မေမေတို့ရေ အခုကကျောင်းတက်ရတဲ့အချိန်လည်းရောက်နေပြီဆိုတော့ သားသားမီးမီးလေးတွေအတွက် ကျောင်းထမင်းဗူးလေးထဲမှာ စားစရာလေးပြင်ဆင်ပေးဖို့နဲ့ ကျောင်းမသွားမီနံနက်စာလေးကို စားချင်စဖွယ်ပြင်ဆင်ပေးဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ ဒီနံနက်စာလေးကတော့ သာမာန်ဘရာကြော်တွေလိုမဟုတ်ဘဲ အသီးအရွက်လေးတွေနဲ့ ကလေးတွေအတွက် အာဟာရလည်းပြည့်ဝစေမယ့်အသီးအရွက်လေးတွေပါ ပါဝင်တဲ့ဘရာကြော်ပုံစံလေးပါနော်။
ပါ၀င်ပစ္စည်းများ ..
- ပဲနီလေး ... ၁၀ ကျပ်သား (ရေစင်အောင်ဆေးပြီး မိနစ် ၂၀ ခန့်ရေစိမ်ထားပါ)
- မုန်လာဥနီ ... တစ်ဥ (အခွံခွာရေဆေးပြီး ခြစ်ထားပါ)
- အာလူး ... တစ်ဥ (အခွံခွာရေဆေးပြီး ခြစ်ထားပါ)
- ဟင်းနုနွယ်ရွက် ... အရွက်ချည်းပန်းကန်လုံးတစ်လုံး (ရေစင်အောင်ဆေးထားပါ)
- ဂျုံမှုန့် ... ပန်းကန်လုံးတစ်ဝက်
- ကြက်သွန်နီ ... အကြီးတစ်လုံး (အခွံခွာရေဆေးပြီးနုတ်နုတ်စင်းထားပါ)
- ဂေါ်ဖီ ... တစ်စိတ် (အခွံခွာရေဆေးပြီး နုတ်နုတ်လှီးထားပါ)
- အိုင်အိုဒင်းဆား ... အနည်းငယ်
- ဆော်ဒါမှုန့် ... အနည်းငယ်
- မဆလာ ... အနည်းငယ်
- ငြုပ်သီးမှုန့် ... အနည်းငယ်
- ဟင်းချက်သံလွင်ဆီ
- ကြက်သွန်ဖြူ ... အနည်းငယ် (အခွံခွာပြီး နုတ်နုတ်စင်းထားပါ)
- ဂျင်း ... အနည်းငယ် (အခွံခွာရေဆေးပြီး ထောင်းထားပါ)
- သံပုရာသီး ... တစ်လုံး (ရေစင်အောင်ဆေးထားပါ)
- နနွင်းမှုန့် ... အနည်းငယ်
ပြင်ဆင်ချက်ပြုတ်နည်း ..
- ဦးစွာအိုးသန့်သန့်လေးထဲသို့ သံလွင်ဆီထည့်ပါ။ နနွင်းမှုန့်အနည်းငယ်ထည့်ပါ။
- ဆီပူလာပါက ကြက်သွန်နီ၊ ဂေါ်ဖီ၊ အာလူး၊ မုန်လာဥနီများနှင့် ဆားအနည်းငယ် ထည့်မေွှပါ။ ၂၅ မိနစ်ခန့် အပူပေးပြီး ကြော်ထားပါ။
- blander ထဲသို့ ပဲနီလေးရေစိမ်များထည့်ပါ။ ဟင်းနုနွယ်ရွက်များထည့်ပါ။ ဂျုံမှုန့်ထည့်ပါ။ မဆလာ၊ ငြုပ်သီးမှုန့်၊ ဆား အနည်းငယ်ထည့်ပါ။ ကြက်သွန်ဖြူထည့်ပါ။ ထောင်းထားသည့်ဂျင်းကိုအရည်ညှစ်ထည့်ပါ။ သံပုရာသီးအရည်ညှစ်ထည့်ပါ။
- ပြီးလှျင် ညက်နေအောင်ကျိတ်ပေးပါ။
- ညက်သွားပါက ပန်းကန်ထဲသို့ထည့်ပြီး မူလကကြော်ထားသည့်မုန်လာဥနီ၊ အာလူးများထည့်ပြီးမေွှပေးပါ။ ဆော်ဒါမှုန့်အနည်းထည့်မေွှပေးပါ။
- သမအောင်မေွှပေးပြီးပါက လိုသလိုပုံစံလေးများပုံဖော်ပြီး ထားပါ။ (သားသားမီးမီးတို့သဘောကျစေရန် အသဲပုံလေးများ၊ အရုပ်ပုံလေးများပုံသွင်းနိုင်ပါသည်)
- အကြော်အိုးထဲသို့ဆီထည့်ပါ။
- ဆီပူလာပါက ပုံဖော်ထားသည့်အတုံးလေးများကို ထည့်ပြီးကြော်ပါ။ မိနစ် ၂၀ ခန့်ကြော်ပေးပြီး အရောင်ရဲလာပါက မီးဖိုပေါ်မှ ချပြီးအအေးခံဆီစစ်ပြီးပါက သားသားမီးမီးလေးတို့ကို ကျေွးနိုင်ပါပြီနော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)