မေမေတို့ရေ သားသားမီးမီးလေးတေွကို ပြောပြပေးနိုင်ဖို့အတွက် ဒေါက်တာမေမွန်ရေးသားတဲ့ မိသားစုသံယောဇဉ်ပုံပြင်များစာအုပ်ထဲက " ဘုရားပေးတဲ့မေမေ " ဆိုတဲ့ ပုံပြင်လေးကို ကျားလေးရဲ့မေမေတို့အတွက် မှျဝေပေးမယ်နော်။
ဘုရားပေးတဲ့ မေမေ ..
သမီးလေးရေ ...
ဘုရားသခင်က ကမ္ဘာကြီးကို ဖန်ဆင်းပုံဖော်နေတဲ့ နေ့ရက်တစ်ရက်မှာ နတ်သမီးတစ်ပါးရောက်လာသတဲ့။ နတ်သမီးရောက်လာတဲ့အချိန်မှာ ဘုရားသခင်ဟာ ပုံသွင်းလက်စ အရုပ်တစ်ရုပ်နဲ့ အလုပ်တေွများနေသတဲ့။
ဒီအရုပ်မှာ လိုအပ်ချက်တေွ များလွန်းလို့ အချိန်အတော်ယူရသတဲ့ကွယ်။ အရုပ်ရဲ့နာမည်ကတော့ မိခင်အရုပ်တဲ့။
ဒီအရုပ်မှာ ရေွ့လျားနိုင်တဲ့ အစိတ်အပိုင်းတေွ တစ်ရာကျော်ပါ၀င်ပါတယ်။ ဆေးကြောသန့်စင်လို့လည်းရတယ်။ ကော်ဖီလေးတစ်ခွက်၊ စားစရာလေးနည်းနည်းလောက်ကို ချေွတာစားပြီး မညည်းမညူအသက်ရှင် ရပ်တည်နိုင်တယ်။
လက်တေွအများကြီးပါသလိုမျိုး အလုပ်တေွအများကြီးကိုတစ်ပြိုင်တည်း လုပ်နိုင်တယ်။ ကလေးသုံးယောက်ကိုလည်း တစ်ပြိုင်တည်းပေွ့ဖက်ချီပိုးထားနိုင်တယ်တဲ့။ သားသမီးတေွအတွက် အရေပြားပွန်းပဲ့ ကွဲပြဲတာမျိုးကနေ ရင်ကွဲနာကျတာမျိုးအထိလည်း သက်သာအောင်ကယ်တင်ပေးနိုင်သတဲ့။
ဒီလိုအပ်ချက်တေွကိုနားထောင်ပြီး နတ်သမီးကသိပ်အံ့သြသွားတာပေါ့ကွယ်။ ပိုပြီး အံ့သြဖို့ကောင်းတာက မိခင်ရုပ်တုမှာ မျက်စိကလည်းသုံးစုံတောင်ပါ၀င်သတဲ့။ မျက်စိတစ်စုံက သားသမီးတေွရဲ့စိတ်ထဲကို ထွင်းဖောက်တိုးဝင်နိုင်တဲ့ ဉာဏ်မျက်စိမျိုးပေါ့။ နောက်တစ်စုံကတော့ ဦးခေါင်းရဲ့ နောက်ဘက်မှာရှိပြီး " ဒါတေွတော့ မေမေသိမှာမဟုတ်ဘူး " ဆိုတဲ့ မမြင်ကွယ်ရာက ကိစ္စတေွကိုပါ လှမ်းမြင်နေနိုင်တဲ့ အမြင်မျိုးကို ပိုင်ဆိုင်ပါသတဲ့။ နောက်ဆုံးမျက်စိတစ်စုံကတော့ သားသမီးတေွ အမှားတစ်ခုခုလုပ်မိရင်တောင် စကားတစ်ခွန်းမပြောဘဲ နားလည်မှုတေွ၊ ကြင်နာမှုတေွ၊ ခွင့်လွှတ်မှုတေွကို တစ်ပြိုင်တည်းဖော်ပြပေးနိုင်တဲ့ မျက်စိမျိုးတဲ့ကွယ်။
နတ်သမီးလည်း မိခင်ရုပ််တုကို တဖြည်းဖြည်းပိုပိုစိတ်ဝင်စားလာပြီး အနီးကပ်ကိုင်တွယ်ကြည့်သတဲ့။ ဒီအရုပ်မှာ အရည်အချင်းတေွများပေမယ့် နတ်သမီးရဲ့စိတ်ထဲမှာတော့ ကိုင်ရတာအရမ်းပျော့ပျောင်းနူးညံ့လွန်းနေတယ်။
ဒါပေမယ့်လည်း ဒီအရုပ်ထဲမှာ ဘုရားသခင်ထည့်ပေးထားတဲ့ အစွမ်းသတ္တိိတေွက အပေါ်ယံအရေပြားနဲ့ဘာမှမဆိုင်လောက်အောင် အကြမ်းခံနိုင်တယ်တဲ့ကွယ်။ မကျန်းမမာဖြစ်လာရင်လည်း တော်ရုံဝေဒနာကို မမှုဘဲ အပြုံးမပျက်ရင်ဆိုင်နိုင်ပါသတဲ့။ တစ်အိမ်လုံးရဲ့ကိစ္စကြီးငယ်မှန်သမှျကို အသေးစိတ်ဖြေရှင်းပေးနိုင်တဲ့အပြင် လိုအပ်ရင် တစ်မိသားစုလုံးကို ရှာဖေွကျေွးမေွးနိုင်တဲ့စွမး်ရည်မျိုးလည်း ပါသေးသတဲ့။ နတ်သမီးဟာ အရုပ်ကိုပွတ်သပ်နေရင်း ပါးပြင်မှာ အရည်တေွစမ်းမိသွားသတဲ့။
"ဟာ အရုပ်ထဲက အရည်တေွ အက်ကွဲစိမ့်ထွက်နေပြီ" လို့ နတ်သမီးက အလန့်တကြားအော်လိုက်တယ်။ ဘုရားသခင်က ရယ်မောလိုက်ပြီး " မျက်ရည်တေွပါ နတ်သမီးရယ်။ မိခင်တစ်ယောက်ရဲ့ ပျော်ရွှင်မှု၊ ၀မ်းနည်းမှု၊ စိတ်ပျက်အားငယ်မှု၊ အထီးကျန်မှု၊ နာကျင်မှု၊ မကျေနပ်မှုတေွ၊ မိခင်ရဲ့မာနတေွ အဲ့ဒါတေွအားလုံးကို ကိုယ်စားပြုပေးနိုင်တဲ့ မျက်ရည်တေွပါ" လို့ ဘုရားသခင်က ရှင်းပြတယ်။ နတ်သမီးလည်း ဘုရားသခင်ရဲ့ အံ့မခန်းဖန်တီးနိုင်စွမ်းကို လေးစားသွားပြီး ထပ်ကာတလဲလဲ ချီးကျူးပါတော့တယ်။ ဘုရားသခင်က မိခင်ရုပ်တုဖန်ဆင်းတာထောင့်စေ့သေသပ်လွန်းပြီး မျက်ရည်ကိုပါထည့်ဖန်ဆင်းပေးလိုက်တယ်လို့ နတ်သမီးက ထင်သွားတာကိုး။
ဘုရားသခင်ကလည်း အားရပါးရရယ်ချလိုက်ပြီး "ဒီတစ်ခါလည်း နတ်သမီးမှားသွားပြန်ပြီ။ ဘုရားက မိခင်တေွကိုပဲဖန်ဆင်းတာပါ။ မျက်ရည်ကိုတော့ မိန်းမတေွက သူတို့ကိုယ်တိုင်ဖန်ဆင်းလိုက်တာပါ" လို့ ပြန်ဖြေသတဲ့ကွယ်။
သမီးလေးရေ ...
ဘုရားသခင်ပြောပြတဲ့ မိခင်တေွအကြောင်း ပုံပြင်လေးကတော့ ဒီလောက်ပါပဲကွယ်။
(မေမေတို့အတွက် ပြန်လည်မှျဝေပေးခြင်းဖြစ်ပါတယ်နော်။ သားသားမီးမီးလေးတေွအတွက် အခြားပုံပြင်လေးတေွှပန်ပြီးပြောပြချင်တယ်ဆိုရင်တော့ ဒေါက်တာမေမွန်ရေးသား မိသားစုသံယောဇဉ်ပုံပြင်များစာအုပ်လေးကို ကျားလေးမှာ ၀ယ်ယူနိုင်ပါတယ်နော်။)
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)