ကိုယ်ဝန်ဆောင်မိခင်တေွဟာ လစေ့ပြီး ဗိုက်နာရေဆင်းလို့ မေွးချင်လာတဲ့အခါ ဆေးရုံတက်၍ မေွးကြပါတယ်။ အဲလိုမေွးတဲ့အခါ ရိုးရိုးပဲ မေွးကြတာရှိသလို ရိုးရိုး မမေွးနိုင်လို့ ခွဲမေွးခဲ့ရတာမျိုးလည်း ရှိကြပါတယ်။ တကယ်လို့ သားဦးမိခင်တေွဆိုလှျင် ရိုးရိုးမေွးတဲ့အခါ မေွးလမ်းကြောင်းက ကျဉ်းနေတတ်ပါတယ်။ ထိုအခါ အလွယ်တကူ အဆင်ပြေပြေ ကလေးထွက်လာနိုင်အောင်ဆိုပြီးတော့ မေွးလမ်းကြောင်း ချဲ့ပေးရပါတယ်။ ကလေး မေွးပါများလာလှျင်တော့ မေွးလမ်းကြောင်းက ချဲ့နေစရာ မလိုတော့ပါဘူး။ မေွးလမ်းကြောင်းက ကျယ်နေပြီးသား ဖြစ်တဲ့အတွက်ပါ။ ကလေးမေွးကြတဲ့အခါမှာ ကျှန်တော်သတိထားမိတာ တစ်ခုကတော့ သားဦးမိခင်တေွဟာ တစ်ချို့ဆို ဗိုက်နာကျဉ်ခြင်း သိပ်မခံစားရဘဲ မေွးတတ်ကြပါတယ်။ ဒုတိယမြောက် ကိုယ်ဝန်ဖြစ်ခဲ့ရင်တော့ ဗိုက်နာတာ ပိုခံစားရသလို ထွက်တာကလဲ အနည်းငယ် ကြာတတ်ပါတယ်။ သုံးယောက်မြောက်၊ လေးယောက်မြောက်ဆိုလှျင်တော့ သိပ်လဲမနာ ထွက်တာလဲ မြန်ပါတယ်။ တစ်ခါတလေ ကျတော့လဲ တစ်ချို့က သားဦးမှာတင် အော်ဟစ်နေတော့တာပါပဲ။
ကဲ ထားပါတော့။ မေွးလမ်းကြောင်းချဲ့တယ်ဆိုတာ ကလေးမြန်မြန် ထွက်လာနိုင်အောင်၊ ထွက်လာတဲ့အခါ မေွးလမ်းကြောင်းတစ်ဝိုက်တွင် စုတ်ပြဲမှုနည်းအောင်ဆိုပြီးတော့ မေွးလမ်းကြောင်းအပေါက်နဲ့ စအိုနှစ်ခုအကြား အရေပြားဖြစ်တဲ့ Perineum ကို ညှပ်လိုက်တာပါပဲ။ ဒီလိုညှပ်လိုက်တဲ့အခါ အထွက်ပေါက်က ပိုကျယ်သွားပြီး ကလေးထွက်လာစေပါတယ်။ ခုနညှပ်လိုက်တဲ့အရေပြား Perineum ဆိုတာ အမေွးအမှျင်မရှိသလောက် နည်းတဲ့နေရာဖြစ်သလို အဲ့ဒီအရေပြားအောက်မှာ အဆီလွှာမရှိဘဲ ကြွက်သားသာရှိပါတယ်။ ဒါဆို ဒီမေွးလမ်းကြောင်းကို ဘယ်လိုအခြေအနေမှာ ညှပ်ကြမလဲ။ ထိုအရေပြား ဆိုးရွားစွာ စုတ်ပြဲသွားတဲ့ အခြေအနေတေွှဖစ်တဲ့ သားဦးမေွးခါနီး ခေါင်းမြင်နေရတဲ့အခါ အရင်ညှပ်ထားပေမယ့် အမာရွတ် တက်နေသောအခါ၊ ကလေးမျက်နှာက ဆီးခုံဘက်ရောက်နေတဲ့အခါ၊ မျက်နှာနဲ့ထွက်လာတဲ့အခါ၊ ကလေးကြီးတဲ့အခါ၊ ပုခုံးတစ်နေတဲ့ အခါတေွမှာရယ်၊ ခေါင်းထွက်တာကြာနေတဲ့အခါ၊ နှလုံးရောဂါ၊ သေွး တိုးရောဂါရှိလို့ မြန်မြန်ထွက်စေချင်တဲ့အခါ၊ ကလေး အသက်ရှူကျပ်နေတဲ့အခါ၊ ချက်ကြိုးကျှံကျနေသာအခါ ၊ လမစေ့ပဲ မေွးပြီး ဦးနေှာက်တွင်း သေွးယိုမှု နည်းစေချင်တဲ့အခါ၊ ဆုံပိုင်းနဲ့မေွးတဲ့အခါ ၊ အကူကိရိယာဖြစ်တဲ့ ညှပ်ဆွဲမေွးခြင်း၊ လေစုပ်မေွးတဲ့အခါ မေွးလမ်းကြောင်းကို ချဲ့ပေးဖို့ လိုပါတယ်။
မေွးလမ်းကြောင်းချဲ့တာမှာ ပုံစံအမျိုးမျိုး ရှိပါတယ်။ ပထမတစ်မျိုးက အတည့်ညှပ်ချတာပါ ။ စအို ဆီဦးတည်ပြီး ညှပ်တာပါ။ ဒီပုံစံမျိုးသုံးခြင်းဟာ သေွးထွက်နည်းခြင်း၊ ပြန်ချုပ်ရလွယ်ခြင်း၊ အနာကျက် မြန်စေခြင်း၊ သိပ်မနာခြင်းတေွ ဖြစ်စေပါတယ်။ သို့သော် အောက်က စအိုထိ ပေါက်သွားနိုင်ခြေ ၆ဆ ရှိပါတယ်။ နောက်တစ်မျိုးကတော့ ဘေးဘက်သို့ညှပ်ခြင်းပါ။ ထိုသို့ညှပ်ခြင်းဟာ စအိုကြွက်သားကို မထိခိုက်တော့ပါဘူး။ သို့သော် ညှပ်ရထူခြင်း၊ သေွးပိုထွက်ခြင်း၊ ပြန်ချုပ်ရလှျင် သိပ်မတွဲတတ်ပါဘူး။ တော်တော်များများ သုံးနေတာကတော့ အတည့်ဘေး ပုံစံမျိုးပါ။ ပထမအတည့် အောက်ဘက်ကို အနည်းငယ်ညှပ်ပြီး ဘေးဘက်သို့စောင်းပြီး ဆက်ညှပ်သွားတာပါ။ ဒီတစ်မျိုးကျတော့ စအိုကြွက်သားလည်း သိပ်မထိဘူး။ လုပ်ရလွယ်ကူတယ်။ ပြန်ချုပ်ရလည်း လွယ်ပါတယ်။ မကောင်းတာကတော့ အနာကျက် နည်းနည်းနေှးတယ်။ သေွးပိုထွက်တယ်။ ချုပ်ပြီးသား ချုပ်ရိုးက ပိုနာတတ်ပါတယ်။ တစ်ချို့က ဂျေပုံသဏ္ဍာန် ညှပ်ပါတယ်။ သူကတော့ စအိုကြွက်သားမပါဘူး။ သို့သော် ချုပ်ရ ပိုခက်ပါတယ်။
ကလေးမြန်မြန်ထွက်နိုင်အောင်၊ စုတ်ပြဲမှုနည်းအောင် မေွးလမ်းကြောင်းချဲ့ပေမယ့် နောက်ဆက်တွဲ ဆိုးကျိုးတေွလည်း ရှိတတ်ပါသေးတယ်။ ညှပ်တာများသွားလှျင် စအိုကြွက်သားထိ၍ မစင်လမ်းကြောင်းထိ ပေါက်သွားခြင်း ၊ သေွးထွက်များခြင်း ၊ သေွးခဲစုခြင်း ၊ ပိုးဝင်ခြင်း၊ အနာပြန်ကွဲထွက်ခြင်း၊ ပြန်ချုပ်တာ များသွားတဲ့အခါ အပေါက်ကျဉ်းလွန်းသွားပြီးတော့ အမျိုးသားနဲ့ အတူနေတဲ့အခါ နာကျဉ်ခြင်း၊ နောက်တစ် ကြိမ်မေွးတဲ့အခါ စအိုထိ ပြဲနိုင်ခြေရှိခြင်းတေွ ရှိတတ်ပါတယ်။
မေွးလမ်းချဲ့ပြီး ပြန်ချုပ်ရတဲ့အခါ အလွှာသုံးလွှာကို ပြန်ချုပ်ရပါတယ်။ နူးည့ံတဲ့အသားဖြစ်တဲ့ Mucosa အလွှာရယ် ၊ ကြွက်သားအလွှာရယ် ၊ အရေပြားအလွှာရယ်ဆိုပြီးတော့ သုံးလွှာပြန်ချုပ်ရပါတယ်။ ချုပ်တဲ့အခါ နည်းဥပဒေသကတော့ သေွးထွက်တာ ထိန်းနိုင်ရမယ်။ နေရာလွတ်၊ ဟနေတဲ့နေရာ မကျန်ရဘူး။ တအားတင်းပြီးတော့ မချုပ်ရပါဘူး။ ပြန်ချုပ်ပြီးတဲ့အခါမှာလည်း ဂရုပြုနေရပါမယ်။ လူနာက မေွးပြီးမှ အောက်က အရမ်းနာနေသလား။ သေွးက တအားဆင်းနေသလား။ ဖောင်းလာနေသလား။ ဖြူဖျော့ပြီး မူးဝေလာသလားဆိုတာတေွ ရှိမရှိ လူနာကိုမှာထားရမှာဖြစ်သလို ရှိလှျင် ချက်ချင်းလာပြောခိုင်းထားရပါမယ်။ အဓိကကြောက်ရတာကတော့ သေွးစုခြင်းပါပဲ။
ချုပ်နေရင်း ချက်ချင်းသိရင်တော့ ပြန်ဖွင့်ပြီး ပြန်ချုပ်ရပါမယ်။ နာရီအနည်းငယ်ကြာမှ သိရင်တော့ ခွဲခန်းထဲမှာ ခါးရိုးဆစ် ထုံဆေးပေးပြီး ပြန်ဖွင့်ပြီး သေွးထွက်ရာနေရာရှာပြီးတော့ ပြန်ချုပ်ရပါတယ်။ လိုအပ်လှျင် ပိုးသတ်ဆေးပါ ထိုးထားရပါမယ်။ တစ်ချို့ကျတော့ အိမ်ပြန်ရောက်ပြီးမှ ချုပ်ရိုး ပြန်ကွဲထွက်တာလည်း ရှိတတ်ပါတယ်။ တစ်ချို့ကျ ဆေးရုံမဆင်းခင်မှာကတည်းက ပြန်ကွဲထွက် တတ်ကြပါတယ်။ ဒါဆိုရင်တော့ ပြန်ချုပ်ဖို့ လိုအပ်ပါမယ်။ မေွးလမ်းချဲ့ထားတဲ့နေရာထဲ ပိုးဝင်ပြီး ပြည်တည်တာကတော့ အခု ရှားသွားပါပြီ။ ဘာလို့လဲဆိုတော့ လူနာတိုင်းကို မေွးပြီး ပိုးသတ်ဆေးတေွတိုက်ထားတယ်။ သေချာရေနဲ့ ဆေးခိုင်းထားတယ်။ ထဘီသန့်သန့်တေွ ဝတ်ခိုင်းတယ်။ ပိုးသတ်ဆေးရည်အဝါ အမြဲထည့်ခိုင်းထားတာကြောင့် ပိုးဝင်နိုင်မှုကတော့ နည်းပါတယ်။ အားလုံးပဲ ကျန်းမာလန်းဆန်းကြပါစေ။
#Ref(ဒေါက်တာ ကောင်းစံ- မေွးလမ်းကြောင်းချဲ့ခြင်းနဲ့ ကျန်းမာရေး ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)