မေမေတို့ရေ ဘေဘီလေးတေွရဲ့စိတ်ကို ပျော်ရွှင်စေပြီး ဦးနေှာက်ဉာဏ်ရွှင်စေတဲ့ အရာတေွထဲမှာ အရောင်တေွလည်း ပါ၀င်တယ်လို့ ဆိုပါတယ်။ အရောင်ဆိုတာက လူတေွရဲ့စိတ်ကို အများကြီးခန့်မှန်းပေးနိုင်တာကြောင့် နုပျိုမြစ်ဆဲဖြစ်တဲ့ ကလေးတေွရဲ့စိတ်ကိုလည်း အထောက်အကူပြုစေနိုင်ပါတယ်။ အသက်အရွယ်အပိုင်းအခြားအလိုက် ကလေးတေွအနားမှာရှိသင့်တဲ့ အရောင်ကန့်သတ်ချက်တေွ၊ ပိုပြီးစိတ်အားတက်ကြွစေမယ့် အရောင်တေွရှိပါတယ်။ ဒါပေမယ့်လည်း အသက် တစ်နှစ်ကနေ နှစ်နှစ်အရွယ်ကြားကလေးတေွမှာဆိုရင်တော့ သင်ယူမှုတေွသင်ပြမှုတေွအတွက် အရောင်စုံကို သူတို့အနားထားရှိပေးသင့်တာဖြစ်ပါတယ်။
နောက်ပြီး ဒီအရွယ်ဘေဘီလေးတေွရဲ့ အခန်းထဲမှာ ဦးနေှာက်ဉာဏ်ရည်ကို ထက်မြက်စေမယ့် ရောင်စုံဂိမ်းကစားနည်းတေွကိုလည်း ထားပေးပြီး သူတို့လေးတေွရဲ့ စိတ်ကို ခံစားသိမြင်စေဖို့ လမ်းဖွင့်ပေးနိုင်ပါတယ်။ မေမေတို့ရေ ဘေဘီလေးတေွရဲ့ ဉာဏ်ရည်ထွက်မြက်စေဖို့အတွက် အရောင်စုံဂိမ်းလေးတေွကို ရှာဖေွှပီး သူတို့အနီးထားပေးထားဖို့လည်း မမေ့ပါနဲ့နော်။ မေမေတေွအားလုံး ထူးချွန်ထက်မြက်တဲ့ သားသားမီးမီးလေးတေွကို ပျိုးထောင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
(မေ့ရင်သေွး မဂ္ဂဇင်းမှကောက်နုတ်ဖော်ပြချက်)
မိခင်နဲ့ ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)
အဲ့ဒီလိုသင်ပြပေးရင်းက သူတို့လေးတေွဟာ သိတတ်၊ မှတ်တတ်ပြီး သူတို့ရဲ့စိတ်ကြိုက်အရောင်လေးတေွကို ရေွးချယ်ခိုင်းလို့လည်းရနေပါပြီ။ အဲ့ဒီအရောင်လေးတေွနဲ့အတူ သူတို့ရဲ့ စိတ်ခံစားမှုအခြေအနေတေွကိုလည်း ပြောခိုင်းရင်းက ကလေးတေွရဲ့ စိတ်ထားလေးတေွကို အရောင်လေးတေွနဲ့အတူ သင်ပြပေးလို့ကောင်းတဲ့အရွယ်တေွပဲပေါ့။
မေမေတို့ရေ ၁ နှစ်ကနေ ၂ နှစ်အရွယ် ကလေးတေွဆိုတာ သူတို့ပါးစပ်ကနေ ဘာသာစကားမျိုးစုံပြောရင်း အရောင်တေွရဲ့ ကွဲပြားခြားနားမှုတေွကို သိနေကြပြီလည်းဖြစ်ပါတယ်။ သူတို့ရဲ့အနီးအနားမှာ အရောင်မျိုးစုံချထားပေးမယ်ဆိုရင် ဘယ်ဟာက ဘာအရောင်ဆိုတာတေွ သူတို့ကို ခွဲခြားခိုင်းကြည့်ပြီး သင်ပြပေးလို့ရနေပြီနော်။