စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

ကလေးငယ်လေးများကို ပန်းသီးစားခြင်းက ဘယ်လိုကောင်းကျိုးတေွပေးမလဲ

Posted by Kyaw Lin Han November 8, 2019
Ot4ygsmxsk0kzozaidc3

ပန်းသီးနေ့စဉ်စားခြင်းက ဆရာဝန်နဲ့ဝေးစေတယ်ဆိုသော သိုးဆောင်း စကားပုံတစ်ခုရှိပါတယ်။ စကားပုံထဲမှအတိုင်းပဲ ပန်းသီးက ကျန်းမာရေးအတွက် ကောင်းကျိုုးများစွာပေးနေတာပါပဲ။ ကလေးငယ်လေးများကို ပန်းသီးစားခြင်း က ဘယ်လိုကောင်းကျိုးတေွပေးနေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

Umyulfhnymhajnsex6d9

ပန်းသီးများကို ဒီအတိုင်းကျေွးခြင်းက ကလေးငယ်အတွက်ချေဖျက်ရန်အတွက် ခက်ခဲပါတယ်။ထို့အတွက် ကလေးငယ်လေးအတွက် ပန်းသီး ပူရီလုပ်ကျေွးခြင်းက အဆင်ပြေမှာပါ။ကလေးငယ်လေးဟာ ဖြည့်စွတ်စာများစစားရမယ့် အရွယ် ၆ လသားကျော်ရန်တော့ လိုအပ်ပါတယ်။ ပန်းသီးမှာ ဗီတာမင် နဲ့ သတ္တုဓာတ်များစွာပါဝင်သလို အရသာနဲ့လည်း ပြည့်စုံသော အစားအစာ ဖြစ်ပါတယ်။

Qmxsua05a1ioixpfy2ax

ပန်းသီးဟာ အန်တီအောက်ဆီးဒန့် ကြွယ်ဝသောကြောင့် ကလေးငယ်အတွက် နှလုံးကျန်းမာရေးကို ကောင်းမွန်စေသလို ဗီတာမင် C လည်းကြွယ်ဝတဲ့အတွက် ကလေးငယ်လေးရဲ့ ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးပသေးတယ်။ အခြား စားစရာများနဲ့ လည်း ပန်းသီးကို တွဲစားနိုင်တဲ့အတွက် အာဟာရ များ ပိုမိုမြှင့်တင်ပေးပါတယ်။

Czggjujpaoypgpeemgx9

ပန်းသီးမှာ ဗီတာမင် A လည်း ကြွယ်ဝစွာပါဝင်တဲ့အတွက် ကလေးငယ်လေးရဲ့ အမြင်အာရုံအတွက် မျက်လုံးရဲ့ ကျန်းမာရေးကို ကောင်းမွန်စေသလိ်ု ကလေးငယ်ရဲ့ အသားအရည်အတွက် လည်း အစက်အပျောက်ထခြင်း၊ နေလောင်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါသေးတယ်။

Scpte6kfkg7tyrivzuwb

ကာဗွန်ဟိုက်ဒရိတ်လည်းပါဝင်တဲ့အတွက် ကလေးငယ်အတွက် အဆီပိုများကို လေှျာ့ချပေးသလို ကလေးငယ်အတွက် ကောင်းမွန်သော ကော်လက်စထရောကိုလည်း မြှင့်တင်ပေးပါသေးတယ်။ ပန်းသီးက ကလေးငယ်ရဲ့ အသည်းရဲ့ လုပ်ဆောင်ချက်များကိုလည်း ကောင်းမွန်စေသဖြင် ့ကလေးငယ်ရဲ့ ကိုယ်ခန္ဓာအတွင်းရှိအဆိပအတောက်များရှင်းထုတ်ရန်အတွက် ကောင်းမွန်စေပါတယ်။ ဒီလိုကောင်းကျိုးများစွာပေးတဲ့ ပန်းသီးကို မေမေတို့က စီစဉ်ပေးရမယ်နော်။

MiGi

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.