စျေး မီဒီယာ
အခြား

သားသားမီးမီးတို့အတွက် ဖြည့်စွက်စာ ...

Posted by Lin Myat June 19, 2018
Bouvb43wn9ifiembmwcm

မေမေတို့ရေ ဒီတစ်ခါမှာတော့သားသားမီးမီးလေးတေွအတွက် စားလို့ကောင်းပြီး အရသာတေွ့စေမယ့် ကြက်သား၊ ကန်းစွန်းဥဆန်ပြုတ်လေးကို ဖြည့်စွက်စာပြင်ဆင်ပေးလိုက်ရအောင်နော်။ အစာမာမာတေွကို မစားနိုင်သေးတဲ့ ကလေးငယ်လေးတေွအတွက်သာမက နာမကျန်းဖြစ်ပြီး အစာမာမာမစားနိုင်သေးတဲ့ မေမေတို့အတွက်လည်း ပြင်ဆင်လို့ရပါတယ်။

ပါ၀င်ပစ္စည်းများ ..
- အားဖြည့်ဆန် ... ပန်းကန်လုံးတစ်ဝက် (ရေဆေးထားပါ)
- ကြက်သား ... ၁၀ ကျပ်သား (အရေခွံမပါအသားချည်း) (ရေဆေးပြီးအတုံးလေးများတုံးထားပါ)
- ကန်စွန်းဥ ... အရွယ်တော်တစ်ဥ (အခွံခွာရေဆေးပြီး အတုံးလေးများတုံးထားပါ)
- မုန်လာဥနီ ... အရွယ်တော်တစ်ဥ (အခွံခွာရေဆေးပြီး အတုံးလေးများတုံးထားပါ)
- ဟင်းနုနွယ်ရွက် ... ပန်းကန်လုံးတစ်ဝက် (ရေစင်အောင်ဆေးထားပါ)
- စားသုံးသည့်သံလွင်ဆီ ... လက်ဖက်စားဇွန်းတစ်ဇွန်း
- ကြက်သွန်နီ ... တစ်ခြမ်း (အခွံခွာရေဆေးပြီး ပါးပါးလှီးထားပါ)

ပြင်ဆင်ချက်ပြုတ်နည်း ...
- အိုးသန့်သန့်လေးထဲသို့ သံလွင်ဆီထည့်အပူပေးပြီး ကြက်သွန်နီဆီသတ်ပါ။
- အိုးထဲသို့ အားဖြည့်ဆန်၊ ကြက်သား၊ ကန်စွန်းဥ၊ မုန်လာဥနီများထည့်ပြီး မေွှပေးပါ။
- ရေပန်းကန်လုံးနှစ်လုံးထည့်ပြီး အဖုံးပိတ်ပြီး တည်ထားပါ။
- ရေဆူလာပါက ဟင်းနုနွယ်ရွက်ထည့်ပြီးမေွှပါ။
- ပြီးလှျင် ရေအနည်းငယ်ထပ်ထည့်ပြီးအဖုံးပိတ်ပြီးပြန်တည်ထားပါ။
- အရည်ပျစ်ပြီး ပါ၀င်ပစ္စည်းများ နူးအိသွားပါက မီးဖိုပေါ်မှချပြီး သားသားမီးမီးတို့အတွက် ပြင်ဆင်ပေးနိုင်ပါပြီ။
(အပေါ့အငန်အရသာကို လိုသလိုထည့်နိုင်ပါသည်)

မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.