Kyarlay.com

almost 2 years

ရက်သားကလေးလေးတေွ နှာခေါင်းပိတ်လို့ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ မေမေတေွအတွက်


Iilxy80ozte3kn75edp7

မေမေတို့ရေ ရက်သားကလေးလေးတေွမှာ နှာခေါင်းပိတ်လို့ ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်းမသိဘဲ စိတ်ညစ်မနေနဲ့တော့နော်။ မေွးခါစရက်သားကလေးလေးတေွမှာ နှာခေါင်းပိတ်မယ်ဆိုရင် နို့စို့ရလည်းခက်ပြီး ကလေးလေးတေွလည်း ဒုက္ခရောက်၊ မေမေတိုကလည်း စိတ်ညစ်ရတယ်မဟုတ်လား။ နည်းလမ်းလေးပြောပြပေးမယ်နော်။ အရမ်းလည်းခက်ခက်ခဲခဲမဟုတ်ဘဲ အလွယ်တကူလုပ်ပေးလို့ရတဲ့ အိမ်တွင်းဆေးဝါးလေးပေါ့။



Tpn8uwclj4a8ax8lzzjh

မေမေတို့ရေ နောက်ပြီး အခုကျားလေးမှာရှိနေတဲ့ အားမပြင်းတဲ့ စုပ်တဲ့ပစ္စည်းလေးတေွကိုလည်း မေးမြန်းဝယ်ယူပြီး ကလေးလေးတေွအတွက် အဆင်ပြေအောင်ပြုလုပ်ပေးလို့လည်း ရနိုင်ပါသေးတယ်။ အဲ့ဒီလိုစုပ်ရင်တော့သတိတော့ထားပေးပါနော်။ ကလေးလေးကငယ်သေးတာမို့လို့ လူကြီးအားနဲ့ အားပြင်းပြင်းတော့ မလုပ်မိဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ မေွးစကလေးတေွအတွက် ချွဲကုန်အောင်ဆိုပြီး အားပြင်းပြင်းနဲ့စုပ်ထုတ်မယ်ဆိုရင် ကလေးလေးတေွအတွက် အန္တရာယ်များတာမို့လို့ပါ။

(မေးလိုရာမေး မေ့ရင်သေွးမှကောက်နုတ်ချက်)

မေမေတို့ရေ ဘေဘီလေးတေွရဲ့အဆင်မပြေမှုတေွအတွက် စိတ်မညစ်နဲ့တော့နော်။ ကျားလေးက မေမေတို့အတွက် အမြဲတမ်းအကူအညီပေးနေမှာပါ။ မေမေနဲ့ ဘေဘီလေးတေွအားလုံး ကျန်းမာရွှင်လန်းကြပါစေနော်။

မိခင်နဲ့ ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)


Pnud3etdq7rknvuuv8ky

မေမေတို့ရေ ဘေဘီလေးတေွ နှာခေါင်းပိတ်နေမယ်ဆိုရင် နှာခေါင်းထဲကို ဆားရည်လေးကို အစက်ချပေးရမှာပါ။ တစ်ဖက်ကိုတစ်စက်စီနဲ့ နို့မစို့ခင်အချိန်လေးတိုင်းမှာ ထည့်ပေးဖို့လိုပါတယ်။ ဆားရည်လေး ပြုလုပ်ဖို့ကတော့ ရေသန့်လေးတစ်ခွက်၊ ဆားသန့်သန့်လေး လက်ဖက်စားဇွန်းတစ်ဇွန်းနဲ့ ဖျော်ရမှာပါ။ ပြီးရင်တော့ စက္ကူကတော့လေးလုပ်ပြီး တိတ်ကလေးနဲ့ နှာရည်ချူလို့လည်းရနိုင်ပါတယ်နော်။