စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

ကလေးမေွးပြီး မေမေတို ့လက်မောင်းအဆီကျစေမယ့် လေ့ကျင့်ခန်းများ~

Posted by Thinzar Win Myint Aung September 12, 2019
Mlbbw8ailkw1pkibknsn


ကလေးမေွးပြီးတဲ့မေမေတေွရဲ ့လက်မောင်းမှာ အဆီလေးတေွရှိနေတတ်ပြီး ၀သယောင်ယောင်လေးဖြစ်နေတတ်ပါတယ်။
မေမေတို ့အတွက် အလှအပရော ၊ ကျန်းမာရေးအတွက်ပါ အထောက်အကူပြုပေးနိုင်တဲ့ လေ့ကျင့်ခန်းကတော့ လက်မောင်းအဆီချ လေ့ကျင့်ခန်းလေးပဲဖြစ်ပါတယ်။
လက်မောင်းကအဆီပိုတေွကို လျော့ကျစေတဲ့အပြင် ကျစ်လျစ်သွယ်လျပြီး လှပတဲ့လက်မောင်းလေးတေွကိုပိုင်ဆိုင်ရမှာပါ။

လေ့ကျင့်ခန်း (၁)

Ouhj8v9u7ks87jehbh2e

အလေးချိန် တစ်ပေါင်တုံး ၂တုံး (သို ့) တစ်လီတာဆန် ့ရေသန် ့ဗူး ၂ဗူးလိုအပ်ပါတယ်။
ကြမ်းပြင်ပေါ်မှာ အဝတ်စလေးခင်းလိုက်ပါ။ တင်ပလ္လင်ခေွထိုင်ပြီး လက်၁ဖက်စီမှာ အလေးချိန် ၀ိတ်တုံးလေးတေွကို ကိုင်ပြီး လက်ကို တံတောင်မှကေွးကာ ပုခုံးနဲ ့တန်းတန်း ဘေးဘက်သို ့ထားပါ။ ကေွးရာမှာ ထောင့်မှန်ကျဖို ့လိုအပ်ပါတယ်။
ပြီးရင်တော့ လက်၂ဖက်လုံးကို အရေှ ့မှာ ပြန်ကပ်ထားတဲ့ အနေအထားအတိုင်းထားပေးပါ။
ထို ့နောက် တစ်လှည့်စီ လုပ်ပေးပါ။

လေ့ကျင့်ခန်း (၂)

Nzigntmbnj4agsjamm51

နံပါတ်(၂)ကိုလုပ်မယ်ဆိုရင်လဲ အလေးတုံး (သို ့) တစ်လီတာဆန် ့တဲ့ရေဗူးလိုပါတယ်။
ပထမဆုံးဒူးထောက်ထိုင်ပြီး လက်၁ဖက်စီမှာ အလေးတုံးတေွ တစ်ခုစီကိုင်ဆောင်ထားပါ။
လက်ကိုတံတောင်ဆစ်မှ ကေွးလိုက်ပြီး ပုခုံးအတွင်းဘက်သို ့ထားပါ။
(၁)ကနေ (၅)အထိ ရေတွက်ပြီးရင်တော့ လက်ကိုအရေှ ့ဘက်တန်းတန်းဆန် ့ထုတ်ပါ။
ထို ့နောက် အတွင်းဘက်သို ့ယူသွင်းလိုက် ၊ဆန် ့ထုတ်လိုက် တစ်လှည့်စီ ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း (၃)

Mrxjbjc7ekjue524jvjo

မေမေတို ့လက်လေ့ကျင့်ခန်းတေွှပုလုပ်တဲ့အကူပစ္စည်းလေးတေွ သုံးဖို ့မမေ့ပါနဲ ့နော်။
လက်မောင်းကြွက်သားတေွလှပစေဖို ့အကူပစ္စည်းတေွက အထောက်အကူပြုတာကြောင့်ပါ။
တင်ပလ္လင်ခေွထိုင်ပြီး လက်တစ်ဖက်စီမမှာအလေးတုံး ကိုကိုင်ဆောင်ပါ။
လက်ကို ပုခုံးတန်းတန်း ဘေးဘက်သို ့ဆန် ့တန်းပေးပါ။
ပြီးရင်တော့ တံတောင်ဆစ်ကနေ ကေွးပေးပါ။
(၁)ကနေ (၅)အထိ ရေတွက်ပြီးတဲ့အခါ လက်ကိုပြန်ဆန် ့ထုတ်ပေးပါ။
ထို ့နောက် တစ်လှည့်စီလုပ်ပေးပါ။

လေ့ကျင့်ခန်း (၄)

Ldiklfxcdiqvmtaam6xr

လက်မောင်းကိုပဲ သီးသန် ့လေ့ကျင့်တာဖြစ်တဲ့အတွက် မေမေတို ့ထိုင်ပြီး လုပ်ပေးလို ့ရပါတယ်။
ကြမ်းပြင်မှာ အဝတ်စလေးခင်းပြီးထိုင်ပါ။
လက်တစ်ဖက်စီမှာ အလေးတုံးတေွကိုင်ထားပါ။
ကိုင်တဲ့အခါ လက်သီးဆုပ်သလို ဆုပ်ကိုင်ရမှာဖြစ်ပြီး လက်ကို ပုခုံးတန်းတန်းရေှ ့သို ့ဆန် ့ပါ။
ပြီးရင် လက်ကိုအပေါ်သို ့တန်းတန်းမြေှာက်ပါ။
လက်ကိုပြန်ချပါ။ ရေှ ့ဆန် ့ထုတ် ၊လက်မြေှာက် ၊ လက်ပြန်ချဆိုပြီး အဆင့်၃ဆင့်ကို လုပ်ပေးရမှာဖြစ်ပါတယ်။
ထို ့နောက်တော့ မေမေတို ့နောက်တစ်ကျော့ ပြန်လုပ်ရပါမယ်။

လက်မောင်းလေ့ကျင့်ခန်းကတော့ ရိုးရိုးမေွးထားတဲ့မေမေတေွကော ၊ ခွဲမေွးထားတဲ့မေမေတေွပါ လုပ်လို ့ရပြီး ကလေးမေွးပြီး ၁လလောက်ကတည်းက လုပ်လို ့ရပါပြီနော်....

TZWMA(Kyarlay)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.