
သင်ဟာသင့်ရင်သေွးငယ်လေးကို အောင်အောင်မြင်မြင် မီးဖွားပြီးချိန်မှာ ခံစားချက်တေွ ရောထေွးနေပါလိမ့်မယ်။ ပထမဆုံး သားသမီးရရှိတဲ့အတွက် ဝမ်းမြောက်ဝမ်းသာတဲ့ခံစားမှု ၊ ရင်သေွးငယ်လေးအပေါ်ထားရှိတဲ့ မေတ္တာစိတ်ကြောင့် တစ်စုံတစ်ခုဖြစ်မှာ စိုးရိမ်ပူပန်မှု စတဲ့ စိတ်ခံစားချက်တေွကြောင့် တစ်ချို့သော အရာတေွကို သတိမထားမိလိုက်တာမျိုး ဖြစ်နိုင်ပါတယ်။

မေွးကင်းစကလေးငယ်တေွကို အဲယားကွန်း (လေအေးပေးစက်) တပ်ဆင်ထားတဲ့ အခန်းထဲမှာ ထားသင့် ၊ မထားသင့်ဆိုတာလည်း မိခင်တေွ သိချင်နေကြတဲ့ အကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်။ ဟုတ်ပါတယ်။ မေွးကင်းစကလေးငယ်တေွကို အဲယားကွန်းခန်းထဲမှာ ထားလို့ရပေမယ့် တစ်ချို့သော အချက်လေးတေွကိုတော့ သတိကြီးကြီးထားရပါမယ်။

ပထမဦးဆုံး သင့်ရဲ့ဆရာဝန်ကို ရင်သေွးငယ်လက်ခံနိုင်မယ့် စံပြအပူချိန်ဘယ်လောက်လဲဆိုတာ မေးထားပါ။ ဒါကို သိပြီးမှ အပြင်ရာသီဥတုကပေးတဲ့ အပူချိန်အစစ်အမှန်နဲ့ အခန်းတွင်းအပူချိန် ဘယ်လောက်ခြားနားသင့်သလဲဆိုတာ စဉ်းစားဆုံးဖြတ်ရပါမယ်။ များသောအားဖြင့်တော့ ၂၃ နဲ့ ၂၆ ဒီဂရီကြား အပူချိန်က အသင့်တော်ဆုံးပါပဲ။

သင်အိုက်နေလို့ အအေးအနည်းငယ်ထပ်တင်မယ် ၊ အေးလာလို့ နည်းနည်းလျော့မယ် ၊ အဲ့ဒါမျိုး လုပ်လို့မရပါဘူး။ မေွးကင်းစ ကလေးငယ်ရဲ့ ခန္ဓာကိုယ်ဟာ အရမ်းကို နုနယ်လွန်းသေးတာကြောင့် ပူလွန်း ၊ အေးလွန်းတဲ့ဒဏ်တေွကို ခံနိုင်မှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့် အဲယားကွန်းအပူချိန်ကို မကြာခဏ အပြောင်းအလဲ မပြုလုပ်သင့်ပါဘူး။

အဲယားကွန်းဖွင့်ထားချိန်မှာ သင့်ကလေးကို ခြုံပေးဖို့ သန့်ရှင်းတဲ့စောင်ကို အသုံးပြုရပါမယ်။ ကလေးငယ်ရဲ့ ဦးခေါင်း ၊ နားရွက် စတဲ့နေရာတေွကို လုံခြုံအောင် ဖုံးအုပ်ထားပေးရပါမယ်။ မျက်နှာတစ်ခုလုံးကိုတော့ အုပ်စရာမလိုပါဘူး။ ရင်သေွးငယ်လေးရဲ့ ခန္ဓာကိုယ်ကိုလည်း အဲယားကွန်းက လေ လာတဲ့လမ်းကြောင်းတည့်တည့်မှာ မထားသင့်ပါဘူး။ နောက်ဆုံး အဲယားကွန်းရေွးချယ်ရာမှာလည်း ဖော်ပြထားတဲ့ အပူချိန်အတိုင်း မှန်မှန်ကန်ကန် ထုတ်လွှတ်ပေးနိုင်တဲ့ အဲယားကွန်းအမျိုးအစားကို ရေွးချယ်ဝယ်ယူ တပ်ဆင်သင့်ပါတယ်။
HYA (kyarlay)