စျေး မီဒီယာ
အခြား

၀ိတိုရိယဆေးရုံမှာ မေွးဖွားခဲ့တဲ့ ဘေဘီလေးတေွအတွက် ပျော်ပွဲရွှင်ပဲွ

Posted by Harry February 5, 2018
A8u5x4rtvsihmfjgd5lg

ဖေဖေ မေမေတို့ရေ လာမယ့် ၁၂ ရက်နေ့မှာတော့ ၀ိတိုရိယဆေးရုံကြီးမှာ မေွးဖွားခဲ့တဲ့ ကလေးငယ်လေးတေွ၊ မိသားစုတေွအတွက် ရည်ရွယ်ပြီး ပျော်ပွဲရွှင်ပွဲလေးတစ်ခု ပြုလုပ်ပေးမှာပါတဲ့။ 5th Victoria Kids' Day 2018 ဆိုတဲ့ အဲ့ဒီပျော်ပွဲရွှင်ပွဲမှာတော့ ၀ိတိုရိယရဲ့ အရုပ်လက်ဆောင်တေွ၊ အစားအသောက်အစီအစဉ်တေွ၊ ဂိမ်းအစီအစဉ်တေွကိုလည်း ထည့်သွင်းပေးသွားမယ်လို့ ဆိုပါတယ်။ ဖေဖေ မေမေတို့ရေ ၀ိတိုရိယ ဆေးရုံမှာကိုယ့်ရဲ့ဘေဘီလေးတေွကို မေွးဖွားခဲ့တယ်ဆိုရင်တော့ ဒီအစီအစဉ်လေးမှာ ပါ၀င်လိုက်ရအောင်နော်။ အထူးတလည်စာရင်းသွင်းနေဖို့လည်းမလိုဘဲ ကိုယ့်ရဲ့ဘေဘီလေးကို မေွးဖွားတဲ့ရက်နဲ့ ပွဲနေမှာမှ စာရင်းပေးပြီး တက်ရောက်နိုင်မှာပါတဲ့။

ဖေဖေ မေမေတို့ရေ ပွဲအချိန်ကတော့ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ရဲ့ ညနေ ၄ နာရီကနေ ည ၈ နာရီအထိဆိုတော့ ဖေဖေ မေမေတို့ရဲ့ အလုပ်အချိန်တေွနဲ့လည်း တိုက်နေမှာ မပူရဘူးနော်။ အဲ့ဒီပွဲမှာဆိုရင်တော့ 🎁သားသားမီးမီးတိုင်းအတွက် ၀ိတိုရိယအရုပ်လက်ဆောင်နဲ့ အခြား door gift လက်ဆောင်တေွ၊ 🎶 အလန်းစား Stage Performance တေးဂီတဖျော်ဖြေမှုတေွ၊ 📝 Caricature ရုပ်ပြောင်ပန်းချီ အစီအစဉ်တေွ၊ 🏄 ပျော်ရွှင်စရာကစားနည်းအစုံကစားကွင်း၊ ⚽ ပျော်ရွှင်စရာဂိမ်းအစီအစဉ်တေွ၊ 🚼ကလေးအသုံးအဆောင်အရောင်းပြခန်းတေွ၊ 🎰 ကလေးများအတွက် အမှတ်တရ Lucky Draw (၂၀) ဆု၊ 🍔 ကစားရင်းနဲ့ ဗိုက်ဆာမှာလည်း မပူရအောင် အစားအသောက်များကို အခမဲ့ စီစဉ်ပေးထားမယ်ဆိုတော့ ဖေဖေ မေမေတေွအတွက် မပူပင်ရတော့ဘူးပေါ့။ နောက်ပြီး 📷 မိသားစု အမှတ်တရ Photo လှလှလေးတေွ ရိုက်နိုင်အောင် Photo Booth လေးကိုလည်း အရင်နှစ်တေွထက် ပိုလှပခန့်ငြားအောင် စီစဉ်ပေးထားမှာပါတဲ့။

Cbuvsn1zpyhsggja26ed

ဖေဖေ မေမေတို့ရေ 💊 ရင်သေွးငယ်လေးတေွ အာပာာရမျှတစေဖို့ အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး ဒေါက်တာဝင်းဝင်းမြင့်ကလည်း အခမဲ့ကြည့်ရှုပေးဦးမှာတဲ့နော်။ နောက်ပြီး သားသားမီးမီးတေွရဲ့ အရေပြားဆိုင်ရာပြသနာတေွနဲ့ မေမေတို့ရဲ့ အလှအပဆိုင်ရာ ပြသနာတေွအတွက် ဒေါက်တာစုရီဌေးနဲ့ Dr.DermaCare Skin & Laser @ Victoria Hospital စတဲ့ အရေပြားအလှအပဆိုင်ရာ ဆရာဝန်တေွနဲ့လည်း အခမဲ့တိုင်ပင်ဆေွးနေွးနိုင်ဖို့ စီစဉ်ပေးထားမှာဖြစ်သလို 👑 အလှဆုံးမိသားစု ဆင်တူဝတ်စုံဆု (၅) ဆု ကိုလည်း ရေွးချယ်ပေးအပ်ဦးမှာပါတဲ့။

ကျားလေးရဲ့ ဖေဖေ မေမေတို့တေွကလည်း ဘေဘီလေးတေွကို ၀ိတိုရိယဆေးရုံမှာ မေွးဖွားခဲ့တယ်ဆိုရင် ဒီအစီအစဉ်လေးမှာပါ၀င်နိုင်ဖို့အတွက် သတင်းကောင်းပါးအပ်ပါတယ်နော်။ ဖေဖေ၊ မေမေတေွအားလုံးလည်း သားသား၊ မီးမီးလေးတေွနဲ့အတူ ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်နိုင်ပါစေနော်။

မိခင်နဲ့ ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.