စျေး မီဒီယာ
အခြား

သီးစုံဆန်ပြုတ်ဖြည့်စွက်စာ ..

Posted by Harry June 24, 2018
Zmxpslbrdhizxmw3rize

မေမေတို့ရေ ဒီကနေ့မှာတော့ သားသားမီးမီးလေးတေွအတွက် သီးစုံဆန်ပြုတ်လေးကို ဖြည့်စွက်စာလေးပြင်ဆင်ပေးလိုက်ရအောင်နော်။

ပါ၀င်ပစ္စည်းများ ..
- အားဖြည့်ဆန် .. စားပွဲဇွန်း ၃ ဇွန်း (ရေဆေးထားပါ)
- မုန်လာဥနီ .. တစ်ဥ (အခွံခွာရေဆေးပြီး အတုံးလေးများတုံးထားပါ)
- ဘိုစားပဲ .. ၅ တောင့် (ရေစင်အောင်ဆေးပြီး အကြောသင်ကာ အတုံးလေးများတုံးထားပါ)
- အာလူး .. တစ်လုံး (အခွံခွာရေဆေးပြီး အတုံးလေးများတုံးထားပါ)
- ပဲဝါလေး .. စားပွဲဇွန်း ၂ ဇွန်း (ရေဆေးပြီး ဆန်နှင့်ရော၍ ရေစိမ်ထားပါ)
- ကြက်သွန်ဖြူ .. တစ်မွှာ (အခွံခွာရေဆေးထားပါ)
- နနွင်း .. အနည်းငယ်

ပြင်ဆင်ချက်ပြုတ်နည်း ..
- ပေါင်းအိုးသန့်သန့်ထဲသို့ ပါ၀င်ပစ္စည်းများအားလုံးထည့်ပြီး ရေသန့်ပန်းကန်လုံး ၂ လုံးထည့်မေွှပြီး ပေါင်းထားပါ။
- နာရီဝက်ခန့်ပေါင်းပြီးပါက အဖုံးဖွင့်မေွှပေးပါ။
- ရေခမ်းစပြုပြီး ပါ၀င်ပစ္စည်းအားလုံးနူးအိသွားသည်အထိ ရေအနည်းငယ်ထပ်ထည့်ပေါင်းပြီးပါက မီးဖိုပေါ်မှာချကာ ဇွန်းဖြင့်ချေပြီးသားသားမီးမီးတို့အတွက် ပြင်ဆင်ပေးနိုင်ပါပြီ။

မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.