အိမ်ထောင်သည် အမျိုးသမီးများ စိတ်ဖိစီးမှုခံစားရဆုံးအချိန်က ရင်သေွးလေးတေွ လွယ်ထားရတဲ့ အချိန်ပါပဲ။ အဲဒါကြောင့် ကိုယ်ဝန်ဆောင်ထားတဲ့ ဇနီးသည်ကို ခင်ပွန်းသည် ယောကျင်္ားကလည်း ဂရုစိုက် ပြုစုစောင့်ရေှာက်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီချိန်မှာ ကိုယ်ဝန်ဆောင်ထားတဲ့ မိခင်တစ်ယောက်မှာ ခံစားချက်အမျိုးမျိုး ဖြစ်ပေါ်နိုင်ပါတယ်။ ရင်သေွးငယ်လေးကို လွယ်ထားတဲ့အတွက် မိခင်တစ်ယောက်ရဲ့ ပိတိ၊ ချစ်ခြင်းမေတ္တာကို တေွ့မြင်နိုင်သလို အဲဒီရင်သေွး လေးကြောင့်ပဲ မိခင်တစ်ယောက်ရဲ့ ပူပန်စိတ်နဲ့ အမျိုးမျိုးသော စိတ်ဖိစီးမှုကိုလည်း ခံစားရနိုင်ပါတယ်။
ကိုယ်ဝန်လွယ်ထားတဲ့ မိန်းမတစ်ယောက်က မိမိခင်ပွန်းရဲ့ ဂရုစိုက်ပေးမှုကို လိုအပ်ပါတယ်။ ကိုယ့်ဇနီးသည် ကိုယ်ဝန်ဆောင်ထားချိန်မှာ ခင်ပွန်းဖြစ်သူကလည်း ဖေးမပေးပါ။ ကူညီပေးပါ။ သူရဲ့ စိတ်ခံစားချက်တေွကို ဂရုစိုက်နားထောင်ပေးပါ။ကိုယ့်ရဲ့ ဇနီးသည်က သူခံစားနေရတာတေွကို ရင်မဖွင့်လာခဲ့ရင်လည်း ကိုယ်က သူ့အတွက် နားအလည်ပေးနိုင်ဆုံးခင်ပွန်းကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာကို သူ့ကိ်ုပြောပြပါ။
ပျော်ရွှင်တာပဲဖြစ်ဖြစ်၊ ဝမ်းနည်းတာပဲဖြစ်ဖြစ်၊ ခင်ပွန်းဖြစ်သူကို ဖွင့်ဟ ပြောပြလာခဲ့ရင် မိခင်အတွက် ကျန်းမာရေးလည်း ကောင်းမွန်သလို ဗိုက်ထဲက ကလေးငယ်အတွက်လည်း အကျိုးရှိစေပါတယ်။ ကိုယ်ဝန်ဆောင်မိခင် တစ်ယောက်က စိတ်ကို တတ်နိုင်သမှျ ရှင်းနိုင်သမှျ ရှင်းထားရပါမယ်။ပေါ့ပေါ့ပါးပါး ရှိနေရပါမယ်။ ဒါမှလည်း ကိုယ်ဝန်ဆောင်စဉ် တစ်လေှျာက်လုံး ကျန်းမာပျော်ရွှင်မှုကို ခံစားရမှာဖြစ်ပါတယ်။
အိမ်ထောင်ဦးစီးဖြစ်တဲ့ ခင်ပွန်းသည်ဟာလညး် မိသားစုထဲမှာ စီးပွားရေးတစ်ခုထဲ အာရုံစိုက်ရှာဖေွပေးနေရုံနဲ့ မပြီးပါဘူး။ တည်ဆောက်ထားတဲ့ မိသားစုကို ချစ်ခင် နေွးထေွးမှုပေးရပါမယ်။ မိမိရဲ့ ဇနီးသည်ကို ဂရုစိုက်ပေးဖို့ လိုအပ်ပြီး အတတ်နိုင်ဆုံးအနားမှာနေပြီး သူခံစားရသမှျ ခံစားချက်များကို မှျဝေနားလည် ပေးဖို့ လိုအပ်ပါတယ်။
ဇနီးသည်က မိမိရင်သေွးလေးကို လွယ်ထားကတည်းက ဇနီးသည်ရဲ့ ကျန်းမာရေး၊ အစားအသောက်၊ အနေအထိုင်ကအစ အသေးစိတ်ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်တာ ကိုယ်မဟုတ်တဲ့အတွက် ကိုယ်နဲ့ မဆိုင်ဘူးလို့ တေွးလို့မရပါဘူး။ ကိုယ့်ရဲ့ဇနီးသည် အားရှိအောင် စိတ်အားမငယ်အောင် ဇနီးသည်နှင့် အတူတူနေကာ ဖေးမကူညီရပါမယ်။ အဓိက အရေးကြီးတာက ဇနီးသည်ရဲ့ စိတ်နဲ့ ထပ်တူဖြစ်နေဖို့လိုအပ်ပါတယ်။ဖခင်တစ်ယောက်ဖြစ်လာမယ့် ကိုယ်ကိုယ်တိုင် သန္ဓေသားလေးကို လွယ်ထားရသလို ဇနီးသည်ကို စောင့်ရေှာက်မှုပေးနိုင်ရပါမယ်။
#mIgI