စျေး မီဒီယာ
အခြား

ဘေဘီတို့အတွက် မနက်ခင်းစာကြာဇံကြော် ..

Posted by Harry June 18, 2018
O9pmgcif0chmbswynsba

မေမေတို့ရေ သားသားမီးမီးလေးတေွ မနက်ခင်းမှာအရသာတေွ့စေမယ့် ကြာဇံကြော်လေးကို ပြင်ဆင်ပေးရအောင်နော်။ မေမေတို့ရေ သားသားမီးမီးလေးတေွအတွက်ကတော့ လူကြီးတေွလိုမဟုတ်ဘဲ ပျော့ပျော့လေးကြော်ကျေွးဖို့လိုပါတယ်နော်။

ပါ၀င်ပစ္စည်းများ ...
- ဆန်ကြာဇံ ... ၁၀ သား (ရေစိမ်ပြီး အပိုင်းလေးများဖြတ်ကာ တရုတ်ငံပြာရည်အကြည်အနည်းငယ်ဖြင့်နယ်ပြီး အပူပေးလေှာ်ထားပါ)
- ထောပတ်ခဲ ... ၁ ခဲ
- ပဲစိမ်း ... စားပွဲဇွန်းတစ်ဇွန်း (ရေစင်အောင်ဆေးထားပါ)
- မုန်လာဥနီ ... တစ်ဥ (အခွံခွာရေဆေးပြီး အတုံးသေးသေးလေးများတုံးထားပါ)
- ဘိုစားပဲ ... ၅ တောင့် (ရေစင်အောင်ဆေးအကြောသင်ပြီး အတုံးလေးများလှီးထားပါ)
- နနွင်းမှုန် ... အနည်းငယ်
- အိုင်အိုဒင်းဆား ... အနည်းငယ်
- သီဟိုစေ့ ... ၂၀ စေ့ (လေှာ်ထားပါ)
- ကြက်သွန်နီ ... တစ်ဥ (အခွံခွာရေဆေးပြီး အတုံးသေးလေးများတုံးထားပါ)
- ပဲဝါလေး ... လက်ဖက်စားဇွန်းတစ်ဇွန်း
- ဇီယာစေ့ ... အနည်းငယ်
- ကြက်သွန်ဖြူ ... အနည်းငယ် (ထောင်းထားပါ (သို့) နုတ်နုတ်စင်းထားပါ)

ပြင်ဆင်ချက်ပြုတ်နည်း ..
- အိုးသန့်သန့်လေးကိုအပူပေးပြီး ထောပတ်ခဲထည့်ပါ။ ထောပတ်ပျော်သွားပါက နနွင်းမှုန့်ထည့်ပါ။ ဇီယာစေ့ထည့်မေွှပါ။ ကြက်သွန်ဖြူ၊ ပဲဝါလေးထည့်မေွှပေးပါ။
- သီဟိုစေ့ထည့်မေွှပေးပါ။ ခဏထားပြီး ကြက်သွန်နီ၊ ဘိုစားပဲ၊ မုန်လာဥနီ၊ ပဲစိမ်းများထည့်ပြီးမေွှပေးပါ။
- ပြီးလှျင် ရေပန်းကန်လုံးတစ်လုံးထည့်ပြီးဆားထည့်မေွှပေးပါ။ ကြာဇံထည့်မေွှပြီး အဖုံးအုပ်ထားပါ။
- ရေခမ်းစပြုပါက အဖုံးဖွင့်မေွှပေးပြီးအဖုံးပြန်အုပ်ထားပါ။
- ရေခမ်းပြီးဆီပြန်ဖြင့်အနည်းငယ်ကြာအောင်ဆက်ကြော်ပြီးလှျင် မီးဖိုပေါ်မှချပြီး သားသားမီးမီးတို့အတွက် ပြင်ဆင်ကျေွးမေွးနိုင်ပါပြီ။

မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.