စျေး မီဒီယာ
မမွေးဖွားမှီ

အသင့်စားခေါက်ဆွဲခြောက်ထုပ်များနှင့် ကိုယ်ဝန်ဆောင်ကျန်းမာရေး

Posted by Htoo Yan Aung September 11, 2019
Elfw2fiytlmq16yzgoxe

သင့်မှာကိုယ်ဝန်ရှိနေပြီလို့ သိလိုက်ရတဲ့အချိန်ကစပြီး အသွားအလာ ၊ အနေအထိုင် ၊ အစားအသောက် အစစအရာရာကို အသေးအဖွဲလေးတေွကအစ ဂရုစိုက်ရပါတော့မယ်။ သင်တစ်နေ့တာ စားသုံးလိုက်တဲ့ အစားအစာတေွဟာ သင့်ရဲ့ ဝမ်းဗိုက်အတွင်းမှာရှိတဲ့ သန္ဓေသားထံ ရောက်ရှိသွားမှာဖြစ်တာကြောင့် ဒီ၉လတာကာလအတွင်းမှာတော့ အထူးသတိထားရမှာ ဖြစ်ပါတယ်။

Dhlsh2jevymjqe3agvz8

ယနေ့ခေတ်ဈေးကွက်ထဲမှာ အသင့်စားခေါက်ဆွဲခြောက်ထုပ်တေွကို အလွယ်တကူ ဝယ်ယူရရှိနိုင်နေပါတယ်။ အရသာလည်းရှိပြီး အဖိုးအခလည်းသက်သာတာကြောင့် လူကြိုက်များလှတဲ့ အစားအစာတစ်ခုဖြစ်နေကာ စားသုံးရန် အချိန်သိပ်ပေးစရာမလိုတာကြောင့်လည်း အများစုက ပေါ့ပေါ့ပဲတေွးကာ ဝယ်ယူစားသောက်နေကြပါတယ်။ ဒီထဲမှာ ကိုယ်ဝန်ဆောင်မိခင်တေွလည်း ပါကောင်းပါနိုင်ပါတယ်။

H2znzksofnnqj4hfnnwf

သုတေသနပညာရှင်တေွကတော့ ကိုယ်ဝန်ဆောင်မိခင်တေွဟာ ခေါက်ဆွဲခြောက်ထုပ်တေွနဲ့ အဝေးဆုံးအရပ်မှာသာ နေထိုင်သင့်တယ်လို့ဆိုကြပါတယ်။ ခေါက်ဆွဲဟာ ဂျုံနဲ့ အဓိကပြုလုပ်ပြီး ကစီဓာတ်ပါဝင်မှုကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုပေမယ့်လည်း ခေါက်ဆွဲခြောက်ကို တာရှည်ခံဖို့ ထည့်သွင်းရတဲ့ ဓာတုပစ္စည်းတေွကြောင့် ကျန်းမာရေးကို ထိခိုက်စေမှာ ဖြစ်ပါတယ်။

Dh3hnnpdpqdk3qyzogov

အသင့်စား ခေါက်ဆွဲခြောက်ထုပ်တေွမှာ ကာဗွန်ဟိုက်ဒရိတ်နဲ့ အဆီဓာတ်တေွသာ ပါဝင်တဲ့ သရေစာတစ်မျိုးပါ။ သူ့မှာ ဗီတာမင် ၊ ပရိုတင်း ၊ အမှျင်ဓာတ် ၊ သတ္ထုဓာတ် စတဲ့ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဓာတ်တေွ ပါဝင်ခြင်းမရှိပါဘူး။ အဓိကပါဝင်တာကတော့ ဆိုဒီယမ်ဓာတ်ပါပဲ။ အရွယ်ရောက်ပြီးသားသူတေွမှာတောင် တစ်နေ့ကို ဆိုဒီယမ်ပမာဏ ၁၅၀၀ မီလီဂရမ်သာစားသင့်ပေမယ့် ခေါက်ဆွဲခြောက်တစ်ထုပ်မှာ ဆိုဒီယမ် ၂၇၀၀ မီလီဂရမ်အထိ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တေွအတွက် အရမ်းကို အန္တရာယ်များလွန်းနေတာ ဖြစ်ပါတယ်။

Rfn7n0yfeprahohzgcxv

ဒါ့ကြောင့် သင့်အနေနဲ့ ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်းမှာ ခေါက်ဆွဲပြုတ်အရမ်းစားချင်နေတယ်ဆိုရင်တောင် အသင့်စားခေါက်ဆွဲခြောက်ထုပ်တေွကို ရေှာင်ကြဉ်သင့်ပါတယ်။ အဲ့ဒီ့အစား ခေါက်ဆွဲကို ကိုယ်တိုင်ပြုတ်ကာ သင့်တော်တဲ့အသီးအရွက်များ (ဂေါ်ဖီ ၊ ခရမ်းချဉ်သီး ၊ မုန်ညင်း) ၊ အာလူး ၊ ကြက်ဥ အစရှိသည်တို့ကို ထည့်သွင်းပြီး သန့်ရှင်းလတ်ဆတ်စွာ ပြုလုပ်စားသုံးသင့်ပါတယ်။

HYA (kyarlay)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.