ရိုးရိုးမွေးဖို့ မသင့်တော်မှသာ ခွဲမွေးသင့်ပြီး ကောင်းကျိုးထက် ဆိုးကျိုးပိုများပါတယ်။ ကလေးမွေးဖို့ ဗိုက်မနာရဘဲ ခွဲသောကြောင့်တော့ နာကျင်ရမှာပါ။ ရိုးရိုးမွေးမယ်ဆို စ နာစ ၁၀ မိနစ်မှာ ၁-၂ ခါ စက္ကန့် ၂၀-၃၀ လောက်နာတတ်ပါတယ်။ တဖြည်းဖြည်း အနာစိပ်လာပြီး ပိုပိုနာလာမှာ ဖြစ်ပါတယ်။ မွေးခါနီး ၁၀ မိနစ်မှာ ၃ ခါလောက်နာပြီး တစ်ခါနာရင် စက္ကန့် ၄၀-၆၀ လောက်ကြာတတ်ပါတယ်။ သားဦးဆိုရင် နည်းနည်း အနာကြာတတ်ပေမယ့် သားနှောင်းဆိုရင်မြန်တတ်ပါတယ်။
၆ နာရီမှ ၈ နာရီထိကြာတတ်ပြီး ကလေးထွက်ပြီးရင် နာတာချက်ချင်း ပျောက်သွားပါတယ်။ ပုံမှန်သွားလာ လှုပ်ရှားလို့ရပါတယ်။ မိန်းမကိုယ်အဝမှာ အနာရှိရင်လည်း အနည်းအကျဉ်း လောက်နာတတ်ပါတယ်။ ခွဲမွေးရင်တော့ ခွဲနေတုန်း ထုံဆေး မေ့ဆေးကြောင့် မနာပေမယ့် ထုံဆေးပျယ်တာနဲ့ နာတတ်ပါတယ်။ အနာသက်သာဆေးထိုးလည်း အာနိသင်ပျယ်ရင်ပြန်နာတတ်ပြီး ၂၄ နာရီကျော်လို့ စလှုပ်ရှားရင် အသည်းအသန်နာတတ်ပါတယ်။ တစ်ပတ်လောက်မှာ ခါးဆန့်ပြီး လမ်းလျှောက်ရန်မနည်းကြိုးစားရပါတယ်။
ရိုးရိုးမွေးတာကထုံဆေး မေ့ဆေးမသူံးရတဲ့အတွက် ထုံဆေး မေ့ဆေး အန္တရာယ် မရှိပေမယ့် ခွဲမေးရင်တော့ ထုံဆေး၊မေ့ဆေးကြောင့် အသက် အန္တရာယ်ပါရှိနိုင်ပါတယ်။ ရိုးရိုးမွေးတာက သဘာဝလမ်းကြောင်းအတိုင်း သားအိမ်ရဲ့ ညှစ်အား၊ အမေရဲ့ ညှစ်အားလိုအပ်ပြီး ခွဲမွေးခြင်းက ညှစ်အားမရှိဘဲနှိုက်ထုတ်ရတာဆိုတော့ တခါတလေထုတ်ရခက်ခဲတာတွေရှိတတ်ပါတယ်။ ရိုးရိုးမွေးတာကတော့ သူအလိုအလျောက် သဘာဝ အတိုင်း ဗိုက်နာမှ မွေးတာဖြစ်တဲ့အတွက် ရက်မှားမှာ မပူရတော့ ပါဘူး။ ခွဲမွေးတာတော့ ရက်တွက်မှားနိုင်ပြီး ခွဲမိရင် ကလေးလမစေ့ဘဲ နုသွားတတ်ပါတယ်။ သိပ်နုသွားရင် ကလေးအတွက် အသက်အန္တရာယ်အထိရှိတတ်ပါတယ်။ သို့မဟုတ်ရင်တော့ ချူချာပြီး ပျိုးထောင်ရန်ခက်ခဲတတ်ပါတယ်။
သဘာဝအတိုင်း မွေးလမ်းကြောင်းကတိုးထွက်ပြီးမွေးခြင်းဖြင့် ကလေးငယ် အဆုတ်ထဲက ရေမြွာရည်တွေ ညှစ်ထုတ်လိုက်သလိုဖြစ်ပြီး ပထမဆုံးအသက်ရှူလိုက်ချိန် လေအိတ်လေးတွေပွင့်သွားပြီး ခွဲမွေးတဲ့အခါ အဆုတ်ထဲက ရေမြွာများမထွက်သွားတဲ့အတွက် မွေးပြီးချိန် အသက်ရှူမြန်လာခြင်း၊ အသက်ရှူရန်ခက်ခဲခြင်တွေဖြစ်တတ်ပါတယ်။ ခွဲမွေးရင် ကလေးခေါင်းထုတ်ရန်ခက်သော အခါမျိုးမှလွဲပြီး ကလေးမွန်းနိုင်ချေ နည်းပါတယ်။ ရိုးရိုးမွေးတာကတော့ မိခင်အခြေအနေ ကလေးအခြေအနေ မွေးဖွားခြင်း အခြေအနေ တိုးတက်မှုကို စောင့်ကြည့်ဖို့ ကျွမ်းကျင်သူလိုပါတယ်။ အကဲမခတ်တတ်ရင် မိခင်ရောကလေးပါ အန္တရာယ်ရှိတတ်ပါတယ်။
ခွဲမွေးခြင်းကြောင့် သွေးထွက်တဲ့ပမာဏလည်း ပိုများတတ်ပြီး သားအိမ်ခွဲကြောင်း သွေးပြန်ထွက်ရင် ဗိုက်ပြန်ခွဲရခြင်း၊ သားအိမ်ထုတ်ရခြင်းတွေ ဖြစ်တတ်ပါတယ်။ ခွဲကြောင်းပိုးဝင်ပြီး အနာပြန်ကွဲတတ်ပါတယ်။ ဗိုက်ခွဲမွေးတဲ့သူအတွက် ပြန်ချုပ်ရဖို့များပါတယ်။ ရိုးရိုးမွေးသူတွေအတွက် မိန်းမကိုယ်အဝက အနာပြန်ကွဲရင် အနာကသေးပြီးအလွယ်တကူ ပြန်ကျက်လွယ်ပါတယ်။ ခွဲမွေးတဲ့သူတေွမှာ သားဖွားလမ်းကြောင်း လျော့ရဲသွားခြင်း မရှိသော်လည်း ရိုးရိုးမွေးသူတွေမှာတော့ ရှိတတ်ပါတယ်။ကိုယ်ဝန်ဆောင်မေမေများ ကျွမ်းကျင်တဲ့ ဆရာဝန် နဲ့တိုင်ပင်ဆွေးနွေးပြီး အကောင်းဆုံးနည်းလမ်းကို ရွေးချယ်သင့်ပါတယ်နော်။
#MiGi