စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

ကလေးဘယ်အရွယ်မှာ သွားစတိုက်ကြမလဲ?

Posted by Htoo Yan Aung September 20, 2019
Ce4cdb3p0ub9cs0ye4su

ကလေးသွားဆိုတာ ကလေးလေးတေွ အစာကောင်းကောင်းစားနိုင်ဖို့ ၊ အသံပီပီသသ ၊ စကားပီပီသသ ပြောနိုင်ဖို့ အဓိက ထောက်ပံ့ပေးနေတဲ့ အရာတေွပါပဲ။ ဒ့ါအပြင် လူကြီးသွားပေါက်ချိန်မှာ အချိန်မှန် ၊ နေရာမှန် ပေါက်နိုင်ဖို့ မေးရိုးပေါ်က နေရာတေွကို ထိန်းသိမ်းပေးထားသေးတယ်ဆိုရင်လည်း မမှာပါလူး။ ဒါ့ကြောင် ့ကလေးသွားလေးတေွကို ကျန်းကျန်းမာမာနဲ့ သန့်ရှင်းအောင် ထိန်းသိမ်းထားဖို့က သိပ်ကိုအရေးကြီးပါတယ်။

Yljmatdu8qlrm1npqkgw

နေ့စဉ်သွားတိုက်ပေးရုံနဲ့ ကလေးသွားလေးတေွဟာ သန့်ရှင်းကျန်းမာနိုင်ပါတယ်။ ဒါပေမယ့် မိဘတော်တော်များများဟာ ကလေးဘယ်အရွယ်မှာ သွားစတိုက်သင့်သလဲဆိုတာကို မသိကြပါဘူး။ ကလေးသွားမပေါက်ခင် အချိန်ကတည်းက သွားစတိုက်ပေးသင့်ပါတယ်လို့ အကြံပြုထားကြပါတယ်။ လူငုတ်တုတ် သွားငုတ်တုတ်ဆိုသလို ကလေးငုတ်တုတ်စထိုင်တဲ့ ခြောက်လသားအရွယ်မှာ ကလေးသွားလေးတေွ စပေါက်ပါတယ်။

Gpb25nng54mzhtpffu9z

သွားတေွဟာ သွားဖုံးကိုဖောက်ပြီး ထွက်လာတာဖြစ်တဲ့အတွက် သွားပေါက်ချိန်မှာ သွားဖုံးသန့်ရှင်းမှုမရှိတဲ့အခါ အသစ်ထွက်လာတဲ့ သွားကလေးတေွရဲ့ ကြံခိုင်မှုကို လျော့နည်းစေပါတယ်။ ကြံ့ခိုင်မှုမရှိတဲ့သွားဟာ အရောင်မလှတာ ၊ သွားပိုးစားလွယ်တာ ၊ အချိန်မတိုင်ခင်သွားကျိုးတာ စတဲ့ မလိုလားအပ်တဲ့ ပြဿနာတေွကိုဖြစ်စေပါတယ်။ ဒါ့ကြောင့် သွားမပေါက်ခင်ကတည်းက သွားတိုက်ပေးပါလို့ အကြံပြုထားတာပဲဖြစ်ပါတယ်။

Wvcbe4ibd6p8qnsvbkis

ကလေးအသက်ငါးလကျော်အရွယ်ကစပြီး သွားတိုက်ပေးရပါမယ်။ ဒါပေမယ့် သွားမရှိတဲ့ ကလေးတေွကို သွားတိုက်ဖို့အတွက် သွားပွတ်တံနဲ့ သွားတိုက်ဆေး လုံးဝမလိုအပ်ပါဘူး။ လုံးဝမသုံးရပါဘူး။ ရေခပ်နေွးနေွးနဲ့ သန့်ရှင်းတဲ့ဂွမ်းစ ၊ ဒါမှမဟုတ် အဝတ်စလေးပဲ လိုအပ်ပါတယ်။ ကလေးကို နို့တိုက်ပြီးတဲ့အခါ ၊ ညအိပ်ခါနီးတဲ့အခါ သန့်ရှင်းတဲ့အဝတ်စ ၊ ဒါမှမဟုတ် ဂွမ်းစလေးကို ရေခပ်နေွးနေွးစွတ်ပြီး ကလေးရဲ့သွားဖုံးတစ်လေှျာက် သန့်ရှင်းပေးရမှာ ဖြစ်ပါတယ်။ ဒါမှသာ သွားဖုံးလေးတေွမှာ ဘက်တီးရီးယားတေွ ကပ်ငြိမနေနိုင်တော့ဘဲ ကျန်းမာတဲ့ သွားကလေးတေွ ထွက်လာဖို့ အထောက်အကူ ပြုမှာပဲ ဖြစ်ပါတယ်။

Xgozc7ffqazubhpqm1se

ကလေးအောက်သွားလေးနှစ်ချောင်း ပီပီပြင်ပြင် ထွက်လာပြီဆိုတာနဲ့ (အသက်ရှစ်လမှဆယ်လအရွယ်) သွားတိုက်တံကိုစပြီး အသုံးပြုသင့်ပါပြီ။ ဒါပေမယ့် ကလေးတေွရဲ့ သွားဖုံးသားလေးတေွဟာ အရမ်းကိုနုနယ်သေးတဲ့အတွက် သွားတိုက်တံကို ရေွးချယ်တဲ့နေရာမှာ အထူးဂရုပြုရပါလိမ့်မယ်။

HYA (kyarlay)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.