
ကိုးလလွယ် ၊ ဆယ်လဖွားလို့ မေွးဖွားလာတဲ့ မေွးကင်းစကလေးအရွယ်ကနေစပြီး ၆လ ၊ တစ်နှစ်ကလေးတေွဟာ အသက်အရွယ်အလိုက် သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန် ၊ ကိုယ်ခန္ဓာဖွ့ံဖြိုးမှု ၊ အရပ်အတိုင်းအတာနဲ့ အသိဉာဏ်ဖွ့ံဖြိုးမှု ရှိရပါမယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှု ၊ ကာကွယ်ဆေးထိုးခြင်းနဲ့ အနာရောဂါကင်းစင်မှုရှိမှသာ ကျန်းမာရေးအခြေအနေကောင်းမွန်ပါမယ်။
(၁)ကိုယ်အလေးချိန်

ကလေးများအတွက် ကိုယ်အလေးချိန်ဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ အသက်အလိုက် သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်မှာ ရှိနေရပါမယ်။ ကလေးများ အာဟာရလျော့နည်းခြင်း ရှိမရှိကို ကိုယ်အလေးချိန်တိုင်းကြည့်ပြီး သိနိုင်ပါတယ်။ မိခင်တိုင်းဟာ မိမိရင်သေွးငယ်လေးများကို ခန္ဓာကိုယ်ကြီးထွားဖွ့ံဖြိုးမှုအတွက် အာဟာရပြည့်ဝတဲ့မိခင်နို့နဲ့ အခြားဖြည့်စွက်စာတေွကို ကျေွးရပါမယ်။ ကျန်းမာရေးဝန်ထမ်းများနဲ့ မကြာခဏတေွ့ဆုံပြီး ကလေးငယ်များ ကိုယ်အလေးချိန်တိုးတက်စေဖို့ အကြံဉာဏ်ကောင်းများ ယူရပါမယ်။ ကိုယ်အလေးချိန်ကဒ်ပြားမှာ ကလေးများအသက်အရွယ်အတွက် ရှိရမယ့်အကွက် အစိမ်းရောင် ထိပ်ဆုံးလိုင်းမှာ ရှိရပါမယ်။ အဝါရောင်မှာ ရှိနေရင်ကိုယ်အလေးချိန် လျော့နည်းပြီး အနီရောင်ဆို ကိုယ်အလေးချိန် အရမ်းနည်းနေပါတယ်။ အစိမ်းရောင်ထိပ်ဆုံးလိုင်းထက်ကျော်နေပါက အဝလွန်ကဲခြင်းကြောင့် ကလေးငယ်ရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။
(၂)ကိုယ်ခန္ဓာဖွံ့ဖြိုးမှု

ကလေးတစ်ဦးမှာ အသက်အလိုက်ရှိသင့်တဲ့ Physical Milestone အတိုင်း ရှိရပါမယ်။ (၃)လပြည့်ရင် ဇက်ခိုင်ရပါမယ်။ (၅)လပြည့်ရင် မေှာက်တတ်ရပါမယ်။ (၈)လပြည့်ရင် ထိုင်နိုင်ရပါမယ်။ (၁၀)လပြည့်ရင် လေးဘက်သွားတတ်ရပါမယ်။ (၁၂)လပြည့်ရင် မတ်တပ်စမ်းရပါမယ်။ (၁၃)လကျော်ရင် လမ်းလေှျာက်တတ်ရပါမယ်။ အသက်အလိုက်ရှိသင့်ရှိထိုက်တဲ့ ကိုယ်ခန္ဓာဖွ့ံဖြိုးမှုရှိရင် ကျန်းမာရေးအခြေအနေကောင်းမွန်ပါတယ်။
(၃)အရပ်အတိုင်းအတာ

ကလေးငယ်များမှာ အသက်အရွယ်အလိုက် သတ်မှတ်ထားတဲ့ အရပ်အရှည် အတိုင်းအတာ ရှိရပါမယ်။ ကိုယ်ခန္ဓာဖွ့ံဖြိုးပြီး အရပ်ပိုရှည်ပါက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ကလေး ဖြစ်နိုင်ပါတယ်။
(၄)အသိဉာဏ်ဖွံ့ဖြိုးမှု

ကျန်းမာတဲ့ကလေးဟာ ရွှင်လန်းသွက်လက်နေပြီး အသက်အလိုက်ဉာဏ်ရည်ဖွ့ံဖြိုးမှု (Mental Milestone) ရှိရပါမယ်။ (၂)လမှာ ပြုံးရယ်တတ်ရပါမယ်။ (၃)လကျော်ရင် စူးစူးဝါးဝါး အော်တတ်ရပါမယ်။ (၇)လမှာ ချိုမိုင်မိုင် ၊ တာ့တာ စတဲ့အရာတေွကို သင်လို့ရနေရပါမယ်။ (၁)နှစ်ကျော်ရင် စကားစပြောရပါမယ်။ (၁)နှစ်ခွဲကျော်တာနဲ့ " ဖေဖေ ၊ မေမေ " ကစလို့ စကားပြောနိုင်နေရမှာ ဖြစ်ပါတယ်။
HYA (kyarlay)