မေမေတို့ရေ ဒီကနေ့မှာတော့ သားသားမီးမီးလေးတေွကို ပုံပြင်လေးပြောပြဖို့အတွက် "မအိပ်ချင်တဲ့ ဆင်ပေါက်ကလေး" ပုံပြင်လေးကို ပြောပြလိုက်ရအောင်နော်။ ဆင်ကလေးက မအိပ်ဘဲနဲ့ဂျီကျနေတာကို ဆင်မေမေကြီးက ဘယ်လိုသိပ်ခဲ့လဲဆိုတဲ့ပုံပြင်လေးကို သားသားမီးမီးလေးတေွအတွက် အိပ်ယာဝင်ပုံပြင်လေးပြောပြနိုင်ဖို့ ကျားလေးရဲ့မေမေတေွဆီကို မှျဝေပေးချင်ပါတယ်။
"မအိပ်ချင်တဲ့ ဆင်ပေါက်လေး"
တစ်ရက်မှာတော့ လသာသာရဲ့အောက် ဆင်ပေါက်ကလေးတစ်ကောင်နဲ့ ဆင်မကြီးတစ်ကောင် စကားပြောနေကြသတဲ့။
"သမီးမအိပ်ချင်သေးဘူးမေမေရယ် " ဆင်ပေါက်ကလေးက ပြောလိုက်ပါတယ်။ ဆက်ပြီးတော့လည်း
" သမီးမနက်ဖြန်ကို အမြန်ရောက်ချင်ပြီ မေမေရယ်" တဲ့။
ဆင်ပေါက်ကလေးရဲ့စကားကို ကြားတဲ့ ဆင်မေမေက
"သမီးလေးရယ် မနက်ဖြန်ကမကြာခင်မှာ ရောက်လာတော့မှာပါ။ သမီးလေးရဲ့မျက်လုံးလေးကိုမှိတ်လိုက် မျက်လုံးပြန်ဖွင့်တဲ့အခါ မနက်ဖြန်ရောက်လာပါလိမ့်မယ်" လို့ ပြန်ပြောလိုက်ပါတယ်။
ဒါပေမယ့်လည်း ဆင်ပေါက်ကလေးက
"သမီးမျက်လုံးတေွကို မမှိတ်ချင်ဘူး မေမေရယ်" ဆက်ပြီးတော့ သူမရဲ့နားရွက်ကလေးကို လှုပ်ရင်း
"သမီး ရေကန်ကြီးထဲမှာ ရေဆော့ချင်တာ" လို့ပြန်ပြောလိုက်ပါသတဲ့။
အဲ့ဒီအချိန်မှာ ဆင်မေမေကြီးက သူမရဲ့ကိုယ်လုံးကြီးကို အနည်းငယ်ရေွ့လိုက်ရင်း
"ရေကန်ကြီးထဲမှာ ဆော့ရမှာပေါ့ သမီးလေးရယ်။ ဒါပေမယ့် သမီးရဲ့မျက်လုံးလေးတေွကို အရင်ဆုံးမှိတ်ဖို့လိုသေးတယ်" လို့ပြောလိုက်ပါတယ်။ ဆင်မေမေကြီးရဲ့စကားဆုံးတဲ့အခါမှာ ဆင်ပေါက်ကလေးက ဆင်မေမေကြီးကိုကြည့်ပြီး
"ဒါဆို သမီးရဲ့မျက်လုံးတေွမှိတ်ပြီး ပြန်ဖွင့်တဲ့အခါ ရေကန်ကြီးထဲမှာ တကယ်ပဲကစားနိုင်မှာလား" လို့ပြန်မေးလိုက်တာပေါ့။
ဒီအချိန်မှာတော့ ဆင်မေမေကြီးက ပြုံးရွှင်တဲ့မျက်နှာနဲ့
" ဟုတ်တာပေါ့ သမီးလေးရဲ့" လို့ပြန်ဖြေလိုက်တယ်ဆိုရင်ပဲ ဆင်ပေါက်ကလေးက သူမရဲ့မျက်လုံးတေွကို မှိတ်ထားလိုက်ပါတော့မယ်။
ဒီတော့မှ ဆင်မေမေကြီးလည်း
"သမီးလေး မျက်လုံးပြန်ဖွင့်လာတဲ့အချိန်မှာ မနက်ဖြန်ရောက်ပြီး ရေကန်ကြီးထဲမှာသွားကစားနိုင်ဖို့ မေမေကတိပေးပါတယ်" လို့ပြောလိုက််ပါတယ်။ ဒါပေမယ့်လည်း အိပ်ပျော်သွားပြီဖြစ်တဲ့ ဆင်ပေါက်ကလေးကတော့ အိပ်ယာနိုးတဲ့အခါ သူမဖြစ်ချင်တာတေွှဖစ်ခွင့်ရတော့မယ်ဆိုတဲ့အတေွးနဲ့ ကြည်ကြည်နူးနူးအိပ်ပျော်နေပါသတဲ့ကွယ်။
(မေမေတို့ရေ သားသားမီးမီးလေးတေွအတွက် အိပ်ယာဝင်ပုံပြင်လေးတေွနဲ့အတူ မိဘစကားနားထောင်တဲ့ သားသားမီးမီးလေးတေွှဖစ်ဖို့ လေ့ကျင့်ပေးလိုက်ရအောင်နော်)
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)