
ကျှန်တော်တို့ ဗုဒ္ဓဘာသာလူမျိုးတေွဟာ ဘုရားပန်းကပ်လှူရာတွင် ကုသိုလ်ရဖို့အတွက် မိမိနေအိမ်ရှိ ဘုရားကျောင်းဆောင်လေး သန့်ရှင်းသက်ရပ်လှပနေစေဖို့အတွက် ဘုရားပန်းတေွ မကြာခဏ ကပ်လှူဒါန်းကြပါတယ်။ ထိုသို့ ကပ်လှူရာတွင် မိမိမေွးနံနဲ့ မတည့်တဲ့ပန်းတေွ ရှိတဲ့အကြောင်းကို လူတိုင်းက မသိကြပါဘူး။ ဒါကြောင့် ဒီတစ်ခါမှာတော့ ကျှန်တော် သိသလောက် တက်သလောက်လေး နည်းနည်းလောက် ပြောပြချင်ပါတယ်။ ဆရာလုပ်သလို ဖြစ်သွားရင်လည်း တောင်းပန်ပါတယ်။ ဒီပညာဟာလည်း ဆရာတစ်ယောက်က ဓာတ်ဆင်ပုံကို ဉာဏ်ဖွင့်ပေးလိုက်မှ ကျှန်တော်မြင်လာတဲ့ ပညာရပ်တစ်ခုပါပဲ။

ကဲ့ ဒါဆို ကျှန်တော် စပြောပါပြီနော်
ဗေဒင်ပညာတွင် ဦးညို /ခေမာ/သုတ / ဝေရီဆိုသော ကမ ္ဘာဓာတ်ရန်ကိုလည်း အားလုံးက သိကြမှာပါ။
ဦးညို
------
ဦး =တနင်္ဂနေွ ၊ ညို = အင်္ဂါ
အင်္ဂါ သာသးမီးက အုန်းပန်းကို မလှူသင့်ပါ။
တနင်္ဂနေွ သားသမီး တစ်ယောက်ဟာ သစ္စာပန်းကို မလှူသင့်ပါ။ ဘာကြောင့် သစ္စာပန်းကို မလှူသင့်တာလည်း မေးစရာဖြစ်လာပြီး သစ္စာပန်းက တကယ်တော့ အင်္ဂါနံပါ။ ဘာကြောင့် သစ္စာက အင်္ဂါနံဖြစ်ရမှာလည်း မေးစရာ ဖြစ်လာပါလိမ့်မယ်။ သေချာမှတ်ကြပါ ခင်ဗျာ။ ပုဂ္ဂလဓာတ်ပညာမှာ သက်ရှိ အရင်း /သက်မဲ့ က အဖျား စာလုံးယူရ ပါလိမ့်မယ်။ လူဆိုရင် မောင်ကောင်းထက် ၊ ကောင်းဆိုသော တနင်္လာနံကို ယူပါတယ်။ အပင်တေွ ပစ္စည်းတေွှကတော့ နောက်ဆုံး စာလုံးကို ယူပါ့မယ်။ သစ္စာ = စာ ဆိုသောစာလုံးကို ယူပါမယ်။

ဒီလောက်ဆို နားလည်မလား ခင်ဗျာ။ ဒါဆို ကျှန်တော် ဆက်ပြောပါမယ်။
ခေမာ
-------
ခေ=တနင်္လာ ၊ မာ= ကြာသပတေး
ဒါကြောင့် တနင်္လာ သားသမီးတေွဟာ ကြာသပတေးနံ မေမြို့ပန်းကို မလှူသင့်ပါ။ ကြာသပတေး သားသမီးတေွဟာလည်း ကံကော်ပန်းတို့ ကြာပန်းတို့ကို မလှူသင့်ပါ။ ကျန်တဲ့ သားသမီးများ မိမိ ရဲ့မေွးနံနဲ့ မိမိလှူဒါန်းမယ့် ပန်းနံမည်များကို ဆက်လက်တွက်ကြည့်ကြပါကုန်။

နောက်တစ်ခုက ပန်းကိုလှူမယ်ဆိုရင်လည်း တစ်မျိုးထဲသာ ကပ်လှူကြပါ။ ၂မျိုး တွဲပြီးတော့ လှူမယ်ဆိုရင်လည်း တွက်ကြည့်ကြပါအုန်း။ လှူမယ့် ပန်း၂မျိုးဟာ ရန်ကြမကြ ။ မိတ်ဖက်ပန်းများသာ လှူဒါန်း ကြပါဗျာ။ တွဲ၍ မလှူကောင်းတဲ့ ပန်း ၂မျိုး။
ဥပမာ - ဒေါနပန်း နဲ့ မေမြို့ပန်း ၊ စနေနံနဲ့ ကြာသပတေးနံပါ ခင်ဗျာ။ တစ်ခြားပန်းတေွလည်း တွက်ကြည့်ကြပါ။

အဲလို ရန်ပန်းတေွလှူဒါန်းရင်လည်း ဘာဖြစ်မှာလည်း ကောင်းမှုကုသိုလ် လုပ်တာပဲ။ မယုံကြည်ရင် စမ်းကြည့်လို်က်ပါလို့ပဲ ပြောချင်ပါတယ်။ မိသားစုခြင်း အဆင်မပြေဖြစ်ခြင်း ၊ အလုပ်အကိုင်တေွ အဆင်မပြေဖြစ်ခြင်း ၊ ပြဿနာတေွ ဖြစ်နေခြင်းများ ကြုံတေွ့လာပါလိမ့်မယ်။ စမ်းကြည့်ချင်ရင် စမ်းကြည့်ပါ။ အားလုံးပဲ အရာရာ အဆင်ပြေချောမေွ့ကြပါစေ။
#Ref(အင်တာနက် - မကပ်လှူသင့်တဲ့ ဘုရားပန်းများ ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)