
ပျော်ရွင်ဖွယ်မိသားစုလေးတစ်ခုဖန်တီးဖို့အတွက် အိမ်ထောင်သည်များမှာ ဝင်ငေွများတွက်ဆခြင်း၊ ကလေးယူမယ့်အချိန်တွက်ဆခြင်းနဲ့ ယူမယ့်ကလေးလေးရဲ့ အနာဂတ်လှပဖို့အတွက် ကြိုတင်ပြင်ဆင်ခြင်းများ ပြုလုပ်တတ်ကြပါတယ်။ မိသားစုရေရည်စီမံကိန်းအတွက် သားဆက်ခြားခြင်းများလည်း ပြုလုပ်တတ်ကြပြီး ကလေးရလွယ်စေရန် ပြုလုပ်တတ်သော အယူအဆအမှားများလည်း ရှိတတ်ပါတယ်။

သားအိမ်ခြစ်ရင် ကလေးရလွယ်တယ်ဆိုတာမဟုတ်ပါဘူး။ သားအိမ်ခြစ်တာက ရေမြောင်းထဲက အမှုိုက်ရှင်းပစ်သလိုပဲလို့ပြောကြတာလည်း ရှိပါသေးတယ်။ တကယ်တော့ သားအိမ်ခြစ်ရင်း အခန့်မသင့်လို့ ပိုးဝင်သွားပြီး သားအိမ်ရောင်သွားရင် ဥပြွန်လမ်းကြောင်းများပိတ်သွားတတ်ပါတယ်။

အဲ့လိုအခြေအနေမှာ ကလေးရဖို့ ပိုမိုခက်ခဲတတ်ပါတယ်။ လစဉ်ပုံမှန်ရာသီလာနေပြီး နေကောင်းနေရင် သားအိမ်က သန့်ရှင်းနေသော အနေအထားမှာ ရှိနေပါတယ်။ သားအိမ်မသန့်ဘဲ ပိုးဝင်နေရင်တော့ ဆီးစပ်ကိုက်ခြင်း၊ ပုပ်နံနံသောပြည်ကဲ့သို့ အဖြူရည်ဆေးခြင်း၊ ပုံမှန်မဟုတ်ဘဲ သေွးဆင်းခြင်း၊ နှင့် အိမ်ထောင်နဲ့ ဆက်ဆံချိန် အောင့်ခြင်း၊နာခြင်းများ ဖြစ်တတ်ပါတယ်။ အဲ့လိုဖြစ်ရင်လည်း သားအိမ်မခြစ်ရပါဘူး။

ဆေးကုသမှုခံယူရပါမယ်။ သားအိ်မ်သန့်စင်ချင်လို့ဆိုပြီးခြစ်မှပိုဆိုးသွားနိုင်ပါတယ်။ ကလေးရရန် သားဥကြေွရက်မှာ အိမ်ထောင်နဲ့ ဆက်ဆံရန်လိုအပ်ပါတယ်။ တစ်လမှာ သားဥတစ်ဥ ဥပြီ်း သားဥကြေွှပီး ၂၄ နာရီအတွင်း သုတ်ပိုးနှင့် မတေွ့လှျင် သားဥ အလိုလို ပျောက်သွားပါတယ်။ ကျန်တဲ့ရက်တေွမှာ ဆက်ဆံခြင်းက ကလေးမရနိုင်ပါဘူး။ သားဥကြေွတဲ့ရက်ကိုတွက်ပြီး နေရန်လိုအပ်ပါတယ်။

၂၈ ရက်တစ်ခါ ရာသီလာသူအတွက် ရာသီစပေါ်တဲ့နေ့ကနေ ၁၄ ရက်နေ့ဟာ သားဥကြေွတဲ့နေ့ဖြစ်ပါတယ်။ ရာသီဘလာရက်ဟာ ရေှ့တိုးနောက်ဆုတ် ရှိနိုင်တဲ့အတွက် ရာသီစပေါ်ရက်မှ ၁၂ ရက်မြောက်နေ့ကစပြီး ရ ရက်ကို ပုံမှန် နေ့တိုင်း သို့မဟုတ် တစ်ရက်ထက် ပိုမခြားဘဲနေသင့်ပါတယ်။ အဲ့ရက်တေွထဲမှာ နှပ်လို ချွဲများများဆင်းတဲ့ရက်ဟာ သားဥကြေွတဲ့ရက် ဖြစ်ပါတယ်။ အဲ့ရက်မှာ ပိုကြိုးစားသင့်ပါတယ်။ အဲ့လို ၃ လလောက်ကြိုးစားရာမှမရရင်တော့ စစ်ဆေးစရာလေးများလိုပါတယ်။ ဆရာဝန်နှင့်တိုင်ပင်ပါ။ ပျော်ရွင်ဖွယ် မိသားစုလေးပိုင်ဆိုင်နိုင်ဖို့ ဆန္ဒပြုလိုက်ရပါတယ်နော်။
#MiGi