Kyarlay.com

almost 2 years

မေမေလောင်းတို့ ဂရုပြုဖို့အတွက်


Gn29sgaeyymsoefghmwt

ကျားလေးရဲ့ မေမေလောင်းတို့ရေ ကိုယ်ဝန်ဆောင်ချိန်မှာသတိပြုဖို့ လိုအပ်တာလေးတေွကို သတိတစ်ချက်ထားမိသွားပေစဖို့ ဖော်ပြပေးချင်ပါတယ်။ ကိုယ့်ရင်သေွးအတွက် မေမေတေွတိုင်းက စိုးရိမ်မှုတေွရှိတတ်ကြမှာပါ။ ဂရုတစိုက်နဲ့ ရင်သေွးလေးတေွကို ထိန်းသိမ်းစောင့်ရေှာက်နေတဲ့ကြားကပဲ ပုံမှန်မဟုတ်တဲ့အခြေအနေတေွနဲ့ ကြုံတေွ့ရတတ်ပါတယ်။ မေမေလောင်တို့လည်းဒီလိုအခြေအနေတေွနဲ့ ကြုံတေွ့လာရတယ်ဆိုရင် သေချာဂရုပြုကြဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

 


Kdijnro3xj3kni64sonk

မေမေတို့ရေ ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးကို သေသေချာချာဂရုစိုက်ဖို့အတွက် အကြံပြုလိုက်ပါတယ်နော်။ ကိုယ့်ရဲ့ရင်သေွးလေးကို သေွးခဲလေးကစတင်ပြီး တစ်ဆင့်တစ်ဆင့်နဲ့ ကြီးထွားလာချိန်အထိကိုယ်ဝန်ဆောင်မိခင်တစ်ဦးရဲ့ ခံစားရတဲ့ ဝေဒနာတေွက သားသမီးအတွက်ဆိုတဲ့ စိတ်နဲ့ပဲ မေမေတေွအားလုံးရင်ဆိုင်ဖြတ်သန်းနေကြတာမဟုတ်လား။ အဲ့ဒီအတွက်လည်း မေမေတေွအားလုံး ကျန်းမာလှပပြီး ရင်သေွးငယ်လေးတေွကို ကျန်းကျန်းမာမာမေွးဖွားသန့်စင်နိုင်ဖို့အတွက် ကျားလေးအဖွဲ့သားတေွက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

(မေ့ရင်သေွး မဂ္ဂဇင်းရဲ့ မေးလိုရာမေး မေ့ရင်သေွးကဏ္ဍမှ ကောက်နုတ်ဖော်ပြအပ်ပါသည်)

မေမေနဲ့ ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

လရင့်တဲ့ကလေး သိပ်မလှုပ်ဘူးဆိုရင်


Kfrlpsnekhqruevc8sxe

မေမေလောင်းတို့ရေ ကိုယ့်ရဲ့ကိုယ်ဝန်က လရင့်နေပြီ။ ကလေးလှုပ်ရှားမှုလည်း ရှိနေပြီ။ အဲ့ဒီနောက်ပိုင်းမှာမှ ကလေးက သိပ်ပြီးလှုပ်ရှားမှုမရှိတော့ဘူးဆိုရင်တော့ စိုးရိမ်ရတဲ့ အခြေအနေတစ်ခုမှာ ဖြစ်နေနိုင်ပါတယ်။ ကလေးအတိုးနည်းတာ သေချာတယ်ဆိုရင်တော့ မပေါ့ဆသင့်ပါဘူး။ အဲ့ဒီလိုဖြစ်တာကတော့ ကလေးက နေသိပ်မကောင်းတာကြောင့် အတိုးနည်းနေတာပါ။ အဲ့ဒီအခြေအနေမျိုးမှာ အချိန်မီကုသမှုမခံယူဘူးဆိုရင်တော့ ကလေးသေသွားတတ်ပါတယ်။ တစ်ခုရှိတာကတော့ လအရမ်းရင့်သွားပြီဆိုရင် ကလေးထွားလာပြီး ဗိုက်ထဲမှာ နေရာကြပ်သွားလို့ ကလေးတိုးအားလျော့တာမျိုးရှိတတ်တယ်ဆိုပေမယ့် အကြိမ်အရေအတွက်တော့ လျော့မှာမဟုတ်ပါဘူး။ တကယ်လို့ တိုးတဲ့အကြိမ်နည်းသွားပြီဆိုရင်တော့ အန္တရာယ်အခြေအနေလို့သတ်မှတ်ပြီး နီးစပ်ရာဆေးရုံေါဆးခန်းတေွကို သွားရောက်ကြဖို့လိုပါတယ်နော်။

ကိုယ်ဝန်ရှိရက်နဲ့ သေွးဆင်းလာမယ်ဆိုရင်


Ju08ycbk8ru35ai5ujzx

မေမေတို့ရေ ကိုယ်ဝန်ရှိရက်နဲ့ သေွးဆင်းနေတယ်ဆိုတာ သဘာဝမဟုတ်ပါဘူးနော်။ လနုတုန်းဆင်းမယ်ဆိုရင် ကလေးပျက်ချင်သလိုဖြစ်တာလား။ စပျစ်သီး သန္ဓေလား။ ဥပြွန်မှာ သန္ဓေတည်တာလား။ တစ်ခုခုဖြစ်နိုင်သလို လရင့်မှဖြစ်တာဆိုရင်တော့ အချင်းကွာတာ၊ အချင်းပုံမှန်နေရာမရှိဘဲ အောက်မှာခံနေတာမျိုးတေွလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုသေွးဆင်းတယ်ဆိုတာ မေမေလောင်းတေွအတွက်ရော ရင်သေွးလေးအတွက်ရော အန္တရာယ်ရှိတာမို့လို့ နီးစပ်ရာဆေးရုံ ဆေးခန်းတေွကို အမြန်သွားရောက် ပြသဖို့အတွက် အကြံပြုလိုက်ပါတယ်နော်။