မေမေတို့ရေ သားသားမီးမီးလေးတွေကို အာဟာရပြည့်ဝစေဖို့အတွက် ဖြည့်စွက်စာတွေ ပြင်ဆင်ပေးတဲ့အခါမှာ အသီးအနှံလေးတွေကိုလည်း ကျွေးမွေးသင့်ပါတယ်နော်။ အသီးအနှံတွေထဲမှာမှ ကီဝီသီးမှာတော့ ဗီတာမင်အေ၊ ဗီတာမင်စီ၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်တွေကြွယ်ဝတာကြောင့် သားသားမီးမီးတွေအတွက် ကျွေးမွေးသင့်တဲ့အသီးအနှံတွေထဲပါ၀င်နေပါတယ်။ အဲ့ဒီအတွက် ကီဝီသီးလေးကို ဘယ်အချိန်မှာစတင်ကျွေးသင့်တယ်။ ဘယ်လိုကျွေးရမယ်ဆိုတာလေးတွေကို ကျားလေးရဲ့မေမေတွေအတွက် မျှဝေပေးချင်ပါတယ်နော်။
မေမေတို့ရေ ကီဝီသီးကို သားသားမီးမီးလေးတွေကို ကျွေးမယ်ဆိုရင်တော့ ၁၀ လ တစ်နှစ်လောက်မှသာစတင်ကျွေးသင့်ပါတယ်တဲ့။ အချို့မိခင်တွေကတော့ အသက် ၈ လလောက်မှာ ကျွေးတတ်ကြပါတယ်။ အန္တရာယ်မရှိနိုင်ဘူးဆိုပေမယ့် ကီဝီသီးရဲ့အစေ့လေးတွေကို လုံးဝမပါဝင်စေဖို့အတွက်တော့ မေမေတို့က ဂရုစိုက်ပေးရပါမယ်နော်။
ကီဝီသီးအတွင်းမှာပါ၀င်တဲ့အာဟာရဓာတ်တွေကို အစုံအလင်လေ့လာကြည့်မယ်ဆိုရင်တော့ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်ဘီဝမ်း၊ ဗီတာမင်ဘီတူး၊ ဖောလစ်အပါအဝင် အခြားဗီတာမင်တွေလည်း အနည်းငယ်စီပါ၀င်ပါတယ်တဲ့။ အခြားဓာတ်တွေဆိုရင်တော့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ ဆိုဒီယမ်၊ သံဓာတ်တွေအပြင် သတ္တုဓာတ်နဲ့ ဇင့်ဓာတ်တို့လည်း အနည်းငယ်စီပါဝင်နေပါသေးတယ်နော်။ အဲ့ဒါကြောင့်လည်း မေမေတို့က သားသားမီးမီးလေးတွေအတွက် အသီးအနှံတွေရွေးချယ်မယ်ဆိုရင် ကီဝီသီးလေးလေးကို မမေ့ပါနဲ့နော်။
မိခင်နှင့်ရင်သွေးငယ်တိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး