
ကိုယ်ဝန်ဆောင်နေစဉ် တင်ပဆုံနာကျင်ခြင်းကို ကိုယ်ဝန်သက် အနုအရင့် မရေွးမှာတေွ့နိုင်ပြီးတော့ ကိုယ်ဝန်ဆောင်မိခင်များမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုလည်းဖြစ်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းများနဲ့ ကာကွယ်ကုသနည်းများကို မှျဝေပေးချင်ပါတယ်။

အများအားဖြင့်တော့ တင်ပဆုံနာကျင်ခြင်းကို ကိုယ်ဝန်သက်နုစဉ်မှာ ဖြစ်လေ့ဖြစ်ထရှိပြီး အချို့မှာတော့ ကိုယ်ဝန်သက်ရင့်လာချိန်မှာ အချို့က သားအိမ်ကြီးလာချိန် မေွးဖွားခါနီးအချိန်မှာ ဖြစ်တတ်ပြီး နာကျင်ခြင်း ဝေဒနာများကတော့ ကလေးမေွးဖွားပြီးချိန်မှာ ပေါက်သွားတတ်ပါတယ်။

ဖြစ်ရခြင်း အကြောင်းရင်းများကတော့ ကိုယ်ဝန်ဆောင်နေစဉ် ဟော်မုန်းပြောင်းလဲမှုများကြောင့်လည်း တင်ပဆုံနာကျင်ခြင်းဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာထွက်သော ဟော်မုန်းကြောင့် အရွှတ်နှင့် အဆစ်များလျော့ရဲခြင်းဖြစ်ပြီး တင်ပဆုံ၊နောက်ကျော၊ ဒူးများနာကျင် ခြင်းများဖြစ်ရပါတယ်။ လေးလံသောအရာများ မခြင်းနဲ့ အချိန်ကြာကြာရပ်ခြင်းတို့ကလည်း တင်ပဆုံနာကျင်ရခြင်း အကြောင်းရင််းများပါပဲ။

ဆီးစပ်မှာရှိတဲ့ အရွတ်များဟာ ကိုယ်ဝန်သက်ရင့်လာချိန်မှာ ကိုယ်ဝန်ဆောင်မိခင်ကို ကလေးမေွးဖွားရလွယ်ကူစေရန် ပျော့ပြောင်းသွားပါတယ်။ပျော့ပြောင်းသွားသော အခါ ကိုယ်ခန္ဓာရဲ့ အလေးချိန်ကို အဓိက သယ်ပိုးရသော ကိုယ်ခန္ဓာအစိတ်အပိုင်းများက နာကျင်ခြင်းကို ဖြစ်စေပါတယ်။

တင်ပဆုံနာကျင်ခြင်းကို သက်သာရန်အတွက် ရေပူရေအေးများကပ်ခြင်းများလည်း လုပ်နိုင်ပါတယ်။ ရေနေွးဖြင့်ရေချိုးခြင်းလည်း လုပ်နိုင်ပြီး ရေက အရမ်းမပူရန်တော့ သတိထားရပါမယ်။ ကိုယ်ဝန်ဆောင်အနှိပ်ခံခြင်းလည်းပြုလုပ်နိုင်ပြီး သေွးလည်ပတ်မှုကောင်းမွန်စေခြင်း၊ နာကျင်မှုကို သက်သာစေနိုင်ခြင်းနဲ့ စိတ်ဖိစီးမှုများကိုလည်း လေှျာ့ချပေးနိုင်ပါတယ်။ ယောဂကျင့်ခြင်းကလည်း ကိုယ်ဝန်ဆောင်နေစဉ်နာကျင်ခြင်းကို သက်သာစေနိုင်သော နညး်လေးဖြစ်လို့ လုပ်သင့်ပါတယ်နော်။
#MiGi