အုန်းရေကတော့ ကိုယ်ခန္ဓာက ဆုံးရှုံးသွားတဲ့အရည်များကို ပြန်လည်ဖြည့်တင်းရန်အထူးကောင်းမွန်တဲ့ ဓာတ်ဆားဖြည့် အရည်တစ်မျိုးဖြစ်ပါတယ်။ ကိုယ်ဝန်သက်နုစဉ်မှာ အုန်းရည်သောက်ခြင်းက ဗိုက်ကြီးနာစွဲခြင်းကြောင့် ဖြစ်သော ရေဓာတ်ဆုံးရှုံးခြင်းကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
အုန်းရည်ကို အချိန်တိုင်းသောက်နိုင်ပြီး မနက်ခင်းချိန်မှာသောက်ရင်တော့ ပိုကောင်းပါတယ်။ အုန်းရည်မှာ ပါဝင်တဲ့ဗီတာမင် နဲ့ သတ္တုဓာတ်များကတော့ အစားမစားရသေးခင်မှာ ပိုမိုစုပ်ယူမှုအားကောင်းပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် ဟော်မုန်းဓာတ်ပြောင်းလဲခြင်းကြောင့် ရင်ပူခြင်း၊ အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်း တို့ဖြစ်တတ်ပြီး အုန်းရည်မှာ အမှျင်ဓာတ်များကြွယ်ဝစွာပါဝင်သောကြောင့် အစာချေဖျက်ခြင်းကိုလည်းကောင်းမွန်စေသလို ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။
အုန်းရည်မှာ ပါဝင်တဲ့ ကြွယ်ဝသော ဗီတာမင်နဲ့ သတ္တုဓာတ်များစွာကြောင့် ကိုုယ်ဝန်ဆောင်ရဲ့ ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးနိုင်သလို ရောဂါ ပိုးမွှားများကိုကာကွယ်ရန် ဗိုင်းရပ်တုံ့ပြန်သောဓာတ်များလည်း ပါဝင်ပါတယ်။အုန်းရည်သောက်သုံးခြင်းမှာ သတ္တုဓာတ်များစွာပါဝင်သောကြောင့်သေွးအားကောင်းစေတဲ့အတွက် နှလုံးကျန်းမာရေးကိုလည်းကောင်းမွန်စေပါသေးတယ်။
အုန်းရည်ဟာ အဆီပါဝင်မှုလည်း မရှိတဲ့အတွက် ကိုယ်ဝန်ဆောင်နေစဉ် အဆီပိုများတက်ခြင်းကိုလည်း ကာကွယ်ပေးပါသေးတယ်။ ဆေးသကြားပါဝင်သော အချိုရည်များကဲ့သို့ မဟုတ်ဘဲ ကိုယ်ဝန်သည်ရော သန္ဓေသားရော ကျန်းမာပြီး သုံးဆောင်ရန်သင့်လျော်ပါတယ်။
သေွးအားကောင်းမွန်ခြင်းကြောင့် သန္ဓေသား ဖွံ့ဖြိုးမှုအတွက်လည်း ကောင်းမွန်ပြီး ကိုယ်ဝန်ဆောင်မိခင်ကိုလည်း ကျန်းမားရေးနဲ့ ညီညွတ်ပြီး လှပနေစေရန်အကူအညီပေးတဲ့အတွက် အုန်းရေကိုသောက်သုံးရန် အကြံပြုလိုက်ပါတယ်နော်။
#MiGi