အခုလိုရာသီမျိုးမှာ မိသားစုတိုင်းသတိထားသင့်တဲ့ အူရောင်ငန်းဖျားရောဂါနဲ့ပတ်သက်ပြီး ကျားလေးကနေ မှျဝေပေးချင်ပါတယ်။
ရောဂါလက္ခာများ ..
- ပထမရက်သတ္တပတ်အတွင်း လူနာသည်ကိုယ်ပူဖျား၍ နံနက်ခင်းထက် ညပိုင်းမှာအဖျားပိုတတ်ပါတယ်။ သေွးခုန်နှုန်းကသာမာန်ထက် မြန်ပေမယ့် ကိုယ်ပူချိန်တက်တာနဲ့ဆီလျော်အောင်တော့ မမြန်ပါ။ လူနာကတော့ ကိုယ်လက်နာကျင်ပြီး ဦးခေါင်းကိုက်ခဲကာ နုံးချိတတ်ပါတယ်။ များသောအားဖြင့်တော့ဒီလိုအချိန်မှာ ၀မ်းချုပ်တတ်ပါတယ်။
- ဒုတိယရက်သတ္တပတ်ရောက်ရင်တော့ လူနာရဲ့ဝမ်းဗိုက်အပေါ်ပိုင်းနဲ့ နောက်ကျောတို့မှာ အနီစက်ကလေးတေွကို တေွ့နိုင်ပြီး အဲ့ဒီအနီစက်လေးတေွကို လက်နဲ့ဖိကြည့်မယ်ဆိုရင်တော့ ပျောက်ကွယ်သွားတတ်ပါတယ်။ နောက်ပြီး ၃ ရက်အတွင်း အနီစက်ကလေးပျောက်ကွယ်သွားတတ်ပါတယ်။ ဒီအချိန်မှာ လူနာရဲ့ဝမ်းဗိုက်ကိုစမ်းသပ်ကြည့်မယ်ဆိုရင်တော့ သရက်ရွက်ကိုစမ်းသပ်တေွ့နိုင်မှာဖြစ်ပါတယ်။ ၀မ်းဗိုက်အနည်းငယ်တင်းပြီး ညာဘက်အောက်အစွန်ကိုနှိပ်ကြည့်မယ်ဆိုရင် နာကျင်တတ်ပါတယ်။ ပဲဟင်းရည်ကဲ့သို့ ၀မ်းလေှျာတတ်ပါတယ်။ လေပြွန်ချောင်းရောင်ပြီးချောင်းဆိုးခြင်း၊ အဖျားပြင်း၍ ငန်းဝင်ခြင်းတို့ဖြစ်နိုင်ပါတယ်။
- တတိယရက်သတ္တပတ်မှာတော့ လူနာရဲ့အခြေအနေကို အဆုံးအဖြတ်ပေးနိုင်တာဖြစ်ပါတယ်။ ဆေးဝါးကုသမှုမရှိဘူးဆိုရင်တော့ လူနာဟာသေွးဆိပ်တက်ပြီး သတိလစ်သေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါမဟုတ်ရင်လည်း အူမှာရှိတဲ့အနာကနေ သေွးယိုစီးခြင်း၊ အူပေါက်ခြင်းတို့ဖြစ်ပြီး သေဆုံးတတ်ပါတယ်။ လူနာရဲ့ကိုယ်ခံအားကောင်းပြီး ခံနိုင်ရည်ရှိမယ်ဆိုရင်တော့ အဖျားကျပြီးပြန်လည်ကောင်းမွန်လာနိုင်ပါတယ်နော်။
- ပါရာတိုက်ဖွိုက်ဆိုရင်တော့ တိုက်ဖွိုက်လိုပြင်းထန်မှုမရှိဘဲ အချိန်တိုပြီးသက်သက်သာသာနဲ့ ပြန်လည်ကောင်းမွန်ကာ လူနာရဲ့အသက်အန္တရာယ်ကိုတော့ မဖြစ်စေပါဘူးနော်။
မေမေတို့ရေ ဒီရောဂါက ဘယ်လိုပုံစံမျိုးကူးစက်နိုင်သလဲဆိုရင်တော့ ရောဂါပိုးပါတဲ့ အစားအသောက်၊ ရေ၊ အသုံးအဆောင်ပစ္စည်းတေွကတဆင့် အခြားသူတစ်ဦးဦးရဲ့ အစာလမ်းကြောင်းကို ရောဂါပိုးတေွ ကူးစက်ဝင်ရောက်တတ်ပါတယ်။
ရောဂါအစပျိုးချိန်ကတော့ ရက်သတ္တပတ် တစ်ပတ်ကနေ သုံးပတ်အတွင်းဖြစ်တတ်ပြီး များသောအားဖြင့်တော့ ၁၄ ရက်အတွင်းမှာဖြစ်ပွားတတ်ပါတယ်။
ဒီရောဂါကူးစက်မှုမဖြစ်ပွားဖို့ဆိုရင်တော့ .. သန့်ရှင်းတဲ့ယင်လုံအိမ်သာတေွ ဆောက်လုပ်အသုံးပြုတာ၊ အမှုိက်တေွကိုစနစ်တကျစွန့်ပစ်နိုင်ဖို့အတွက် ဆောင်ရွက်တာ၊ ရေကောင်းရေသန့်နဲ့ ရေလုံလောက်စေဖို့ ဆောင်ရွက်တာ၊ အစားအသောက်သန့်ရှင်းရေးဆောင်ရွက်တာ၊ ကျန်းမာရေးပညာပေးလုပ်ငန်းတေွဆောင်ရွက်တာတေွကို လုပ်ဆောင်ပေးဖို့လိုပါတယ်နော်။
(Source-ကျန်းမာရေးဝန်ကြီးဌာန)
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)