မေမေတို့ရေ ကလေးငယ်လေးတေွ ဖွံ့ဖြိုးထက်မြက်မှုဟာ သူတို့လေးတေွကို အစားကျေွးတဲ့ပုံစံလေးတေွနဲ့လည်း သက်ဆိုင်နေတယ်လို့ဆိုပါတယ်။ ကလေးတေွဟာ အသက် ၈ လ၊ ၉ လလောက်မှာ ပစ္စည်းတေွကိုလက်ဝါးနဲ့ဆုပ်ကိုင်တာ၊ လက်ချောင်းလေးတေွနဲ့ ကိုင်တွယ်တာ၊ လက်ထဲမှာကိုင်ထားတဲ့ပစ္စည်းလေးတေွကို လွှတ်ချတာစတဲ့ လှုပ်ရှားမှုဆိုင်ရာဖွံ့ဖြိုးမှုတေွကို ရရှိလာကြပါတယ်။ အဲ့ဒါကြောင့် သူတို့ရရှိလာတဲ့အစွမ်းအစတေွကို အသုံးချဖို့အတွက် ရေတိုက်တဲ့အခါ ပန်းကန်ကိုကိုယ်တိုင်ကိုင်ထားချင်တာ၊ အစာစားတဲ့အခါ ဇွန်းကို ကိုယ်တိုင်ကိုင်ထားချင်တာပြုလုပ်လိုကြပါတယ်။ အဲ့ဒီလိုပြုလုပ်မှုမျိုးကို မေမေတို့က ခွင့်ပြုပေးဖို့လိုပါတယ်။ အဲ့ဒါမှလည်း ကလေးရဲ့ဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ဖြစ်စေမှာပါ။
ဒီမတိုင်ခင်မှာလည်း ကလေးနို့တိုက်ချိန်တေွမှာ ရင်ခွင်တွင်းပိုက်ပြီး နို့တိုက်တာ၊ ကလေးကိုစေ့စေ့ကြည့်ပြီး စကားပြောပေးတာ၊ သီချင်းဆိုပြတာ၊ ချော့မြူတာ၊ တင်ပါးလေးကို ပွတ်ပြီးသိပ်ပေးတာမျိုးတေွဟာလည်း ကလေးရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတေွအပေါ် သက်ရောက်စေနိုင်ပါတယ်။ ကလေးကိုအစာကျေွးတဲ့အရွယ်ရောက်ပြီဆိုရင်လညး် ကလေးကိုချော့မြူကျေွးတာ၊ မျက်နှာချင်းဆိုင်စကားပြောပေးတာတေွ ပြုလုပ်ပေးဖို့လိုပါတယ်။ အဲ့ဒါမှလည်း ကလေးရဲ့လိုအပ်တဲ့အာဟာရပြည့်ဝဖို့အတွက်ရော စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက်ပါထောက်ပံ့ပေးနိုင်မှာပဲဖြစ်ပါတယ်နော်။
(အာဟာရဆရာဝန်ကြီးဒေါက်တာဦးလှကြည်ရေးသားသည့် အာဟာရစာအုပ်မှ ကိုးကားဖော်ပြပါသည်)
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)