
နို့ချိုတိုက်ကျေွးခြင်းဆိုတဲ့ လုပ်ငန်းစဉ်ကြီးတစ်ခုလုံးဟာ မိခင်နဲ့ကလေးနဲ့ပဲ သက်ဆိုင်မှုရှိတယ်လို့ ကျွန်တော်တို့ အားလုံး ယူဆခဲ့ကြပါတယ်။ ဒါဟာ အမှားတစ်ခုတော့မဟုတ်ပါဘူး။ ဒါပေမဲ့ အဲ့ဒီ့ မိခင်နို့ချိုတိုက်ကျေွးတဲ့ကိစ္စမှာ ဖခင်တေွလည်း တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီပေးလို့ ရပါတယ်။ ယခင်ကရေှးရိုးစွဲ အယူအဆတေွကို တွန်းလှန်ပြီး နို့စို့အရွယ်ကလေးငယ်အတွက် ဖခင်တို့ ပါဝင်ကူညီလုပ်ဆောင်ပေးနိုင်တဲ့အရာများကို ဖော်ပြပေးသွားချင်ပါတယ်။

ပထမဆုံး မေွးကင်းစကလေးငယ်ကို နို့ချိုတိုက်ကျေွးစဉ်မှာ မိခင်ဖြစ်သူရဲ့ နို့တိုက်ကျေွးမှု ပုံစံအသားမကျသေးတာကြောင့် ဖခင်ဖြစ်သူက အနီးနားမှာစောင့်ကြည့်ကာ မိခင်ကို အားအင်ဖြစ်စေရပါမယ်။ နို့ချိုတိုက်ကျေွးခြင်း ဗဟုသုတစာပေများကို ကြိုတင်ဖတ်ရှုထားသင့်ပြီး လိုအပ်နေတဲ့အချက်များ ၊ ပြုပြင်ရမယ့်အနေအထားတေွကို ပြောပြပေးနိုင်ရပါမယ်။

နို့ချိုတိုက်ကျေွးချိန်ကြောင့် မိခင်မှာ လစ်ဟင်းသွားတဲ့အရာလေးတေွ အများအပြားရှိနေနိုင်ပါတယ်။ ဒီ့အတွက် ဖခင်ဖြစ်သူက တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးသင့်ပါတယ်။ မိခင်ရဲ့ဝေယျာဝစ္စတေွ ပြီးဆုံးသွားတဲ့အချိန်မှာ ကလေးရဲ့ ဝေယျာဝစ္စတေွဘက်ကို လှည့်ပါမယ်။ နို့တိုက်မိခင်တစ်ယောက်ဟာ မိခင်နို့ရည် အာဟာရပြည့်ဝဖို့အတွက် အိပ်ရေးဝဝ အိပ်စက်ဖို့အရေးကြီးပါတယ်။ ကလေးအိပ်ပျော်နေချိန်မှာ မိခင်ပါ လိုက်လံအိပ်စက်ဖို့ လိုပါတယ်။

မိခင်အိပ်စက်နေတဲ့ ညဖက်အချိန်မျိုးတေွမှာ ဖခင်ဖြစ်သူက ကလေးရဲ့ ဆီးခံဘောင်းဘီကို ဂရုတစိုက်နဲ့လဲပေးခြင်းတာဝန်ကို ယူပေးမယ်ဆိုရင် မိခင်ဖြစ်သူမှာ ကျန်းမာရေးအရရော စိတ်ပိုင်းဆိုင်ရာမှာပါ ကောင်းမွန်ခြင်းသုခကို ခံစားရမှာ ဖြစ်ပါတယ်။ ကလေးနို့စို့ကိရိယာများ(နို့ဗူး) ၊ ကလေးအနှီးများ စသည်တို့ကို လေှျာ်ဖွတ်ပေးခြင်းဖြင့်လည်း ပါဝင်ကူညီပေးနိုင်ပါသေးတယ်။

မိခင်ဖြစ်သူ လုံးဝမအားမလပ်တဲ့ အချိန်မျိုးမှာလည်း ဖခင်က နို့ဗူးတိုက်ကျေွးပေးနိုင်ပါတယ်။ ယခုဖော်ပြပေးခဲ့တဲ့ အချက်တေွဟာ ဖခင်တိုင်း အလွယ်တကူဆောင်ရွက်နိုင်မယ့် အရာလေးတေွှဖစ်တာကြောင့် မိမိရဲ့ မိသားစုအပေါ် တန်ဖိုးထားချစ်မြတ်နိုးတဲ့ ဖခင်တိုင်း ပါဝင်ကူညီဆောင်ရွက်ပေးသင့်ပါတယ်။
HYA (kyarlay)