မေမေတို့ရေ အခုအချိန်က ရာသီဥတုအေးနေပြီး မိုးလေးတေွလည်းရွာနေတဲ့အချိန်ဆိုတော့ ကလေးငယ်လေးတေွ ဖျားနာပြီးနာမကျန်းဖြစ်တတ်တဲ့အချိန်လေးပါနော်။ ဒီလိုနာမကျန်းချိန်လေးမှာ သားသားမီးမီးလေးတေွအတွက် ဂရုစိုက်ပေးဖို့ကို ဘယ်လိုပုံစံမျိုးလေးတေွလိုအပ်မယ်ဆိုတာကို ကျားလေးက မှျဝေပေးချင်ပါတယ်။ မေမေတို့ရေ ကလေးငယ်တေွနာမကျန်းဖြစ်ချိန်မှာ သာမန်အချိန်ထက် အာဟာရတေွ ပိုမိုလိုအပ်ပါတယ်။ အချို့တေွက နာမကျန်းဖြစ်ချိန်မှာ ကလေးတေွကို အစားရေှာင်ခိုင်းတာမျိုးဖြစ်တတ်ပါတယ်။ အဲ့ဒီလိုအခြေအနေမျိုးကိုတော့ရေှာင်သင့်ပါတယ်နော်။
မေမေတို့ရေ ဒီလိုအချိန်မျိုးမှာ ဖျားနာတာ၊ ၀မ်းပျက်ဝမ်းလေှျာတာတေွအဖြစ်များပါတယ်။ မဖြစ်အောင်တော့မေမေတို့ကဂရုစိုက်ပေးဖို့လိုပါတယ်။ အကြောင်းတိုက်ဆိုင်ပြီး ရောဂါဖြစ်ပွားခဲ့မယ်ဆိုရင်တော့ ကျန်းမာချိန်ကထက် ကယ်လိုရီနဲ့ အာဟာရဓာတ်တေွကို ပိုမိုရှိစေဖို့ မေမေတို့ကပိုပြီးဂရုစိုက်ပေးရပါမယ်။ ဖျားနေတဲ့ကလေးငယ်က ခန္ဓာကိုယ်ထဲကိုဝင်ရောက်လာတဲ့ ရောဂါပိုးတေွကို ခုခံတိုက်ခိုက်တဲ့အခါမျိုးမှာ အာဟာရတေွပိုပြီးလိုအပ်လာပါပြီ။ အဲ့ဒီအချိန်မှာတော့ သာမန်ကလေးတေွထက်ပိုမိုပြီး မိခင်နို့ပိုတိုက်ပေးတာ၊ သင့်တော်တဲ့အစားအစာတေွကို အရင်ကထက်ပိုမိုပြီးကျေွးပေးတာမျိုးတေွကို ပြုလုပ်ပေးဖို့ မမေ့ပါနဲ့နော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)