
မိသားစုဘဝထူထောင်ရန် ရင်သွေးလေးယူရာမှာ ခရီးစဉ်တစ်လျှောက်သာယာ ချမ်းမြေ့တာများပေမယ့် မမျှော်လင့်ထား၊ မမျှော်မှန်းထားတာလေးတွေက အချိန်မရွေး၊နေရာမရွေး ပေါ်လာတတ်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်ဝန်ဆောင်စဉ်၊ မီးနေချိန်မှာ ကိုယ်ဝန်စောင့်ရှောက်မှု စနစ်တကျခံယူခြင်းဖြင့် အန္တရာယ်လျှော့ချနိုင်ပါတယ်။ ကိုယ်ဝန် ပထမ ၅ လအတွက် လုံးဝသတိထားရန်လိုအပ်သော အခြေအနေများကို ဖော်ပြလိုက်ရပါတယ်။
ဗိုက်ကြီးနာစွဲပြီး ဆီးနည်းခြင်း၊ ဆီးအရောင်ရင့်ခြင်း၊

ဗိုက်ကြီးနာစွဲခြင်းသည် သဘာဝဖြစ်သော်လည်း အစာ လုံးဝမဝင်ဘဲ ဆီးနည်းလာပြီး အရောင်ရင့်လာရင် အန္တရာယ်လက္ခဏာဖြစ်လာပြီဖြစ်ပါတယ်။ အကြောဆေးသွင်းပြီး လိုအပ်သောကုသမှုများ ခံယူရန် ဆေးရုံသို့ အမြန်သွားရန်လိုအပ်ပါတယ်။
သွေးဆင်းခြင်းနှင့် ဗိုက်နာခြင်း

သွေးနည်းနည်းသာဆင်းပြီး ကိုက်ခဲနာကျင်မှုမရှိလည်း ပျက်ချင်သလို အဆင့်ဖြစ်နေပါပြီ။ ဆီးစပ်ကိုက်လာပြီး သွေးဆင်းများလာရင် ကျိန်းသေပေါက် ပျက်မယ့်သဘော ဖြစ်ပါတယ်။ ကလေးအတွက် အန္တရာယ် ဖြစ်သလို အမေအတွက်လည်း အန္တရာယ်များတဲ့အတွက် ဆေးရုံအမြန်သွားပါ။

သေွးဆင်းသိပ်မများသော်လည်း ဆီးစပ်မှ ပြင်းထန်စွာ ရုတ်တရက် နာပြီးဗိုက်တပြင်လုံး အထိမခံနိုင်အောင်နာလျှင် ဥပြွန်တွင် သန္ဓေတည်ပြီး ဗိုက်ထဲတွင် သွေးများယိုထွက်နေခြင်း ဖြစ်နိုင်ပါတယ်။ အချိန်မီမကုသမှုမရလျှင် အသက် အန္တရာယ်ရှိပါတယ်။ အရေးပေါ်ဗိုက်ခွဲရတတ်ပါတယ်။ အမြန်ဆေးရုံသွားသင့်ပါတယ်။ သွေးလှူဘဏ်မရှိသော ဆေးရုံဖြစ်ပါက သွေးအလှူရှင်ပါ ခေါ်သွားသင့်ပါတယ်။သွေးဆင်းများပြီး စပျစ်သီးကဲ့သို့ အလုံးလေးများ ဆင်းပါက စပျစ်သီး သန္ဓေဖြစ်နိုင်ပါတယ်။ သွေးဆင်းများပြီး အမေ အသက် အန္တရာယ် ရှိပါတယ်။
ကလေးဖျက်ထားပြီး အဖျားဝင်လာခြင်း

ပိုးဝင်ပြီး ပိုးဆိပ်တက်ပြီး ဖျားခြင်းဖြစ်နိုင်ပါတယ်။ ဗိုက်ကို အထိ မခံနိုင်အောင်နာခြင်း၊ အလုံးအကြိတ် များရှိလာပါက ဗိုက်ကို အထိ မခံနိုင်အောင်နာခြင်း၊ အလုံး အကြိတ် များရှိလာပါက ဗိုက်ထဲတွင် ပြည်တည်ခြင်း ဖြစ်တတ်ပါတယ်။ အသက် အန္တရာယ်ရှိပြီး အရေးပေါ် ဗိုက်ခွဲရတတ်ပါတယ်။ ဆေးရုံသို့ အမြန်ဆုံးပို့ပေးပါ။
#MiGi