မေမေတို့ရေ သားသားမီးမီးလေးတေွရဲ့အမြင်အာရုံကောင်းပြီး မျက်လုံးနဲ့ အသားအရေကောင်းမွန်လှပစေဖို့အတွက် မုန်လာဥနီကျေွးပေးဖို့လိုအပ်ပါတယ်နော်။ မုန်လာဥနီမှာ ဗီတာမင် အေ၊ ဘီ၊ စီကြွယ်ဝစွာပါ၀င်ပါတယ်။ အဲ့ဒါကြောင့်လည်း ကျန်းမာရေးအတွက် အထောက်အကူပြုစေနိုင်တဲ့အပြင် အမြင်အာရုံတိုးတက်ကောင်းမွန်စေဖို့ အသားအရေရဲ့ကျန်းမာရေးပြည့်ဝစေဖို့ အထောက်အပံ့ပေးပါတယ်။
မေမေတို့ရေ ဖြည့်စွက်စာကျေွးလို့ရပြီဖြစ်တဲ့အရွယ်ရောက်ရင်တော့ ဘေဘီလေးတေွကို မုန်လာဥနီအနှစ်လေးပြင်ဆင်ပေးတာမျိုး၊ မုန်လာဥနီဖျော်ရည်လေးကို တိုက်ကျေွးပေးတာမျိုး၊ ဟင်းလျာတေွထဲမှာ မုန်လာဥနီလေးထည့်သွင်းကျေွးတာမျိုးတေွှပုလုပ်ပေးပြီး ကလေးငယ်လေးတေွရဲ့ အမြင်စွမ်းရည်ကို ကောင်းမွန်စေဖို့အတွက် ပြုလုပ်ပေးနိုင်ပါတယ်။
အခုခေတ်မှာ မိုဘိုင်းဖုန်းတေွခေတ်စားလာတာလည်းဖြစ်လို့ သားသားမီးမီးလေးတေွကို မိဘတေွက မဖြစ်မနေမိုဘိုင်းဖုန်းပေးကြည့်ရတာမျိုးတေွရှိတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ မုန်လာဥနီဖြည့်စွက်စာလေးကို အမျိုးမျိုးပြင်ဆင်ကလေးငယ်တေွရဲ့ အမြင်အာရုံထိခိုက်မှုကို ကာကွယ်ထားနိုင်ဖို့အတွက် မေမေတို့သိအောင် မှျဝေပေးလိုက်ပါတယ်နော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)