စျေး မီဒီယာ
အခြား

ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့ တကယ်ရောလွယ်ကူရဲ့လား

Posted by Kyaw Lin Han September 27, 2019
Rpsehy5bkxbjyyg9x2sf

ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ တကယ်ကော လွယ်ကူရဲ့လား။ တချို့ကလွယ်ကူတယ်လို့ပြောကြပါတယ်။ ဒါပေမယ့် ဒါတေွက အရေးတော့ မကြီးပါဘူး။ ကိုယ့်ကလေးက ဘယ်အရွယ်၊ ဘယ်နှယောက်ရှိတယ် ၊ဖခင်ကောင်းတစ်ယောက်ရဲ့ တာဝန်တေွက ဘာတေွှဖစ်မလဲ သိထားဖို့လိုပါတယ်။ ကိုယ့်ရဲ့ သားသမီးတေွကိ်ု စကားလက်ဆောင်ပေးတတ်ဖို့ သူတို့ရဲ့ စံပြ ပုဂ္ဂိုလ်ဖြစ်ဖို့ ကောင်းမွန်မှျတတဲ့ စည်းကမ်းတေွ ပေးနိုင်ဖို့ ကိုယ့်သားသမီးတေွကို စာနာတတ်တဲ့သူ တစ်ယောက်ဖြစ်ဖို့က သူတို့ရဲ့ စိတ်ကို လိုတာထက်ပို မလွှမ်းမိုးမိဖို့ အရေးကြီးပါတယ်။

E1xxgwx1ezuqcxmrayim

ကလေးအငယ်က အမှားလုပ်မိရင် ကြီးတဲ့သားသမီး တေွကပါ နားလည်အောင်ရှင်းပြပေးတတ်ဖို့ ကူညီဖြေရှင်းတတ်ဖို့ကို ဖခင်က သင်ကြားပေးရပါမယ်။ ကိုယ့်ရဲ့သားသမီးက မှန်ကန်ထက်မြက်တဲ့သူတစ်ယောက်ဖြစ်လာပြီး လုပ်ဆောင်မှုတေွက မှန်ကန်နေပြီဆိုရင်လည်း လိုလားစွာ ချီးမွမ်းစကားဆိုတတ်ရပါမယ်။ ကလေးငယ်လေးတေွရဲ့ စိတ်ကို တက်ကြွလာစေဖို့ ဖခင်ဖြစ်သူက ရေှ့ကိုခေါ်ဆောင်တတ်ဖို့လည်း အရေးကြီးပါတယ်။ မိမိရဲ့ကလေးက အရမ်းငယ်သေးတယ်ဆိုရင်လည်း ဖခင် မေတ္တာကို ဂုဏ်ယူဝင့်ကြွားလာစေလောက်တဲ့အထိ လက်ဆောင်ပေးပါ။

Evaeckx82sdq4ly7svae

ကိုယ့်ရဲ့ သားသမီးက အမှားတစ်ခုခုလုပ်လိုက်မိတာနဲ့ သူ့ကို အပြစ်ပေးလိုက်တာမျိုး ရိုက်နှက်တာမျိုးက မှန်ကန်တဲ့ စည်းကမ်းပေးတာမျိုးမဟုတ်ပါဘူး။ ကလေးက အမှားတစ်ခုခု လုပ်မိရင် ဖခင်က ဘာကြောင့်မှားတယ်။ ဘယ်လိုဆိုရင်မှန်တယ်ဆိုတာ အကျိုးသင့် အကြောင်းသင့် ရှင်းပြပေးပါ။ သားသမီးများကို စည်းကမ်းများချမှတ်ရာမှာလည်း ဖခင်သဘော တစ်မျိုးတည်းထက် မိခင်ရဲ့ သဘောလည်း လိုအပ်ပါသေးတယ်။ ကလေးက အရမ်းဆိုးတဲ့အခါ အပြုအမူကောင်းတေွရှိဖိုု့ စကားနားထောင်လာဖို့ သူကြိုက်တဲ့ အရုပ်လိုမျိုးပေးပြီး မဆွဲဆောင်သင့်ပါဘူး။ကိုယ်ပြောလိုက်တဲ့စကားကို သူကိုုယ်တိုင် တကယ်နားလည်လာပြီး လက်ခံတတ်ဖ်ို့ အရေးကြီးပါတယ်။

Rchzp2qlo2urssi2aovw

သားသမီးများကို ပြုစုပျိုးထောင်ရာမှာ လည်း ဆုပေး ဒဏ်ပေးစနစ်ကို မပြောင်းလဲဖို့ အရေးကြီးပါတယ်။ မှန်ကန်စွာ လုပ်ဆောင်နိုင်ရင် အားပေးစကားဆိုနိုင်ပြီး အပြစ်တစ်ခုလုပ်ထားရင်လည်း မှန်ကန်စွာ အပြစ်ပေးတတ်ဖို့ လိုပါတယ်။ သူက တစ်ခုခုမှာ အကောင်းဆုံး လုပ်ထားရင်လည်း သူ့ကို အားပေးစကားပြောပေးဖို့လည်း မမေ့ပါနဲ့။ တကယ်လို့ ကိုယ့် ရဲ့ အပြုအမူ တေွပါ ပြောင်းလဲနေမယ်ဆိုရင် သူတို့ အပေါ်မှာ ထိန်းကျောင်းမှုမှာ လိုတာထက်ပိုနေမယ်ဆိုရင် သူတို့စိတ်ထဲမှာ နေရာတကာလွှမ်းမိုးနိုင်လွန်းတယ်ဆိုတဲ့ အတေွး သူတို့စိတ်ထဲမှာ ခံစားသွားနိုင်ပါတယ်။

Lp67wfl6kymhgrluzryu

မိမိသားသမီးကို ဒေါသထွက်လို့ အော်ဟစ်လိုုက်တာမျိုးနဲ့လည်း မဖြေရှင်းလိုက်ပါနဲ့ ။ အော်ဟစ်ပစ်လိုက်မှကျေနပ်မယ်ဆိုရင်လညး် တစ်ယောက်တည်းရှိချိန်မှ အော်ဟစ်လိုက်ပါ။ သားသမီးရဲ့ အပြုအမူကို မကြိုက်နှစ်သက်ရင် အသံအနည်းငယ် မြှင့်ပြီးပြောလိုက်ရုံနဲ့ အဆင်ပြေပါတယ်။ အော်ဟစ်လိုက်ခြင်းက ကလေးငယ်လေးကို ကြောက်လန့်စေသလို ဆက်ဆံရေးကိုလည်း ဆိုးဝါးသွားစေပါတယ်။ သားသမီးအပေါ် ဆက်ဆံမှုနူးညံ့နေစေဖို့အတွက် လိုအပ်ပြီး သားသမီးက ချစ်ခင်လေးစားမှုလည်း ရှိဖို့လိုအပ်ပါတယ်။

#MiGi

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.