ကျားလေးရဲ့ ဖေဖေ၊ မေမေတို့ရေ အခုအချိန်မှာ ဖေဖေ၊ မေမေတို့အနေနဲ့ ဘေဘီလေးရဖို့ကြိုးစားနေတယ်ဆိုရင်တော့ ဒီအစားအစာလေးတေွကို နေ့စဉ်စားသုံးပေးဖို့မမေ့ပါနဲ့နော်။ အခုဖော်ပြပေးမယ့် အစားအစာတေွက ကလေးရဖို့အတွက် ကြိုးစားနေတဲ့ ဖေဖေ၊ မေမေတို့အတွက် အထောက်အကူပေးပါလိမ့်မယ်နော်။
တူနာငါး၊ ဆော်လမွန်ငါး
နေ့စဉ်စားသုံးတဲ့ ဟင်းတစ်ခွက်မှာ အဆီဓာတ်ကြွယ်ဝတဲ့ တူနာငါး၊ ဆော်လမွန်ငါးလိုမျိုးငါးဟင်းတစ်ခွက်ကို ထည့်ဖြစ်အောင် ထည့်သွင်းလိုက်ပါနော်။
သစ္ခ်သီး
ဇနီးမောင်နှံနှစ်ဦး တီဗွီကြည့်ရင်းဖြစ်ဖြစ် အပြင်းပြေစားပေးပေါ့နော်။ ဒါမှလည်း ဘေဘီလေး မြန်မြန်ရမှာပေါ့လို့။
ပဲပုပ်
ပဲပုပ်လေးချက်စား၊ နောက်ပြီး ပဲနို့လေးပုံမှန်သောက်ပေးရင်တော့ ဘေဘီလေးအမြန်ရလာနိုင်ပါတယ်နော်။
ငါးကြီးဆီ
ဖေဖေ၊ မေမေတို့ရေ ငါးကြီးဆီလေးတစ်နေ့တစ်လုံးလောက်သောက်ပေးပေါ့နော်။ အားဆေးလည်းဖြစ်တာပေါ့။
ပင္လယ္စာ
ဟင်းလျာတေွစီမံတဲ့အခါ ပင်လယ်စာဟင်းလေးတေွကို တစ်နေ့တစ်ခွက်လောက်တော့ ပါ၀င်အောင်စီမံချက်ပြုတ်ကြည့်ပါနော်။ ဘေဘီလေးရရှိဖို့ ကြိုးပမ်းနေတဲ့အခုလိုအချိန်မျိုးမှာ ဒီဟင်းလျာလေးကတော့ မပါမဖြစ်ပေါ့နော်။
ကြက်သား၊ ဘဲသား
မေမေတို့ရေ ကြက်သားဟင်းတစ်ခွက် (ဒါမှမဟုတ်) ဘဲသားဟင်းလေးတစ်ခွက်လောက်ကိုတော့ နေ့စဉ် Menu ထဲမှာထည့်ထားလိုက်တော့နော်။ အချို့တေွကတော့ ဘဲသားဟင်းနဲ့မတည့်တတ်ကြတော့ ကြက်သားလေးကို မပါမဖြစ်စီမံကြည့်ပြီး ဘေဘီလေးရဖို့ ကြိုးစားကြတာပေါ့နော်။
အေစ့၊ အဆံမ်ား
မေမေတို့ရေ အရံဟင်းလေးတေွထဲမှာ အစေ့အဆံပါ၀င်အောင်စီမံနိုင်ပါတယ်နော်။ ပဲဟင်းလေးတစ်ခွက်လောက်နေ့စဉ်ထည့်ချက်ရင်တောင်ရပါတယ်နော်။ တစ်ခုရှိတာကတော့ နေ့စဉ်ထမင်းကတော့ မပါမဖြစ်စားသုံးနေရတဲ့အတွက်တော့ အထေွအထူးထည့်သွင်းနေဖို့တော့မလိုတော့ပါဘူးနော်။
အသီးအရွက်များ
မေမေတို့ရေ အရံဟင်းလျာတေွထဲ အရွက်ကြော်လေးတစ်ခွက်လောက်တော့ နေ့စဉ်ထည့်သွင်းလိုက်ပါနော်။ ဟင်းနုနွယ်၊ ပန်းစိမ်းလိုအရာမျိုးတေွကတော့ အကောင်းဆုံးပေါ့။ နောက်ပြီး ထမင်းစားပြီးတဲ့အခါ အသီးလေးနဲ့အချိုတည်းပေးတာကလည်း ဘေဘီလေးတေွရရှိဖို့ အကောင်းဆုံးအထောက်အပံ့ပါပဲနော်။
မေမေတို့ရေ အခုဖော်ပြပေးခဲ့တဲ့ အစားအစာလေးတေွကို နေ့စဉ်စီမံချက်ပြုတ်စားသောက်ပြီး ဘေဘီလေးရရှိဖို့ ကြိုးပမ်းသလို ဒီကာလအတွင်းမှာ မေမေတို့က ဖောလစ်အက်ဆစ်ဆေးလေးကို နေ့စဉ်တစ်နေ့တစ်လုံးတော့ သောက်ပေးဖို့လိုပါတယ်နော်။ ဘေဘီလေးရဖို့ကြိုးစားနေကြတဲ့ ဖေဖေ၊ မေမေတေွ အမြန်ဆုံးချစ်စရာဘေဘီလေးတေွရရှိနိုင်ပါစေနော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)