ကျှန်တော်တို့တေွဟာ ကြက်သွန်နီကို ဟင်းချက်နည်းမျိုးစုံအတွက် အသုံးပြုပြီးတော့ စားသုံးနေကြပါတယ်။ ချက်ပုံနဲ့ စားပုံများ မတူညီကြသလို သူ့ရဲ့အကျိုးပေးအာနိသင်ကလည်း တစ်မျိုးစီ ကွဲပြားကြပါတယ်။ ယခုတစ်ခါ ဖော်ပြပေးမယ့် နည်းလမ်းလေးကတော့ ကြက်သွန်နီကို အဆီကျဆေးအဖြစ် အစိမ်းသုပ်စားလို့ရတဲ့ ဝိတ်ချနည်းတစ်ခုပဲ ဖြစ်ပါတယ်။ ထိုနည်းလမ်းက ဘယ်လိုလုပ်ရမလဲဆိုတာကို ကျှန်တော်တို့တေွ အခုပဲ ကြည့်လိုက်ရအောင်။
ပြုလုပ်ပုံနည်းလမ်း
----------------------
အရင်ဦးဆုံး ကြက်သွန်နီကို ပါးပါးလှီး၍ ပန်းကန်ထဲသို့ ထည့်ပါ။ ထို့နောက် သံပုရာသီး တစ်လုံး ညှစ်ထည့်ပါ။ အနံ့ပြင်း၍ စပ်နေသော ကြက်သွန်နီကို သံပုရာသီးအချဉ် ညှစ်ထည့်လိုက်ပါက အချိုဓါတ်သို့ လျင်မြန်စွာ ပြောင်းလဲသွားစေပါတယ်။ ဒီအထဲကို သခွါးသီး ထည့်လိုပါက (အနည်းငယ်မှျ) ပါးပါးလှီး၍ ထည့်နိုင်ပါတယ်။ တကယ်လို့ သင်က အစပ်ကြိုက်ပါက ငရုတ်သီးစိမ်း အနည်းငယ်ပါ ထပ်ပြီးတော့ လှီးထည့်နိုင်ပါတယ်။
ပြီးရင် ဆားအနည်းငယ်မှျ ထည့်ပေးပါ။ ဆားမပါလှျင် အရသာပေါ့မည်။ ဆားများလွန်းရင်လည်း အငံကြောင့် လူကို သေွးတိုးစေပါတယ်။ ဒါအပြင် ကြက်သွန်မိတ် (သို့မဟုတ်) ကုလားနံနံပင်တို့ကိုလည်း အနံ့ကြိုက််တတ်လှျင် အနည်းငယ်မှျ ထည့်ပေးနိုင်ပါတယ်။ ၄င်းတို့ကို နယ်ပြီးလှျင်တော့ ကြက်သွန်ချဉ်သုပ်ကလေး စားလို့ရပါပြီ။ ဒီအတိုင်း မစားချင်လှျင်လည်း ထမင်း၊ ကြာဇံကြော်၊ ပဲပလာတာ၊ ခေါက်ဆွဲကြော် စသည့် သူနှင့်လိုက်ဖက်မည့် အစားအစာများနှင့် တွဲဖက်၍ မကြာခဏ စားသုံးပေးနိုင်ပါတယ်။
ပါးစပ်မနံအောင်
-----------------
ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အစိမ်းစားပြီး ပါးစပ်နံမှာ စိုးရိမ်နေသူများအတွက် သဘာဝနည်းလမ်းကောင်းလေးတစ်လက်ကို ညွန်ပေးလိုက်ပါမယ်။ ကြက်သွန်အနံ့ကိုနိုင်တာ မြေပဲဖြစ်ပါတယ်။ ကြက်သွန် နီ၊ ဖြူ တို့ကို စားပြီးလှျင် မြေပဲဆန် ၃ ၊ ၄ စိကိုသာ ၀ါးစားပါ။ တစ်မိနစ်အတွင်း အနံ့များကို မြေပဲက စုတ်ယူသွားပါလိမ့်မယ်။ ပြီးရင် အဖန်ရည် (လက်ဖက်ရည်ကြမ်း) ဖြင့် ပလုတ် ပြောင်းအောင် ကျင်းပေးပါ။ ပြီးရင် နွားနို့တစ်ငုံဖြင့် ပလုပ် ထပ်ကျင်းပေးပါ။
အရသာရှိ၍ စားကောင်းသော ကြက်သွန်နီအစိမ်းသုပ်ကို မကြာခဏ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်တွင် ပိုလှျံနေသော အဆီများကို ထင်ထင်ရှားရှား သိသိသာသာ လေှျာ့ချပေးပြီး သွယ်လျကျစ်လစ်တဲ့ ကိုယ််ခန္ဓာအလှကို အမြဲတမ်း ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။
#Ref(စောရအိုင်- ကြက်သွန်နီနဲ့ အလှအပ ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)