စျေး မီဒီယာ
အခြား

အမျိုးသားများအတွက် သုက််အားကောင်းစေသော အစားအစာများ

Posted by Kyaw Lin Han December 18, 2019
Qtuvprbnuqwhloixn1n9

အမျိုးသားများ မျိုးပွားခြင်းမှာ မအောင်မြင်ကြခြင်းရဲ့ အကြောင်းရင်းကတော့ သုက််ထွက်နှုန်းနည်းခြင်းကြောင့်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း ရဲ့ ထုတ်ပြန်ချက်အရ သုက််တစ်မီလီလီတာမှာ သုတ်ပိုးပေါင်း ၁၅ သန်းကျော် ပုံမှန်ရှိရမှာဖြစ်ပြီး အဲ့ထက်နည်းနေရင်တော့ ပုံမှန်မဟုတ်ဘူးလို့ပြောလို့ရပါတယ်။ အမျိုးသားများ သုက်ပိုးအားနညး်နေခြင်းက ဗီတာမင်ဓာတ်များနဲ့ ဇင့်ဓာတ်များ ချို့တဲ့ခြင်းနဲ့ သက်ဆိုင်နေပါတယ်။

Hp842zxjsxyk1xfoycbs

ထို့အတွက် အစားအစာအပြောင်းအလဲတချို့ပြုလုပ်ခြင်းဖြင့် ထိုပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ ထို့အတွက် အမျိုးသားများ သုက််အားကောင်းစေသော အစားအစာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ပထမဆုံးအစားအစာကတော့ ခရမ်းချဉ်သီးဖြစ်ပါတယ်။ခရမ်းသီးမှာ လိုင်ကိုပိန်းဓာတ်ကြွယ်ဝစွာပါဝင်ပြီး အန်တီအောက်ဆီးဒန့် များလည်း ကြွယ်ဝစွာပါဝင်တဲ့အတွက် ပုံမှန်စားသုံးပေးခြင်းဖြင့် သုတ်အားကိုကောင်းမွန်စေပါတယ်။ ရေွှဖရုံသီးအစေ့ကလည်း အန်တီအောက်ဆီးဒန့်များအပြင် အမိုင်နိုအက်ဆစ်၊ ပိုင်သို စတီရီုး၊ တို့ပါဝင်တဲ့အတွက် အမျိုးသားများအတွက် အထူးကောင်းမွန်ပါတယ်။

Blyivr2y9kxtegn7kjou

ချောကလက် အနက်ကလည်း အမိုုင်နိုအက်ဆစ်ကြွယ်ဝသလို သုက််ပိုးရဲ့ အရည်အသေွးကို ကောင်းမွန်စေသောဓာတ်များပါဝင်တဲ့အတွက် နေ့စဉ်စားသုံးပေးခြင်းဖြင့် သုက််အရေအတွက်ကို မြှင့်တင်နိုင်မှာပါ။ ကြက်သွန်ဖြူမှာလည်း သေွးလည်ပတ်ခြင်းကိုကောင်းမွန်စေသော အယ်လီဆင် ပါဝင်တဲ့အတွက် စားပေးနိုင်ပြီး ဆီလီနီယမ်က သုက််ပျိုးလေးများ သန်စွမ်းရန်အတွက် အထောက်အပံ့ပေးပါတယ်။ ဥအမျိူးမျိုးကလည်း အသားဓာတ်ကြွယ်ဝပြီး ဗီတာမင် E လည်းပါဝင်သောကြောင့် သုက်ပိုးများ ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

Pnkt4rjuewyhr8pyeuno

မုန်လာဥနီ ဘီတာကလိုတင်းပါဝင်ပြီး ပုံမှန်စားပေးခြင်းဖြင့် သုက်အားကောင်းစေပြီး သုက််များဥဆီကူးခတ်အားကိုလည်း ကောင်းမွန်စေပါတယ်။ အစိမ်းရောင်ရှိသော အရွက်များကလည်း ဖောလိတ်အက်ဆစ်ကြွယ်ဝပြီး လေ့လာချက်တစ်ခုမှာတော့ အစိမ်းရင့်ရောင်ရှိသော အရွက်များစားပေးခြင်းက သုက်ပိုးများပုံမမှန်ခြင်းကနေကင်းဝေးစေပါတယ်။ ငှက်ပျောသီးလည်း စားပေးနိုင်ပြီး အမျိုးသားများအတွက် သက်လုံကောင်းစေပြီး သုက်ပိုးအရေအတွက်ကိုလည်း မြှင့်တင်ပေးပါသေးတယ်။

Xhtqbtg6vzyg14eketyp

အမဲသားကလည်း ဇင့်ဓာတ်ကြွယ်ဝစွာပါဝင်သလို သေွးလည်ပတ်ခြင်းကိုလည်း အားပေးသဖြင့် စားပေးသင့်ပါတယ်။ ဇင့်ဓာတ်က သုက်ပို်းများ ပျက်စီးခြင်းက ကာကွယ်ပေးနိုင်ပြီး လီဘီဒိုက သုက်ပိုးများ အရေအတွက်နဲ့ ဖွံ့ဖြိုးမှုကို အားပေးပါတယ်။ သံလွင်ဆီကလည်း ဆိုးရွားသော ကိုလတ်စထရော ပမာဏကို လေှျာ့ချပေးပြီး ဝေှးဥများဆီသို့ အောက်ဆီဂျင် စီးဆင်းမှုကို လှုံဆော်ပေးပြီး ကျန်းမာသော သုက်ပိုးများကို ကောင်းမွန်စွာထုတ်လုပ်စေပါတယ်။

MiGi

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.