မေမေတို့ရေ သားသားမီးမီးလေးတေွကို ဖြည့်စွက်စာကျေွးတဲ့အခါမှာ ဒီအတိုင်းကျေွးတာထက် ဘယ်လိုအစားအစာတေွက ဘာအတွက် အထောက်အပံ့ဖြစ်တယ်ဆိုတာကို သိထားရင်ပိုမကောင်းဘူးလားနော်။ အခုဖော်ပြပေးမယ့် အစားအစာလေးတေွကတော့ သားသားမီးမီးလေးတေွ အရပ်ရှည်ဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ဖြစ်စေပါတယ်တဲ့။
မေမေတို့ရေ သားသားမီးမီးလေးတေွရဲ့ အရပ်ရှည််ကြီးထွားဖွံ့ဖြိုးမှုအတွက်ဆိုရင်တော့ ကယ်လ်ဆီယံ၊ ပရိုတင်း၊ ဗီတာမင်၊ အမှျင်ဓာတ်တေွှကွယ်ဝတဲ့ နွားနို့၊ ကြက်ဥ၊ ဟင်းနုနွယ်ရွက်၊ ပဲပိစပ်၊ ကြက်သား၊ ငါး၊ ငှက်ပျောသီး၊ အစိမ်းရောင်အရွက်များ၊ အစေ့အဆံများ၊ မုန်လာဥနီ၊ မုန်လာဥဖြူ စတဲ့အစားအစာတေွက အကောင်းဆုံးပါပဲတဲ့။
ကဲမေမေတို့ရေ သားသားမီးမီးလေးတေွကို နေ့စဉ်ကျေွးမေွးနေတဲ့ဖြည့်စွက်စာထဲမှာ ဒီအစားအစာလေးတေွကို တစ်မျိုးမဟုတ်တစ်မျိုးနေ့စဉ်ပါ၀င်အောင် စီမံပေးလိုက်ရအောင်နော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)