စျေး မီဒီယာ
အခြား

အရသာရှိပြီး သားသားမီးမီးတို့သဘောကျမယ့် သီးစုံထောပတ်ထမင်းကြော် ..

Posted by Harry June 21, 2018
Omizhgxri9wpdefqxggp

မေမေတို့ရေ သားသားမီးမီးတို့လည်း အကြိုက်တေွ့စေမယ့်အပြင် တစ်မိသားစုလုံးအကြိုက်တေွ့မယ့် သီးစုံထောပတ်ထမင်းကြော်လေးကို နံနက်စာပြင်ဆင်လိုက်ရအောင်နော်။

ပါ၀င်ပစ္စည်းများ ..
- အားဖြည့်ဆန် ... နို့ဆီဗူးတစ်လုံး
- ထောပတ် ... ၅ ကျပ်သား
- သီဟိုစေ့ ... ၅ ကျပ်သား
- စပျစ်ခြောက် ... တစ်ထုပ်
- ပဲစိမ်း ... ပန်းကန်လုံးတစ်ဝက်
- မုန်လာဥနီ ... တစ်ထောင့် (အခွံခွာရေဆေးပြီး အတုံးလေးများတုံးထားပါ)
- ဘိုစားပဲ ... ၁၀ တောင့် (ရေဆေးပြီး အတုံးလေးများလှီးထားပါ)
- ပြောင်းဖူး ... တစ်ဖူး (ပြုတ်ပြီး ခြေွထားပါ)
- သကြား ... အနည်းငယ်
- အိုင်အိုဒင်းဆား ... အနည်းငယ်
- ကရဝေးရွက် ... အနည်းငယ်
- ဇီယာစေ့ ... အနည်းငယ်
- သစ်ချပိုးခေါက် ... အနည်းငယ်

ပြင်ဆင်ချက်ပြုတ်နည်း ...
- ဦးစွာ ဆန်ကို ထမင်းရည်ငှဲ့ချက်ပြီး ထမင်းရည်စစ်ထားပါ။
- ဒယ်အိုးထဲသို့ ထောပတ်အနည်းငယ်ထည့်အပူပေးပြီးပါက ရေဆေးထားသည့်သီဟိုစေ့နှင့် ရေစိမ်ထားသည့် စပျစ်ခြောက်ထည့်ကြော်ပြီး ခဏထားကာ ပန်းကန်ပြားထဲသို့ဆီစစ်ထည့်ထားပါ။
- ကျန်သည့်ထောပတ်များထပ်ထည့်ပြီး ထောပတ်ပျော်သွားပါက ကရဝေးရွက်၊ ဇီယာစေ့၊ သစ်ချပိုးခေါက်ထည့်မေွှပါ။ ပြီးလှျင် ပြောင်းဖူး၊ ပဲစိမ်း၊ ဘိုစားပဲ၊ မုန်လာဥနီထည့်မေွှပါ။
- တအောင့်ကြာပါက ထမင်းရည်စစ်ထားသည့် ထမင်းများထည့်မေွှပါ။ ဆားအနည်းငယ်ထည့်ပြီးမေွှကြော်ပေးပါ။
- နှံ့အောင်မေွှပြီးပါက သကြားအနည်းငယ်ထပ်ထည့်ပြီးသမအောင်မေွှပေးပါ။
- ၅ မိနစ်ခန့်မေွှပေးပြီးပါက ပန်းကန်ပြားထဲတွင်စစ်ထားသည့် သီဟိုစေ့၊ စပျစ်ခြောက်ကြော်ကိုထည့်မေွှပါ။
- ၁၀ မိနစ်ခန့်မေွှပြီးကြော်ပေးပြီးပါက မီးဖိုပေါ်မှချကာ အအေးခံပြီး နှစ်သက်ရာ အချဉ်ဖြင့်တွဲဖက် စားသုံးနိုင်ပါပြီ။

မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.