
ကြေးအိုးကတော့ အရမ်းကြိုက်တယ်။ ဒါပေမယ့် ဆိုင်မှာ စားရသလို အိမ်လက်ရာက တူပါ့မလားဆိုတဲ့ စိုးရိမ်မှုပါဘဲ။ ဒီအတွက် စိတ်မပူပါနဲ့။ ဟင်းရည်က အဓိက ကျတာမို့ အခု ပေးထားတဲ့ ကြေးအိုးချက်နည်းအတိုင်းသာ ချက်လိုက်ပါ။ တစ်ထပ်တည်းမကျရင်တောင် စားရတာ စိတ်တိုင်းတော့ ကျပါလိမ့်မယ်။ အသားလုံးတဲ့ အခါမှာလည်း တရုတ်မဆလာ ကြိုက်ရင် ထည့်ပြီးတော့ နှပ်ထားနိုင်ပါတယ်။ အသားလုံးကို ငါးဖယ်ထည့်လုံးနိုင်ရင်တော့ အကောင်းဆုံးပါဘဲ။ ငါးဖယ် ၀ယ်မရနိုင်ခဲ့ရင်တော့ ကော်မှုန့် နိုင်နိုင်လေးနဲ့ လုံးပေးပါ။

ပါ၀င်တဲ့ ပစ္စည်းများ
--------------------
၁။ ကြက်ရိုး (သိုမဟုတ်) ဝက်ရိုး
၂။ အူစုံ ၊ အသည်းစုံ
၃။ တောက်တောက်စင်းထားတဲ့ အသား
၄။ ငုံးဥ
၅။ ပဲပြား
၆။ မုန့်ညင်းစိမ်း
ရ။ ဆန်ပြား ၊ ကြာဆံ
၈။ ဘဲငန်းပျံ ငရုပ်ဆီ
၉။ ရှာလကာရည်
၁ဝ။ ငရုပ်သီးစိမ်း
၁၁။ ကြက်သွန်ဖြူ

ဟင်းရည်
-----------
အရိုးကို အရင် ရေဆေးပြီး အိုးကြီးကြီးထဲတွင် ရေ ရိုးရိုးနှင့် ထည့်ပြုတ်ပါ။ ဆား ၊ အချိုမှုန် သုံးလှျင် အချိုမှုန် ထည့်လို့ ရပါတယ်။ ဒါပေမဲ့ ကြက်သားမှုန့်တော့ မထည့်ပါနဲ။ ဘာဖြစ်လို့လဲဆိုတော့ အရသာကို ပြောင်းလဲသွားနိုင်လိုပါ။ နောက်ပြီး သကြားကို ချိန်ဆပြီး ထည့်ပါ။ အချိုလေးလေး ဖြစ်အောင် ချိန်ဆ ထည့်ပါ။ အရိုးများ နူး နေသည်အထိ ပြုတ်ပေးပါ၊
သတိပြုရန်မှာ
---------------
အထက်ပါ အစာပလာများထဲမှ လွဲပြီးတော့ တစ်ခြား ကောင်းနိုင်မည် ထင်သည့် အရာများ လေှျာက်မထည့်ပါနဲ။ အထူးသဖြင့်…..ဂျင်း ၊ တရုပ်နံနံ လုံးဝ မထည့်ရပါ။

အသားနှင့်အရွက်များ ပြင်ဆင်ခြင်း
------------------------------------
၁။ တောက်တောက်စင်းထားသော အသားများကို ကော်မှုန် ၊ ဆား ၊ အချိုမှုန် ၊ ကြက်ဥ အကာ
( နှမြောလှျင် အနှစ်ပါ ထည့်) ၊ တရုတ်ကြက်သွန်မိတ် ၊ ငရုပ်ကောင်းတို့နှင့် နယ်ပြီးတော့ နှပ်ထားပါ။
၂။ မုန်ညင်းစိမ်းကို အရွက်ချေှထားပါ၊
၃။ အသည်းအမြစ် ၊ အူစုံ အသည်းစုံကို ရေစင်စင်ဆေး ၊ အနေတော်လှီးပြီး ဆား၊ အချိုမှုန့်တို့နှင့် နယ်ထားပါ။ ပြီးရင် အမျိုးအစား တစ်ခုချင်းဆီကို ရေလဲပြီး တစ်ခုချင်းစီ ပြုတ်ပါ။ ဗန်းထဲတွင် အသင့်ပြင်ထားပါ။ ( ဟင်းရည် ထဲတွင် အလွယ် ထည့်မပြုတ်ပါနှင့်)
၄။ ငုံးဥ ကို ပြုတ်၊ အခွံနွာ အသင့်ပြင်ထား
၅။ ပဲပြားကို လိုသလောက် လွာထားပါ။
၆။ ဆန်ပြား နှင့် ကြာဆံ ကို ရေစိမ်ပြီး စစ်ထား၊ ပြီးရင် ဗန်းထဲတွင် ခင်းထားပါ။
နှမ်းဆီ ငရုပ်ကောင်း ပြင်ဆင်ထားခြင်း
-----------------------------------------
နှမ်းဆီကို ပူအောင် ဒယ်အိုးမှာ တည်၊ ခွက်ထဲမှာ ငရုပ်ကောငး် လေှာ်ထောင်းကို ထည့်ထား၊ ပြီးရင် ဆီပူ လောင်းထည့် ပြီး ပွဲပြင်မည့် နားတွင် အဆင်သင့် ပြင်ထားပါ။

ပွဲပြင်နည်း
-----------
- သီးသန်. လက်ကိုင် အိုးထဲတွင် တပွဲစာ ဟင်းရည်ထည့်၊ ပွက်အောင်တည်၊
တည်နေချိန်တွင် အသားကို လုံးပြီး ထည့်၊
- အူစုံ အသည်းစုံထည့်
- ကြာဆံ (သိုမဟုတ်) ဆန်ပြားကို အလိုရှိသလောက်ထည့်ပြုတ်
- ပဲပြားထည့်
- ငုံးဥ ထည့်
- အရွက်စိမ်း နောက်ဆုံးမှ ထည့်
- ပွက်ပွက်ဆူလာလှျင် အသား ကျတ်မကျတ် ချိန်ဆ ပြီးမှ ပန်းကန်ထဲကို လောင်းထည့်ပါ။
- ပြီးရင် နှမ်းဆီ ငရုပ်ကောင်း (သို.) ငရုပ်ကောင်း လေှာ်ထောင်းကို လိုသလောက်ထည့်ပြီး စားပါ။

အချဉ်ရည် ပြင်ဆင်နည်း
--------------------------
ငရုပ်သီးစိမ်း ကို ပါးပါးလှီး
ရှာလကာရည် ၃ ဇွန်း
သကြားတစ်ဇွန်း
ဆားအနည်းငယ်
ငံပြာရည် အနည်းငယ် နှင့် ရေအနည်းငယ် ထည့် ( ရေကျတ်အေး)
အားလုံးကို ထည့်မေွ ၊ ပြီးလှျင် အချဉ် နဲ့ အပေါ့ကို မြည်း၊ လိုတာ ထပ်ထည့်
ငရုပ်ဆီနှင့် တွဲပြီတော့ ဒါဆို ပြီးပြည်စုံတဲ့ ကြေးအိုးကို စိတ်ကြိုက် စားနိုင်ပါပြီ။ အားလုံးပဲ ကျန်းမာလို့ အောင်မြင်တိုးတက်ကြပါစေ။
#Ref(တော်ဝင်လက်ရာ ကြေးအိုးချက်နည်း ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)