
ကလေးငယ်လေးများကို အသက် ၆ လသားအထိမိခင်နို့ရည်တစ်မျိုးတည်းကို တိုက်ကျွေးရုံနဲ့ ကလေးငယ်အတွက် လိုအပ်သောအာဟာရများကိုဖြည့်တင်းပေးနိုင်ရုံသာမက ကလေးငယ်လေးကို ရောဂါများမှ ကာကွယ်ရန်အတွက်လိုအပ်သော ကိုယ်ခံစွမ်းအားကိုပါ မြှင့်တင်ပေးပါတယ်။ ကလေးငယ်လေးဟာ အသက် ၆ လသားကျော်လာရင်တော့ မိခင်နို့ရည်တစ်မျိုးတည်း တိုက်ကျွေးရုံနဲ့ မလုံလောက်တော့ဘဲ ဖြည့်စွတ်စာများ ကျွေးရန်လိုအပ်ပါတယ်။ ဖြည့်စွတ်စာများထဲမှ ကလေးငယ်အတွက် ကောင်းမွန်သော ဒိန်ချဉ်အကြောင်းကို မျှဝေလိုက်ပါတယ်။

ဒိန်ချဉ်ဟာတော့ နိုထွက်အစားအစာတစ်ခုဖြစ်တဲ့အလျောက် ကယ်လစီယမ်ကြွယ်ဝတဲ့အတွက် အရိုးနဲ့သွားကျန်းမာရေးအတွက်ကောင်းမွန်ပြီး မနက်ခင်းမှာ ကျွေးပေးခြင်းဖြင့် ကလေးငယ်တနေ့တာအတွက် လိုအပ်သော စွမ်းရည်ကိုပါဖြည့်ဆည်းပေးနိုင်ပါတယ်။ ဆိုဒီယမ််ကလည်း ကလေးငယ်လေးများကို ကယ်လဆီယမ်ဓာတ်များ ဖြည့်တင်းရန်အကူအညီပေးပါသေးတယ်။

သာမန်နို့များမှာတော့ကလေးငယ်အတွက် ချေဖျက်ရန်ခက်ခဲသော သကြားဓာတ် ပါ၀င်သောကြောင့် ကလေးငယ်လေးများနို့နှင့် ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သော အော့အန်ခြင်း၊ မအီမသာဖြစ်ခြင်း၊များဖြစ်တတ်သော်လည်း ဒိန်ချဉ်ကတော့ နို့သကြားပါ၀င်မှုနည်းပါးသောကြောင့် ကလေးငယ်အတွက် ကောင်းမွန်ပါတယ်။

ဒိန်ချဉ်မှာ အစာချေဖျက်ရန်အတွက်ကောင်းမွန်သော အင်ဇိုင်းများလည်း ကြွယ်ဝစွာပါ၀င်သောကြောင့် ကလေးငယ်အစာချေဖျက်ရန်အတွက်လည်း ကောင်းမွန်လွယ်ကူစေပြီး ကလေးငယ်လေးကို ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။ ဒိန်ချဉ်မှာပါဝင်တဲ့ ကာဗွန်ဟိုက်ဒရိတ်က အဆီပိုများကို လျှော့ချပေးပြီး ကလေးငယ်ရဲ့ အသားအရည်ကို တင်းရင်းလှပစေပါတယ်။

ဒိန်ချဉ်ဟာကလေးငယ်လေးများဦးနှောက်ဖွံ့ဖြိုးမှုအတွက် အကောင်းမွန်ဆုံးအစားအစာ ဖြစ်ပါတယ်။ ဦးနှောက် ဆဲလ်အမှေးပါးလေးများ လှုပ်ရှားမှုကို အကူအညီပေးသလို သတင်းအချက်အလက် ရယူခြင်းကို လည်း ကူညီပေးပါသေးတယ်။ အာရုံကြောများကူးပြောင်းခြင်းနဲ့ ဦးနှောက်ဆဲလ်များ အတွက်လိုအပ်တဲ့ ဗီတာမင် B complex လည်း ကြွယ်ဝစွာပါ၀င်ပါသေးတယ်။
#MiGi