စျေး မီဒီယာ
အခြား

မေမေတို့ကိုယ်တိုင်ပြုလုပ်ပေးနိုင်မယ့် ဖြည့်စွက်စာ အာဟာရမှုန့် ...

Posted by Harry June 25, 2018
Aqfzfgncjszl3dpwvlxr

မေမေတို့ရေ သားသားမီးမီးလေးတေွအတွက် ဖြည့်စွက်စာအာဟာရမှုန့်လေးကို နေအိမ်မှာပဲ ကိုယ်တိုင်ပြုလုပ်နိုင်ဖို့အတွက် နည်းလမ်းလေးမှျဝေလိုက်ပါတယ်နော်။ သားသားမီးမီးလေးတေွအတွက် ကိုယ်တိုင်ပြုလုပ်ပေးရမှ စိတ်ကျေနပ်မယ်ဆိုတဲ့ မေမေတေွအတွက်ပါနော်။

ပါ၀င်ပစ္စည်းများ ..
- ပဲဝါလေး .. စားပွဲဇွန်း ၂ ဇွန်း
- ကုလားပဲ .. စားပွဲဇွန်း ၂ ဇွန်း
- အားဖြည့်ဆန် .. ပန်းကန်လုံး ၁ လုံး
- သီဟိုစေ့ .. ၁၀ စေ့

ပြင်ဆင်ပြုလုပ်နည်း ..
- အရင်ဆုံး ပါ၀င်ပစ္စည်းအားလုံးကို ရောနေှာပြီး ရေ ၃ ထပ်ခန့်ဆေးပေးပါ။
- ရေဆေးပြီးပါက ရေစစ်ပြီး ဗန်းတစ်ခုအပေါ်တွင် ပိတ်စသန့်သန့်ခင်းကာ ရေဆေးထားသည့် ပါ၀င်ပစ္စည်းများကို ဖြန့်ပြီးထည့်ပါ။
- နေရောင်အောက်တွင် တစ်ရက်ခန့်အခြောက်လှမ်းပေးပါ။
- အခြောက်လှမ်းပြီးပါက ပါ၀င်ပစ္စည်းများကို အိုးသန့်သန့်လေးထဲသို့ထည့်ပြီး လေှာ်ပေးပါ။
- အရောင်လေးများရဲလာပြီဆိုပါက မီးဖိုပေါ်မှချပြီး အမှုန့်ကြိတ်ပေးပါ။
- အမှုန့်ကြိတ်သည့်အခါ အားလုံးကျေညက်စေရန် ဇကာလေးဖြင့် အထပ်ထပ်စစ်ပြီး အမှုန့်ညက်အောင် ကျိတ်ပေးဖို့လိုပါတယ်နော်။
- ပြီးတဲ့အခါမှာတော့ ရလာတဲ့အမှုန့်တေွကို လေလုံလုံသိမ်းထားပြီး သားသားမီးမီးတို့အတွက် တစ်ခါပြင်စာအနေအထားသာယူပြီး ရေနေွးလေးဖြင့် ဖျော်ကာ ပြင်ဆင်ကျေွးနိုင်ပါပြီနော်။ (၆ လပြည့်ပြီးသည့်သားသားမီးမီးလေးများအတွက်တော့ မိခင်နို့လေးဖြင့်ရောပြီး ကျေွးရင်လည်းရပါတယ်)

မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.