါတယ်နော်။ နို့ငုံမမှန်ဘူးဆိုတာကတော့ မေမေနို့ရဲ့ အမည်းကွင်းကို မငုံဘဲ နို့သီးခေါင်းကိုပဲ ငုံလို့မရပါဘူးနော်။ မေမေနို့အမည်းကွင်းအထိ ဘေဘီလေးက ငုံပြီးနို့စို့ဖို့လိုအပ်ပါတယ်နော်။

Ihkkvtdgtd9em9ikiyld

တကယ်လို့ ဘေဘီလေးတွေ နို့အန်တာအတွက် မေမေတွေက စိုးရိမ်နေမယ်ဆိုရင်တော့ နို့စို့ပြီးတဲ့အခါ လေထုတ်ပေးပါနော်။ တကယ်လို့ အရမ်းအန်နေမယ်ဆိုရင် ကလေးကို လူပေါ်မှာ မှောက်ချပြီး ခေါင်းဘက်ကို နှိမ့်၊ တင်ပါးဘက်ကို မြှင့်ထားပေးပါနော်။ ကလေးလေးရဲ့ ခြေလက်တွေကို နွေးနွေးထွေးထွေးထားပြီး ပြုစုပေးရင်လည်း သက်သာသွားမှာပါနော်။

Xk72qiuurvreeaaqsjlm

တစ်ခုသတိထားရမှာကတော့ ဘေဘီလေးက နို့တွေအရမ်းအန်နေပြီး အကြိမ်အရေအတွက်လည်း များများအန်နေမယ်ဆိုရင်တော့ နီးစပ်ရာဆရာဝန်နဲ့ ပြသပေးဖို့ အကြံပြုချင်ပါတယ် မေမေတို့ရေ။ ဒီအတိုင်း သာမန်နို့အန်တာမျိုးအတွက်ကတော့ မေမေတို့ကအရမ်းစိတ်မပူဘဲ စိတ်အေးအေးထားလို့ရပါတယ်နော်။

(မေးလိုရာမေး မေ့ရင်သွေးကဏ္ဍမှ ကောက်နုတ်ချက်)

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.